By Myanmar Builders Guide, Shweproperty.com
Updated at 30 July 2019
အွန်လိုင်းစနစ်ဖြင့် အဆောက်အအုံခွင့်ပြုချက်လျှောက်ထားမှုကို ၂၀၂၀ နှစ်လယ်ပိုင်းတွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းထံမှသိရသည်။
အဆိုပါ လျှောက်ထားမှုကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ International Financial Corporation (IFC) နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
“ နောက်ပိုင်း အဆောက်အအုံတည်ဆောက်ခွင့်တင်တာကို အွန်လိုင်းစနစ်နဲ့သွားမယ်ဆိုရင် မြန်လာမယ် ၊ လူချင်းတွေ့စရာမလိုပဲ solf copy ကိုမေးလ်နဲ့ ပို့ပြီး လျှောက်ထားလာနိုင်မယ်”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားသည့် အထပ်မြင့်တိုက်များလျှောက်ထားမှုကို အွန်လိုင်းစနစ်ဖြင့် စတင်ကျင့်သုံးနိုင်ရန်ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆောက်အအုံအများအစားအလိုက် Low risk , mid risk, hight risk သတ်မှတ်ထားသည်။ လျှောက်ထားမှုအလိုက် ငါးရက်မှ အချက်အလက်နှင့် စီမံကိန်းပေါ်မူတည်ပြီး ကြာမြင့်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အထပ်မြင့်အဆောက်အအုံတည်ဆောက်မှုကို လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ထပ်မြင့်ဌာန၊ အင်ဂျင်နီယာဌာနစသည့်နေရာများကို တင်ပြမှုများပြုလုပ်ရပြီးပုံမှန်အားဖြင့် ၆ လဝန်းကျင်ကြာမြင့်ကြောင်း အဆောက်အအုံတည်ဆောက်သူများထံမှသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties