By Aksjournal, Shweproperty.com
Updated at 8 May 2019
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့အငှါးအိမ်ရာ စီမံကိန်းများကို Redevelopment Plan အရ ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပိုမိုပြည့်စုံ ကောင်းမွန်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဌာနအနေဖြင့် ဟောင်းနွမ်းနေသော အိမ်ရာများကို ပြန်လည်တည်ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိရာ အင်းစိန်မြို့နယ်မှ အိမ်ရာတစ်ခု ပြန်လည်တည်ဆောက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးခြင်းနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးပွဲကို ဧပြီလ ၂၆ ရက်က ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဌာနအနေနဲ့က အိမ်ရာဟောင်းတွေကို Revelopment ပြန်လုပ်ဖို့ ဆောင်ရွက်နေတာပါ။လက်ရှိမှာတော့ ကြို့ကုန်းအိမ်ရာကို ပြန်လည်တည်ဆောက်ဖို့ ဆာဗေးလုပ်နေတာပါ။ တည်ဆောက်ဖို့ တင်ဒါခေါ်ဖို့ကတော့လိုပါသေးတယ်။ ခုမှ အစပျိုးတုန်းပါ ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ပြည်သူ့အငှါးအိမ်ရာစီမံကိန်းများကို Redevelopment Plan အရ ပြန်လည်တည်ဆောက်ရာတွင် လက်ရှိ၌ လမ်းသစ်အိမ်ရာအား အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိပြီး ထပ်မံတည်ဆောက်မည့် အိမ်ရာများကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Ref & Photo Credit : Aksjournal
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties