By Myanmar Builders Guide, Shweproperty.com
Updated at 13 November 2019
#Unicode
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ဥမ္မာဒန္တီတန်ဘိုးနည်းအိမ်ရာ(၆)ခန်းတွဲ (၅)ထပ်တိုက်များကို ယခင်က တိုက်အမှတ်(၃),(၄),(၁၉),(၂၀)တို့မှ တိုက်ခန်းများအား ရောင်းချပေးခဲ့လျက်ရှိရာမှ ယခုအခါ ထပ်မံ၍တိုက်အမှတ်(၆),(၂၁),(၂၂) တို့မှ တိုက်ခန်းများအားရောင်းချပေးလျက်ရှိသည်။
မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊စတုတ္ထထပ် တို့မှ တိုက်ခန်းများအား ကြိုက်နှစ်သက်ရာ ဝယ်ယူနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဝယ်ယူချင်သူများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးပြည်တော်သာအိမ်ရာ၊ပုသိမ်မြို့၀၄၂ - ၂၃၇၇၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
#Zawgyi
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties