အိမ်ကြီးရဲ့ အကျယ်အဝန်းဟာ ၇၄၀ စတုရန်းပေရှိပြီး သူ့ရဲ့အိမ်နီးနားချင်းတွေဟာ နာမည်ကျော်အနုပညာရှင်ဖြစ်တဲ့ Lee Seung Gi ၊ နာမည်ကြီး Korean label Stylenanda ရဲ့ စီအီးအိုဖြစ်တဲ့ Kim So Hee တို့ပဲဖြစ်ပါတယ်။
ဒီအိမ်ကြီးအပြင် လီမင်ဟိုဟာ Seongbuk-dong က Villa ၂ ခုပိုင်ဆိုင်ထားတဲ့အပြင် ကိုရီးယားရဲ့တန်ဖိုးကြီးအဆောက်အဦးတွေရှိရာ Gangnam ပြည်နယ်မှာလည်း (၉) ထပ်အဆောက်အဦးတစ်ခုကိုပိုင်ဆိုင်ထားပါသေးတယ်။ထိုအဆောက်အဦးဟာ US $2 သန်းတန်ဖိုးရှိပြီး ပါတီကျင်းပရာအခန်း ၊အားကစားခန်းနဲ့ ရုပ်ရှင်ရုံတစ်ခု ပါဝင်တယ်လို့သိရပါတယ်။
ဒါ့အပြင် ဆိုးလ်မြို့ရဲ့ Heukseok-dong ဒေသမှာလည်း တန်ဖိုးကြီးကွန်ဒိုတိုက်ခန်းတစ်ခန်းကို ဝယ်ယူထားပြီး နာမည်ကျော်အနုပညာရှင်တြွေဖစ်တဲ့ မင်းသား Jang Dong Gun နဲ့ Ko So Young တို့ဇနီးမောင်နှံ ၊ K pop idol ဖြစ်သလို မင်းသမီးလည်းဖြစ်တဲ့ Krystal တို့လည်း ထိုအနီးပတ်ဝန်းကျင်မှာပဲနေထိုင်ကြတာဖြစ်ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့ဇနီးမောင်နှံဟာလည်း ထိုအနီးပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ဖူးတယ်လို့သိရပါတယ်။