By shwesadagan, Shweproperty.com
Updated at 17 March 2013
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံနှစ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်အပြင်နိုင်ငံရေး၊ စီးပွားရေးအရ အာရှတိုက်အတွက် အရေးပါနေခြင်းကြောင့် အမေရိကန်နိုင်ငံနှင့် အနောက်ဥရောပနိုင်ငံများက ပြည်တွင်းသို့လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်နေသည်။ လက်ရှိပြဌာန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပေးများကို ပြည်ပရင်းနှီးမြှုပ်နှံလိုသူများ သဘောကျနှစ်ခြိုက်နေကြသည်။ သို့သော်နိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အိမ်ခြံမြေဈေး၊ မြေနေရာအခက်အခဲနှင့် မြေဈေးနှုန်းကြီးမြင့်မှု အခက်အခဲများက စောင့်ကြိုနေသည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နေသည့် မြေဈေးနှုန်းကြီးမြင့်သည့် ပြဿနာ၊ အငှားဈေးနှုန်းမြင့်တက်လာသည့် ပြဿနာ၊ ဟိုတယ်ဈေးကြီးမှုပြဿနာ၊ မြေယာပိုင်ဆိုင်မြှုပဿနာများကို အရေးတကြီး ကိုင်တွတယ်ဖြေရှင်းရမည့် အချိန်အခါသို့လည်း ရောက်ရှိလာပါပြီ။ တစ်ဖက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ထိခိုက်လာနိုင်သည့် အမျိုးသားအကျိုးစီးပွားကိုလည်း ထည့်တွက်နေရပြန်သည်။
အိမ်ခြံမြေဈေးကွက်အတွင်း ၀ယ်ရောင်းသမားများ၏ ဈေးကစားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အခွန်နှုန်းကိုတိုးမြှင့်သတ်မှတ်လိုက်သော်လည်း အိမ်ခြံမြေဈေးမှာ မကျဆင်းဘဲ မြေ၀ယ်မကျ ဆိုသည့်အတိုင်း ဈေးနှုန်းများ နိမ့်ဆင်းမလာသေးပေ။ မြေဈေးကစားမှုသာကျဆင်းသွားသော်လည်း အရောင်းအ၀ယ်နည်းပါးခြင်းကြောင့် နိုင်ငံတော်အခွန်ဝင်ငွေသာကျဆင်းသွားခဲ့ရသည်။ ထို့အတူ မြင့်တက်နေသည့် ကွန်ဒိုရောင်းဝယ်ငှားဈေးကွက်ကို တည်ငြိမ်စေရန် ကွန်ဒိုများဆောက်လုပ်ခွင့်ပြုထားသော်လည်း ကွန်ဒိုဈေးကွက်မှာ ပန်းပန်နေဆဲ ဖြစ်တာကြောင့် ပြည်သူများထိခိုက်လာနိုင်သဖြင့် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ပေးရန် လိုအပ်လာပြန်သည်။ တန်ဖိုးနည်း အိမ်ရာဖော်ဆောင်ရာတွင်လည်း မြေနေရာအခက်အခဲနှင့် အရင်းအနှီးကြီးမားခြင်းဆိုသည့် အခက်အခဲများကို ရင်ဆိုင်ရပြန်သည်။
တန်ဖိုးနည်း အိမ်ရာရောင်းချရာတွင်လည်း အခက်အခဲများရှိနေပြန်သည်။ ဥပမာ - တန်ဖိုးနည်းအိမ်ရာဈေးကို သိန်း ၂၀၀ ဟုသတ်မှတ်ပါက လူလတ်တန်းစားများအတွက် တန်ဖိုးနည်း အိမ်ရာဖြစ်မည်ဖြစ်သော်လည်း အခြေခံလူတန်းများအနေဖြင့် တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူရာတွင် များစွာ အခက်အခဲတွေ့လာမည်ဖြစ်သည်။
အိမ်ခြံမြေပြဿနာများကို ကိုင်တွယ်ရသည်မှာ ချိန်ခွင်တွင် အလေးထည့်ပေးရသည်နှင့် တူနေသည်။ တဖက်များလျှင် တဖက်နည်းသည်။ နိမ့်လိုက်၊ မြင့်လိုက်ဖြစ်နေသည်ကို တူညီအောင်ချိန်ညှိရသည်မှာ လွယ်ကူသည့်အလုပ်တော့ မဟုတ်ပေ။ အိမ်ခြံမြေ ဈေးကျနေလျှင် အရောင်းသမားများက ကိုင်ထားကြမည်ဖြစ်ပြီး အရောင်းမရှိပါက အ၀ယ်လည်း ရှိလာနိုင်မည်မဟုတ်ပေ။ အိမ်ခြံမြေဈေးတက်လျှင် အရောင်းသမားများ ထုတ်ရောင်းကြသော်လည်း ၀ယ်မည့်သူများက လက်တွန့်နေခြင်းကြောင့် မြေဈေးဖောင်းကြွမှု ပြဿနာသာ ပေါ်ထွန်းလာမည်ဖြစ်သည်။
အစိုးရအနေဖြင့် အိမ်ခြံမြေဈေးကို ဒေါ်လာဈေးနှုန်း၊ ကားဈေးနှုန်းများကဲ့သို့ အလွယ်တကူ ၀င်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။ အစိုးရအနေဖြင့် အိမ်ခြံမြေဈေးကို ထိန်းညှိရန် ကြိုးစားနေခြင်းထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် စက်မှုဇုန်၊ ဟိုတယ်ဇုန်၊ စီးပွားရေးဇုန်များကိုသာ ဖော်ဆောင်သင့်သည်ဟုလည်း အိမ်ခြံမြေကျွမ်းကျင်သူများက သုံးသပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော မြန်မာ့အိမ်ခြံမြေဈေးကွက်သည် စံနှုန်းမရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်တာကြောင့် ရပ်ကွက်တစ်ခုတည်း တစ်လမ်းတည်းဖြစ်သော်လည်း ဈေးနှုန်းအနိမ့်အမြင့် မညီမျှသည့်အပြင် နိုင်ငံအတွင်း၌ ပလပ်မြေလွတ်မြေရိုင်းများလည်း များစွာ ကျန်ရှိနေသေးသည်။
အစိုးရသည် ယခုအချိန်အခါ၌ အိမ်ခြံမြေအကြီးစားရင်းနှီးမြှုပ်နှံသူတစ်ဦးဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံ၏ ပထ၀ီအနေအထားကောင်းမွန်မှုအချက်ကြောင့် တစ်နိုင်ငံလုံးရှိ မြေနေရာအားလုံးသည် တန်ဖိုးရှိနေခြင်းကြောင့် အင်နှင့်အားနှင့် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံများက မြန်မာအစိုးရထံ ချဉ်းကပ်ပြီး စီးပွားရေးဇုန်များ ရရှိရန် တောင်းဆိုလာကြပြီ ဖြစ်သည်။ ဂျပန်နိုင်ငံမှ ဒေါ်လာဘီလီယံ ပေါင်းများစွာ ပေးချေပြီး ရန်ကုန်ဆိပ်ကမ်းကဲ့သို့သော နေရာကောင်းကို ငှားရမ်းနိုင်ခဲ့သည်မှာ သာဓက တစ်ရပ်ဖြစ်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံမှလည်း ထိုအထူးစီးပွားရေးဇုန်ကို ပူးပေါင်းလုပ်ဆောင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်ချင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ ဆွေးနွေးဆောင်ရွက်ပြီး ဖြစ်သည်။ တံခါးပိတ်ကာလအတွင်း ဈေးနှိမ့်ခံခဲ့ရသော မြေနေရာများကိုလည်း ယခုအချိန်၌ ထိုက်တန်သည့် တန်ကြေးဖြင့် ကမ်းလှမ်းလာရန် အစိုးရအနေဖြင့်လည်း မျှော်လင့်ထားသည်။
လတ်တလော နိုင်ငံအတွင်း၌ မြင့်မားနေသည့် အိမ်ခြံမြေဈေးကြီးမြင့်မှုသည် နိုင်ငံခြားသားများထက် နိုင်ငံသားများက ပိုမိုပြီး အခွင့်အလမ်းကောင်းများရရှိနိုင်ဖို့ရှိသည်။ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများသည် ပြည်တွင်းအိမ်ခြံမြေဈေကွက်မှ မြေယာပိုင်ဆိုင်ထားသူများထံမှ ၀ယ်ယူ၍သော်လည်ကောင်း၊ အကျိုးတူပူးပေါင်း၍သော်လည်ကောင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ဈေးကောင်းဖြင့် ပြန်လည်ရောင်းချသူများသည်လည်း စီးပွားရေးလုပ်ငန်းများနှင့် မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ပိုမိုးရင်းနှီးမြုပ်နှံမှု ပြုလာမည်ဖြစ်တာကြောင့် နိုင်ငံအတွင်း ငွေကြေး စီးဆင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
အစိုးရအနေဖြင့် မြန်မာ့အိမ်ခြံမြေဈေးကွက်ကို ထိန်းညှိရန် ဆောင်ရွက်နေသော်လည်း အိမ်ခြံမြေဈေးကျဆင်းမှုထက် မြင့်တက်လာမှုကိုသာ လိုလားဖွယ်ရှိသည်။ အိမ်ခြံမြေရင်းနှီးထားသူများအနေဖြင့်လည်း စိတ်ရှည်ပြီး လိမ်မာပါးနပ်ရန် လိုအပ်မည်ဖြစ်သည်။ ၂၀၁၅ခုနှစ်အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့် ကျင့်သုံးရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၄ခုနှစ်အတွင်း မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်းသို့ မလွဲမသွေ ၀င်ရောက်ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပါကြောင်း ...
Ref : Shwesadagan Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties