By Shwesathtagan, Shweproperty.com
Updated at 12 May 2015
အာဆီယံစီးပွားရေး အသိုက်အဝန်းစတင်ရာ၌ မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံးရုံးခန်းနေရာ လိုအပ်ချက် မြင့်တတ်လာနိုင်ဖွယ်ရှိကြောင်းအိမ်ခြံမြေ လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သုံးသပ်ထားသည်။ ၂၀၁၅ ခုနှစ်အကုန်၌ အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ရေးဇုန်အဖြစ် ဖော်ဆောင်ရာတွင် အာဆီယံနိုင်ငံများမှ ကုန်စည်များ လွတ်လပ်စွာ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု၊ အကောက်ခွန်နှုန်းထားများ ပယ်ဖျက်လျော့ချမှု၊ လုပ်သားစုများနယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့နိုင်မှုများကို လုပ်ဆောင်ရန် သဘောတူညီထားခြင်းကြောင့်ရန်ကုန်မြို့တော်အတွင်း အိမ်ခြံမြေဈေးကွက်၌ စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာလိုအပ်ချက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “အာဆီယံစီးပွားရေး အသိုက်အဝန်းက မြန်မာ့စီးပွားရေးအတွက် သိသာထင်ရှားတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ဖန်တီးပေးမှာပါ။ အိမ်ခြံမြေ ဈေးကွက်အတွက်လည်း ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပေါ်လာမှာပါ။ သို့ပေမယ့် စီးပွားရေး လုပ်ငန်းသုံး ရုံးခန်းနေရာလိုအပ်ချက်မြင့်တက်လာမှာဖြစ်လို့ ကွန်ဒိုမီနီယံဥပဒေကိစ္စရပ်ကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
Ref : Shwesathtagan
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties