By Yangon Times, Shweproperty.com
Updated at 27 June 2016
လက်ရှိအနေအထားအရ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေဆဲဖြစ်သော်လည်း မြို့ပြင်ရှိ ကျပ်သိန်း ၁ဝဝ အောက်မြေကွက်များ အဝယ်လိုက် လာပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။ ''အရောင်းဘက်မှာ ဒဂုံအရှေ့ နဲ့ ဒဂုံဆိပ်ကမ်းဘက်က အကွက်ရိုက်မြေကွက်တွေကို အရောင်းပြန်တင်လာကြတယ်။ ဒီမြေကွက် တွေက တချို့နေရာတွေမှာဆို သိန်းဆယ် ဂဏန်းလောက်ပဲရှိတော့ သိန်း ၁ဝဝ အောက်မြေကွက်တွေဆိုပြီး အရောင်းပြတာတွေရှိတယ်။ အဝယ်လဲရှိလာပါတယ်''ဟု ဒဂုံဆိပ်ကမ်းမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင် ဦးကြည်ထူးအောင်က ပြောသည်။
အဆိုပါမြေကွက်အများစုမှာ လက်ရှိတွင် အကွက်ရိုက်ပြီး ပြန်လည်ရောင်းချသည့် စလစ်နှင့် ပါမစ်မြေများဖြစ်ပြီး အများစုသည် မြေကွက်ထက် လယ်မြေကဲ့သို့ သွားလာရန်ခက်ခဲသည့် မြေကွက်များပြားကြောင်း၊ တချို့မြေကွက်များသည် လျှပ်စစ်မီတာရရှိသော် လည်း တချို့မြေကွက်နေ ရာများမှာ လမ်းဖောက်ထားရုံသာရှိသေးသည့် နေရာများလည်း ပါဝင်နေကြောင်း သိရသည်။ ယင်းမြေကွက်အများစုမှာ ယခင်က ကျေးရွာ များဖြစ်ပြီး ယခုနောက်ပိုင်းတွင် ရပ်ကွက်နာမည်ပေးထားသော မြို့နယ်အသစ်များဖြစ် ကြောင်း သိရသည်။ သို့သော် ပေ၂ဝ x ပေ ၆ဝ အကွက်များရှိသလို ဝယ်သူစိတ်ကြိုက် အကျယ်အဝန်းသတ်မှတ်ပြီး ဝယ်ယူနိုင် သည့် မြေနေရာများရှိ၍ အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း သိရသည်။ မြေကွက်တန်ဖိုးမှာ ကျပ် သိန်း ၆ဝ ခန့်မှ သိန်း ၉ဝ ဝန်းကျင်အထိ မြေနေရာနှင့် ရပ်ကွက်အလိုက် ကွာခြားမှုရှိကြောင်း သိရသည်။
ဝါရင့်ရှေ့နေဦးဌေးက ''တချို့မြေတွေရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက စလစ်နဲ့ ပါမစ်မြေတွေ ဖြစ်ပေမယ့် တချို့နေရာတွေကျ တော့ လယ်မြေတွေဖြစ်တာကြောင့် ဝယ်ယူသူတွေအနေနဲ့ သတိပြုသင့်ပါတယ်။ လယ်မြေတွေကို လူနေမြေအဖြစ် ပြောင်းလို့ရနိုင်ပေ မယ့် လယ်မြေကိုတော့ လက်ရှိအချိန်အထိ လူနေအိမ်ဆောက်လုပ်ဖို့မရနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေတာလဲရှိတယ်''ဟု သုံးသပ် ပြောဆိုသည်။
Ref & Photo Credit : Yangon Life
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties