By 7daydaily, Shweproperty.com
Updated at 16 June 2015
ကန်ထရိုက်တိုက်ခန်း များ ဆက်လက်မတည်ဆောက် နိုင်၍ ရပ်ဆိုင်းထားသည့် တိုက် ခန်းများကိုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ငွေချေးရာတွင် အခန်းပေး အခန်းယူ စနစ်ဖြင့် တည်ဆောက်သည့် ကန်ထရိုက်တိုက်များကို ငွေမချေးကြောင်း အဆိုပါဘဏ်ဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။
လက်ရှိတွင် မတည်ဆောက် နိုင်သည့် တိုက်အလုံးပေါင်း ၄၀ ထက်မနည်းကို ငွေချေးရာ၌ အခန်းပေး အခန်းယူစနစ်ဖြင့် တည်ဆောက်သည့် တိုက်များကို ငွေမချေးပေးခြင်း ဖြစ်သည်။
‘‘အပေးအယူနဲ့ ရောင်းတဲ့ တိုက်ခန်းတွေက လ က်ရှိမှာ ဈေး ကွက်က ကျနေတယ်။ ဒါကြောင့် ဘဏ်ကို ငွေပြန်ဆပ်ဖို့ အခက်အ ခဲတွေရှိနိုင်တယ်။ ဒါကြောင့် မြေ ရှင်ကိုယ်တိုင်ဆောက်ရင်း ငွေမ လည်တော့လို့ ရပ်ထားရတဲ့ တိုက် ခန်းတွေကိုပဲ ချေးတာ’’ဟု ဦးဝင်း ဇော်က ပြောသည်။
ငွေချေး လိုသူသည် ကိုယ်ပိုင်မြေတွင် တည်ဆောက်ခြင်းဖြစ်ပြီး အဆောက်အအုံ၏ ၂၀ ရာခိုင်နှုန်းပြီးမှသာ ဘဏ်က အတိုးနှုန်း ၁၂ ရာခိုင်နှုန်းသာယူ၍ ငွေချေးပေးထားကြောင်း သိရသည်။
လက်ရှိတွင် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် သည် ရပ်ကွက်အတွင်း ဆက်လက်မတည်ဆောက်နိုင်သည့် တိုက်ခန်းများအား ငွေချေးပေးနေခြင်းအပြင် အစိုးရဆောက်လုပ်သည့် အိမ်ရာစီမံကိန်းများ၌ ဝယ်ယူသူများကိုလည်း နှစ်ရှည်ငွေချေးပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ ဆောက်လုပ်ရေးလောက တွင် အရောင်းအဝယ်များသိသာ စွာ ကျဆင်းလာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ ပြီး ယခုကဲ့သို့ ဘဏ်ကလည်း လုပ်ငန်းရှင်ကို ငွေမချေးဘဲ လုပ် ဆောင်ပါက မှားယွင်းစွာကျင့်သုံး သည့် ငွေချေးစနစ်သာဖြစ်နိုင် ကြောင်း မြမြင့်မိုရ်ဆောက်လုပ် ရေးလုပ်ငန်းရှင်က ပြောသည်။
နိုင်ငံတကာတွင် စီးပွားရေး လုပ်ငန်းတစ်ခုခု၌ အခက်အခဲ ဖြစ်ပါက ဘဏ်က ငွေချေးပေးခြင်းဖြင့် အဆိုပါလောက ပြန်လည် ကောင်းမွန်ရန် ကျောထောက်နောက်ခံပေးခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုဖြစ်ပွားနေသည့် ပြဿ နာမှာ ဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်း ကြောင့် ဈေးကွက် မတည်ငြိမ်ရ ခြင်းဖြစ်ပြီး အမှန်တကယ်ဝယ်လို အား ရှိ၊ မရှိ ဈေးကွက်တွင် သုတေသနပြုပြီးမှသာ ဆောက်လုပ်သင့်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက အကြံပြုပြောကြားထားသည်။
ဆောက်လုပ်ရေး လုပ်ငန်း ရှင်များဘက်ကလည်း အရောင်း အဝယ်အေးသောကြောင့် ကန်ထ ရိုက်တာအချို့ ဆက်လက်ဆောက်လုပ်ရန် ခက်ခဲနေပြီး မြေရှင်ဘက် ကလည်း သတ်မှတ်ကာလ အတွင်း မပြီးစီးသဖြင့် တရားစွဲဆိုမှု များ အပြန်အလှန် ဖြစ်ပေါ်နေ သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties