By YTTA, Shweproperty.com
Updated at 5 July 2012
ပဲခူးနားတစ်ဝိုက်တွင် နိုင်ငံတကာအဆင့်မီ စီမံကိန်းများ ပေါ်ပေါက်လာမည့် သတင်းများကြောင့် ပဲခူးမြို့ အိမ်ခြံမြေဈေးကွက်တွင် လှုပ်ခတ်မှုများရှိလာကြောင်း ၂၇-၆-၂၀၁၂ ရက်က သိရသည်။ပဲခူးမြို့၏ အနောက်ဘက် နှစ်မိုင်အကွာတွင် တည်ရှိပြီး မြေဧက ၉၀၀၀ ကျော် ကျယ်ဝန်းသော ဟံသာဝတီလေဆိပ်ဟောင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြင့်တင်ရန် စီမံကိန်းနှင့် ယင်းလေဆိပ်အနီး ပဲခူးစက်မှုဇုန်စီမံကိန်း သတင်းများကြောင့် ပဲခူးမြို့ပေါ်နှင့် ယင်းစီမံကိန်းများအနီးရှိ အိမ်ခြံမြေဈေးကွက်အတွင်း ဈေးမတည်ငြိမ်ဘဲ လှုပ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မဏ္ဏိုင်အိမ်ခြံမြေ အကျိုးဆောင်မှ ဦးသန်ဦးက ပြောသည်။“စီမံကိန်းရှိတဲ့နေရာတွေမှာ အဓိကဈေးမြောက်နေတယ်။ အရင်က ကျပ်သိန်း ၁၀၀ တန် မြေကွက်တစ်ကွက်က အခုဆို ကျပ်သိန်း ၄၀၀၊၅၀၀ လောက်ဖြစ်သွားတယ်။ ပြည်တွင်းစီးပွားရေးသမားတွေက အဓိကဈေးကစားနေကြတာ။ ပဲခူးမှာက ဟံသာဝတီလေဆိပ် စီမံကိန်းရော၊ ပဲခူးစက်မှုဇုန်စီမံကိန်းရော ရှိနေတော့ ဈေးက သိသိသာသာ မြောက်နေတာပေါ့။ ဒါပေမယ့် ပဲခူးမှာမှမဟုတ်ဘူး။ ဘယ်နေရာမဆို စီမံကိန်းရှိတဲ့ နေရာတွေမှာ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်မှုတွေက ရှိလာမှာပါ” ဟု ယင်းကပြောသည်။မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်၌ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြီး စီမံကိန်းများ၊ စီးပွားရေးဇုန်၊ စက်မှုဇုန်များ အထူးဖွံ့ဖြိုးလာစေရန် ဖော်ဆောင်မှုများနှင့်အတူ ပြည်ပနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို တဖွဲဖွဲဝင်ရောက်လာလျက်ရှိပြီး စီမံကိန်းရှိသည့် နေရာများတွင် မြေကွက်ဈေးများ၊ အိမ်ခြံမြေဈေးများ အဓိကမြင့်တက်လာနေကာ ပဲခူးတွင်မူ ယခင်ပေါက်ဈေးထက် အနည်းဆုံး ငါးဆခန့် ဈေးတက်လျက်ရှိကြောင်း သိရသည်။Source : Popular News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties