By The Kumudra, Shweproperty.com
Updated at 6 October 2015
တခြားသူက အလွဲသုံးစားလုပ် မြေကွက်ရောင်းတာကို မသိပဲ လက်ဆင့်ကမ်း ရောင်းချခံရပြီး အဆင့်ဆင့်ပြောင်းလဲသွားမယ်ဆိုရင် မူရင်းပိုင်ရှင် မှန်ကန်ပေမဲ့ ပြန်လည်ပိုင်ဆိုက်ဖို့ ခက်ခဲသွားနိုင်တယ်လို့ သိရပါတယ်။
ဆင်ခြေဖုံးမြို့နယ်တွေ၊ မြို့စွန်တွေ၊ နယ်ဒေသတွေမှာ မြေကွက်ကိုဝယ်ယူပြီး လူမနေပဲ ထားခဲ့တဲ့သူတွေ အဖြစ်များတယ်။ အမည်ပေါက်ပြောင်းလဲထားသူတွေ တင်မကပဲ အစိုးရက စတင်ချထားပေးကတည်းက မူရင်းအမည်ပေါက်တွေပါ အလွဲသုံးစားလုပ် ရောင်းချခံရတာဖြစ်တယ်။
မုံရွာမြို့နယ်နေသူ တစ်ဦးဖြစ်တဲ့ ဒေါ်တင် (အမည်လွှဲ) က "အစိုးရဝန်ထမ်းဆိုတော့ မြေကွက်ရတယ်၊ ဒါပေမယ့် သွားမနေပဲ ထားတာ နှစ်အတော်ကြာသွားတယ်၊ အခုမှ တူမကလဲ ရေမီးတို့လျှောက်တော့မှ မြေကွက်မှာ ပိုင်ရှင်ရှိတယ်ဆိုပြီး ပေါ်လာတယ်၊ ပိုင်ရှင်ဆိုတဲ့သူတွေက မြေကွက်ကိုဝယ်ထားတာ (၃) ဆက်မြောက်နေပြီလို့ ပြောတယ်၊ သူတို့ကလည်း ပိုင်ဆိုင်မှုခိုင်မာနေတယ်"လို့ ပြောပါတယ်။
နှစ်ဖက်စလုံးက ပိုင်ဆိုင်မှု ခိုင်မာနေကြတာပါ။ မူရင်းအမည်ပေါက်ကလည်း သူပိုင်ဆိုင်တဲ့ မြေကွက်ရောင်းသွားတဲ့သူကို တရားစွဲလို့ ရပေမယ့် လက်ဆင့်ကမ်းရောင်းတာ (၃) ဆက် ရှိနေပြီဆိုတော့ ဘယ်သူဘယ်ဝါ မသိရတော့ပဲ ဘယ်သူ့ကို တိုင်ရမလဲ ဖြစ်နေတာလို့ ပြောပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်နိုင်က "ပိုင်ရှင်ဆိုပေမယ့် တစ်ဖက်ကလဲ အမည်ပေါက်ဖြစ်နေပြီ၊ တကယ်တော့ အခုလိုအချိန်မှာ မြေကွက်တွေ လူမနေရင် ဌာနဆိုင်ရာရုံးမှာ အသစ်လျှောက်ထားခွင့် ပိတ်သင့်တယ်၊ အမည်ပေါက်ပြောင်းတာကလဲ နိုင်ငံပိုင် သတင်းစာထဲမှာ ထည့်ကြော်ငြာရတာပဲလေ၊ ဒါကိုမူရင်းပိုင်ရှင်က မသိလိုက်တာ၊ တရားမ အကြောင်းအရတော့ အမှုဖွင့်လို့ ရတယ်၊ ဒါပေမယ့် အလွဲသုံးစား လုပ်တဲ့သူကို ရှာဖွေဦးမှ၊ အခုလို အမှုမှာ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းပြီး ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ"လို့ ပြောပါတယ်။
Ref : The Kumudra
Posted By : Moe Thae'
Photo Credit : The Telegraph
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties