By Sint Sint, Shweproperty.com
Updated at 25 October 2020
သင့်အနေနဲ့သင့်ရဲ့နေအိမ်ထဲမှာမွှေးကြိုင်စေဖို့ဖြစ်ဖြစ်ဆေးဖက်ဝင်တယ်ဆိုလို့ပဲဖြစ်ဖြစ်ဘာသာရေးယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်အမြဲလိုလိုအမွှေးတိုင်ထွန်းမိနေတယ်ဆိုရင်တော့ကျန်းမာရေးအတွက်သင့်တော်ရဲ့လားဆိုတာကို ပြန်စဉ်းစားပါ။အမွှေးတိုင်ကြောင့်ခံစားရနိုင်တဲ့ဆိုးကျိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ ဆဲလ်တွေကို အဆိပ်သင့်စေခြင်း
အမွှေးတိုင်ထွန်းတဲ့အခါလေထုညစ်ညမ်းစေတဲ့အရာတွေနဲ့အန္တရာယ်ရှိတဲ့အရာတွေအများကြီးထွက်ပေါ်လာပါတယ်။သည်ဓာတ်တွေကိုနေ့စဉ်ရှူရှိုက်တဲ့အခါဆဲလ်တွေကိုအဆိပ်သင့်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။အဆိုပါအဆိပ်သင့်မှုကဒီအင်န်အေလိုမျိုးမျိုးဗီဇဆိုင်ရာပစ္စည်းတွေကိုပြောင်းလဲစေနိုင်ပါတယ်။ သည် လိုပြောင်းလဲမှုက ကင်ဆာအမျိုးမျိုးကို ခံစားရစေနိုင်ပါတယ်။
၂။ အသက်ရှူလမ်းကြောင်း ထိခိုက်စေ
အမွှေးတိုင်ထွန်းတဲ့အခါထွက်လာတဲ့အငွေ့တွေကြောင့်လူတော်တော်များများချောင်းဆိုးတာတွေ၊နှာချေတာတွေဖြစ်လေ့ရှိပါတယ်။အမွှေးတိုင်အချို့ရဲ့အငွေ့တွေကစီးကရက်ငွေ့ထက်အဆုတ်တွေကိုပိုမိုအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။
၃။ အဆုတ်ကင်ဆာဖြစ်စေနိုင်
အမွှေးတိုင်ကိုထွန်းလိုက်တဲ့အခါကင်ဆာဖြစ်စေနိုင်တဲ့စီနိုဂျန်းနစ်တွေလည်း ထွက်ပေါ်လာ တတ်ပါတယ်။ သည်ညစ်ညမ်းစေတဲ့အရာတွေကအဆုတ်ကို ကသိကအောက်ဖြစ်စေပြီးကျန်းမာရေးထိခိုက်မှုတွေကိုဖြစ်စေပါတယ်။အချိန်ကြာမြင့်စွာညစ်ညမ်းတဲ့အရာတွေနဲ့ထိတွေ့တဲ့အခါအဆုတ်ကင်ဆာဖြစ်နိုင်ခြေ တိုးလာပါတယ်။
၄။ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို တိုးစေနိုင်
အမွှေးတိုင်ထွန်းတာကနေထွက်လာတဲ့လေထုညစ်ညမ်းစေတဲ့အရာတွေက ပန်းနာရင်ကျပ်ဖြစ်စေတဲ့အဓိကအကြောင်းရင်းခံတွေ ဖြစ်ပါတယ်။ အဆိုပါ လေထုညစ်ညမ်းစေတဲ့အရာတွေနဲ့အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါအဆုတ်ဆဲလ်တွေပွလာတာကြောင့်ဖြစ်ပေါ်ခံစားရတဲ့ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။
၅။ အရေပြားနီမြန်းရောင်းရမ်းခြင်း
သင့်မှာလေထုညစ်ညမ်းစေတဲ့ပစ္စည်းတွေနဲ့ဓာတ်မတည့်တဲ့အခံရှိတယ်ဆိုရင်တော့ အမွှေးတိုင်ထွန်းတဲ့အခါထွက်ပေါ်လာတဲ့အငွေ့တွေကအရေပြားကို ထိတွေ့တဲ့အခါအရေပြားမှာနီမြန်းရောင်ရမ်းတာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
(၆)မွေးကင်းစတွေနဲ့ကလေးတွေအပေါ်မှာဆိုးကျိုးသက်ရောက်မှုဖြစ်စေခြင်း
အမွှေးတိုင်ငွေ့နဲ့အမြဲထိတွေ့နေတာကကောင်းကျိုးမရှိပါဘူး။ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်တော့အမွှေးတိုင်ငွေ့နဲ့မထိဘဲနေတာကအကောင်းဆုံးပါပဲ။
(၇ ) အာရုံကြောထိခိုက်မှုတွေ
လေ့လာမှုတွေအရအိမ်တွင်းမှအမွှေးတိုင်ထွန်းတာကြောင့်ကာဘွန်မိုနောက်ဆိုက် ပမာဏတွေ တိုးလာစေပါ တယ်။ ရေရှည်ထိတွေ့တဲ့အခါ အာရုံ ကြောထိခိုက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။မှတ်ဉာဏ်ချို့ယွင်းတာနဲ့သင်ယူမှုအပိုင်းမှာ အားနည်းတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၈) ခေါင်းကိုက်စေခြင်း
ကာဘွန်မိုနောက်ဆိုက်ပါဝင်မှုကျ ဆင်းနေတယ်ဆိုရင်တောင်မှ ကာဘွန်မို နောက်ဆိုက်နဲ့ထိတွေ့မိတာကခေါင်းကိုက်တာ၊ညီးစီစီဖြစ်တာ၊ခေါင်းမူးတာနဲ့ မအီမသာ ဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၉) COPD ဖြစ်စေနိုင်ခြင်း
အမွှေးတိုင်ငွေ့နဲ့ နေ့စဉ်ထိတွေ့မိနေတဲ့အမျိုးသမီးတွေမှာCOPD(Chronic ObstructivePulmonaryDisease)ဖြစ်နိုင်ပါတယ်။သည်ရောဂါကဆေးလိပ်သောက်သုံးသူတွေမှာတွေ့ရလေ့ရှိတဲ့ နှလုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ အခြားလေ့ လာမှုတွေမှာလည်း အမွှေးတိုင်ငွေ့တွေက ဆေးလိပ်ငွေ့လိုပဲ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၁၀) နှလုံးထိခိုက်စေနိုင်ခြင်း
အိမ်မှာ နေ့စဉ် အမွှေးတိုင်ငွေ့နဲ့ ထိတွေ့မိတာက နှလုံးရောဂါကြောင့် သေ ဆုံးနိုင်ခြေကို ပုံမှန်ထက်၁၂ရာခိုင်နှုန်းကျော်တိုးစေသလိုလေဖြတ်နိုင်ခြေကို ၁၉ရာခိုင်နှုန်း၊နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ၁၀ ရာခိုင်နှုန်းကျော်အထိ တိုးစေ နိုင်ပါတယ်လို့ သုတေသီတွေက အတည် ပြုပေးထားပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကျောက်ငရုတ်ဆုံ အသုံးပြုကြတဲ့ အိမ်တိုင်း မဖြစ်မနေ သိထားသင့်သော ကျန်းမာရေးသတိပေးချက်
MICROWAVE အသုံးပြုသည့် အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမယ့် အချက်များ
အိမ်မှာသောင်းကျန်းနေတဲ့ကြွက်တွေကို အပြတ်နှိမ်နင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ
သင့်အိမ်က ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးမယ့် လက်တွေ့နည်းလမ်းများ
Ref : Myannews
Photo Credit : Thewowstyle
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties