By Pyi Myanmar, Shweproperty.com
Updated at 25 January 2019
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာဝန်းအတွင်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာအခန်းများကို ဖေဖော်ဝါရီလ ၄ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အခန်းများရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ အခန်းများရောင်းချသည့် ပုံစံဖြစ်သည့် လက်ငင်း ငွေချေစနစ်နှင့် ဘဏ်ချေးငွေစနစ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချ ရာတွင် ဦးရာလူစနစ်ဖြင့် ဖေဖော်ဝါရီလ ၄ရက်မှ ၂၈ရက်အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဘဏ်ချေးငွေ စနစ်ဖြင့် ဝယ်ယူသူလိုသူများသည်လည်း အဆိုပါရက်များအတွင်း လာရောက်စာရင်းပေးသွင်းရမည်ဖြစ် ကာ ရောင်းချမှုကိုမူ မတ်လ၁ရက်တွင် မဲနှိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရောင်းချပေးမည့်အခန်းများမှာ ရှစ်ခန်းတွဲ ခြောက်ထပ်( ၃၂၄စတုရန်းပေ)နှင့် ခြောက်ခန်းတွဲ ငါးထပ် (၄၆၈စတုရန်းပေ)တန်ဖိုးနည်းအိမ်ရာအခန်းများ၊ နှစ်ခန်းတွဲလေးထပ်(၁၄၃၂/၉၅၄စတုရန်းပေ)နှင့် လေးခန်းတွဲ ခြောက်ထပ်(၆၅၀စတုရန်းပေ)တန်ဖိုးသင့်အခန်းများဖြစ်ကြောင်း၊ ဝယ်ယူလိုသူများအနေဖြင့် ဧရာဝတီတိုင်းဒေ သကြီး၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Pyi Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties