By mmtimes, Shweproperty.com
Updated at 9 December 2014
မြို့စွန်ဒေသ အိမ်ရာဈေးကောင်းသည့် မြို့နယ်များတွင် ပါဝင်သော လှိုင်သာယာမြို့နယ် အတွင်း Serg Pun & Associates ကုမ္ပဏီ က အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာစီမံကိန်း က အိမ်ရာသစ်များကို နိုဝင်ဘာ ၂၉ ရက်နေ့ တွင် စတင်ရောင်းချခဲ့သည်။
ယခုအချိန်တွင် တည်ဆောက်မှုလုပ်ငန်း များ ပြုလုပ်လျက်ရှိသော Lotus Palace ဗီလာ အိမ်ရာ၊ Lotus Terrace ကွန်ဒိုတိုက်ခန်းတို့ကို ရောင်းချသွားမည်ဖြစ်ပြီး ထိုအိမ်ရာသစ် များ ကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်သည်။
"ရေကန်ရှုခင်းကို ခံစားနိုင်တဲ့ Lotus Place အိမ်ရာသစ်တွေက အခုချိန်မှာ တည်ဆောက် မှု ၄၀ ရာခိုင်နှုန်းကျော် ပြီးစီး နေပြီး ဥယျာဉ်ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ Lotus Place အိမ်ရာသစ်တွေက တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီး နေပြီ ဖြစ်ပါတယ်။ ဒီအိမ် ရာနှစ်ခုလုံးကို ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်"ဟု Serg Pun& Associates ကုမ္ပဏီ၏ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဦးသူရိန်က ပြောသည်။
ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာစီမံကိန်းတွင် Lotus Canal View ဗီလာအိမ်ရာ ၁၂ လုံးကို တည်ဆောက်သွားမည် ဖြစ်ပြီး ခြံဝင်းအကျယ် ၈,၆၆၅ စတုရန်းပေရှိသော မြေနေရာပေါ် တွင် အိမ်အကျယ် ၄၈၃၉ စတုရန်းပေရှိသော နှစ်ထပ်မြင့် ဗီလာအိမ်များ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် ခြံဝင်းအကျယ် ၄,၃၀၇ စတုရန်းပေပေါ်တွင် ကြမ်းခင်းဧရိယာ ၄,၄၆၈ စတုရန်းပေ ရှိသော သုံးထပ်မြင့် Lotus Palace ဗီလာအိမ်ရာ အလုံး ၃၀ ကိုလည်း တည်ဆောက် သွားမည် ဖြစ်သည်။ ကွန်ဒိုတိုက်ခန်းများသာ ပါဝင်သော Lotus Terrace အိမ်ရာများကို လည်း မကြာခင် တည်ဆောက်မှု စတင်တော့မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ တွင် အပြီးတည် ဆောက်သွားမည်ဟု ဦးသူရိန်က ပြောသည်။
Lotus Terrace အိမ်ရာသစ်တွင် ကွန်ဒို တိုက်ခန်း ၁၈ ခန်း ပါဝင်မည်ဖြစ်ကာ တစ်ခန်း လျှင် ၂,၆၀၁ စတုရန်းပေမှ ၃,၀၆၈ စတုရန်းပေ ထိ ကျယ်ဝန်းမည် ဖြစ်သည်။
ထို့ပြင် ထိုတိုက်ခန်းများတွင် စတုရန်းပေ ၂,၀၀၀ ခန့်ရှိ ကိုယ်ပိုင်ဥယျာဉ်များလည်း ပါဝင် မည်ဖြစ်သည်။ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ အိမ်ရာ သစ်များကို အသင့်လျော်ဆုံး ဈေးနှုန်း များ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သားများကိုသာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဦးသူရိန်က ပြောသည်။
ပန်းလှိုင် ဂေါက်ကွင်းအိမ်ရာသစ် ဖော်ဆောင်ရေးကို ၁၉၉၇ ခုနှစ်က Serg Pun & Associates ကုမ္ပဏီက စတင်ပြုလုပ်ခဲ့ကာ ထိုအိမ်ရာသည် လှိုင်သာယာမြို့နယ် ပဒေ သာပင်မြို့တော် (FMI City) အိမ်ရာ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
ထိုအိမ်ရာဝင်းအတွင်း ကျင်းကိုးကျင်း ပါဝင်သော ပန်းလှိုင်ဂေါက်ကွင်းကို ၂၀၀၀ ပြည့်နှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ကျင်း ၁၈ ကျင်းထိ တိုးချဲ့ခဲ့ကာ ၂၀၀၅ ခုနှစ် တွင်လည်း ပန်းလှိုင်ဆေးရုံကို စတင် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ကွန်ဒိုတိုက်ခန်း ၄၈ ခန်း ကိုပါ စတင်ရောင်းချခဲ့သည့်အပြင် ၂၀၀၇ ခုနှစ်တွင် ပန်းလှိုင်အိုအေစစ် အားကစား အသင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ှုလသမပ ံသကျန ၁၂ လုံးကို စတင်တည်ဆောက် ခဲ့သည်။
Bomboo Grovo Gardens ဗီလာ အိမ်ရာများနှင့် Rose Garden ဗီလာအိမ်ရာ များကို ၂၀၁၂ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဗီလာအိမ်ရာ ၄၂ လုံးနှင့် ကွန်ဒို တိုက်ခန်း ၁၈ ခန်းကိုလည်း တည်ဆောက် ခဲ့သည်။ ထို့ပြင် ၁၀ နှစ်အောက် ကလေးများ အတွက် Pan Hlaing School ကို ဖွင့်လှစ်ထား လျက်ရှိပြီး ပန်းလှိုင်အိမ်ရာအတွင်း တည် ဆောက်လျက်ရှိသော ရေသန့်စက်ရုံကိုလည်း ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်လည်ပတ်သွားမည် ဖြစ်သည်။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties