ကိုယ့်ရဲ့အိမ်လေးကို အသစ်လို ပြန်ပြင်ချင်တဲ့အခါ၊ ပစ်ထားတာကြာပြီဖြစ်တဲ့ တိုက်ခန်းအဟောင်းလေးကို သစ်လွင်သွားအောင် နံရံဆေးသုတ် ပြုပြင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်ပေးပါနော်။ အထူးသဖြင့် တိုက်ခန်းတွေမှာ အပေါ်ဆုံးထပ်၊ ဘေးထောင့်စွန်းအခန်းတွေဟာ လေဒဏ်၊ မိုးဒဏ် ခံရလွန်းတဲ့နေရာတွေဖြစ်လို့ ရေစိမ့်တာ၊ လေခိုတာတွေ ဖြစ်တတ်ပါတယ်။

 တကယ်လို့ တိုက်ခန်းက လူမနေတာ ကြာတဲ့အခါ၊ တိုက်သက်တမ်း ကြာလာတဲ့အခါ နံရံဆေးရောင်တွေမှာ ရေစီးကျထားတဲ့ အရာတွေ၊ ဆေးရောင်ပြယ်ပြီး မည်းနေတာတွေ၊ နံရံဆေးရောင်တွေ လိပ်တက်လာတာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ နံရံဆေးရောင်အသစ် ပြန်သုတ်ဖု့ိ လိုပြီပေါ့။ 

ဒါပေမယ့် နံရံဆေးသုတ်တာဟာ တိုက်သစ်မှာ လွယ်သလောက် တိုက်အဟောင်းဆိုရင်တော့ ရှ့ဦး ဆောင်ရွက်ရမည်လုပ်ငန်းများကို သေချာလုပ်ဆောင်မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ခန်းအဟောင်းတွေ ဆေးသုတ်တဲ့အခါ သိထားသင့်တဲ့ အချက်တွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်နော်။

- ဆေးအဟောင်းတွကို ခြစ်ထုတ်ပါ။

တိုက်ဟောင်းတွေဆေးသုတ်မယ်ဆိုရင် ဆေးဟောင်းတွေကို အကုန်ပြောင်စင်အောင် ခြစ်ထုတ်၊ အောက်က ပတ်တီးပါ ပြောင်‌အောင် အရင်တိုက်ရပါမယ်။ 



- ဖုန်နဲ့ သဲတွေ မရှိစေပါနဲ့။

နံရံမှာ ဖုန်တွေသဲတွေ ရှိနေရင် ဆေးအရောင် မွဲညစ်ညစ်ဖြစ်တာ၊ အရောင်ထွက်မမှန်၊ ချောမွေ့ခြင်း မရှိတာတို့ ဖြစ်နိုင်တာကြောင့် ဖုန်တွေသဲတွေ သန့်စင်ပြီးမှသာ ကြိုက်နှစ်သက်တဲ့ ဆေးရောင်ကို သုတ်ပေးသင့်ပါတယ်။ 

- နံရုံ ခြောက်သွေ့နေပါစေ။

နံရံမှာ ရေစိမ့်ပြီး အစိုဓာတ်တွေရှိနေရင် ဆေးသုတ်လည်း ဘာမှမထူးပါဘူး။ ဒါကြောင့် နံရံမှာ စိုထိုင်းစတွေ ရှိနေမယ်ဆိုရင် ရာသီဥတု သာယာတဲ့ အချိန်၊ နေကောင်းကောင်းပူတဲ့ နေ့ကျမှသာ ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်သင့်ပါတယ်။ 

- ရေစိမ့်တဲ့နေရာကို ပြင်ပြီးမှဆေးသုတ်ပါ။

နံရံ ရေငွေ့ရိုက်လေ့ရှိတဲ့ နေရာတွေဆိုရင် ပန်းရံလုပ်ငန်း ဆောင်ရွက်ပေးပြီးမှ ဆေးသုတ် သင့်ပါတယ်။ ရေစိမ့်တဲ့ အကြောင်းအရင်းကို မပြင်ပဲ ဆေးသုတ်ရင် မကြာခင် ဆေးတွေ‌ ဖောင်းကြွလာပြီး၊ ကွာကျ တတ်ပါတယ်။ဆေးသုတ်ထားတဲ့ ဆေးသားက အပြင်က ရေကိုသာ ခံနိုင်ရည် ရှိပြီး၊ အတွင်းကရေကဆေးသားကို တွန်းတုတ်တဲ့ အတွက် နံရံ ဆေး မှာ ဆေးသား ဆွဲမနေတော့ပါဘူး။

မိုးရာသီမှာ အခန်းတွင်းအစိုပြန်တာတွေ နံရံတွေမှာ အစိုပြန်ပြီး ဆေးတွေ လိပ်တတ်တာမျိုးတွေ ရှိတတ်တာကြောင့် ဒီဆောင်းပါးလေးက တိုက်ခန်းပိုင်ရှင် မိတ်ဆွေတို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။ 

Written By: Lily (ShweProperty.com)