By Kumudra, Shweproperty.com
Updated at 28 February 2019
လူနေအကွက်အကွင်းကောင်းမွန်လာတာကြောင့် မန္တလေးပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားမှုမြင့်တက်နေပြီးအဆိုပါနေရာတွေမှာ ယခုရက်ပိုင်း မြေဈေးတန်းပါမြင့်မားလာ တယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။
အထူးသဖြင့် ပုသိမ်ကြီးမြို့နယ်မဲခင်း ကုန်းဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်က မြေယာတွေ ဈေးလှုပ်နေတာလို့ သိရပါတယ်။
“ဝန်ထမ်းအိမ်ရာက ခု ၁၂ လပိုင်းမှာ အခန်းရပြီးတော့ သူတို့အဝင်မပြဘူးဆိုရင် ပြန်သိမ်းတာ၊ ခုကျတော့ လူတွေ နေနေကြပြီ၊ ခုဟာက နောက်ထပ်စီမံကိန်းတောင် အဆောက်အအုံသစ်ထပ်ဆောက် တော့မှာမဲခင်းကုန်းအကျော်နားမှာ အဲဒါကြောင့် မြေဈေးကလှုပ်နေတာ”လို့ နယ်ခံအကျိုးဆောင် ကိုတိုးက ပြောပါတယ်။
သူကဆက်ပြီး “အဓိကဝန်ထမ်းအိမ်ရာကြောင့် လှုပ်လာတာ၊ ခုဟာက လူက တဖြည်းဖြည်းနဲ့လာနေပြီ၊ နောက်တစ်သုတ်က သုံးလပိုင်း(မတ်လ)မှာ ထပ်ချမှာလေ၊ ထပ်ချမယ်ဆိုတော့ ဘာပဲပြောပြော လူကပိုရောက်လာမှာ ဆိုင်လေးဘာလေး ဖွင့်ချင်တဲ့သူ နေချင်တဲ့သူကျတော့ အဆင်ပြေတာပေါ့၊ လမ်းဘေးနေရာ အကွက်အကွင်းကောင်းနေရာတွေက ဈေးနှုန်းမြင့်တက်လာသလို အကွက်ရိုက် ပေ ၃၀ x ပေ ၄၀ မြေတွေကလဲ ဈေးတန်းအရ မြင့်မားလာတယ်”လို့ သိရပါတယ်။
“ဝယ်ဖို့မေးသူပိုတယ်၊ ရောင်းမယ့် ပြု မယ်သူကနည်းတယ်၊လူနေဖို့ထက်လှောင် ထားတဲ့သဘောမျိုး ဝယ်ဖို့မေးကြတာရှိတယ်၊ သူ့ဈေးသူ့ဟာပေါ့၊ သိန်း ၁ဝဝ ဝန်းကျင်ကနေ သိန်း ၈ဝဝဝ တန်လောက်အထိ စိတ်ဝင်စားကြတယ်”လို့ နယ်ခံအကျိုး ဆောင်က ပြောပါတယ်။
မဲခင်းကုန်းကျေးရွာအနီးမှာတည်ရှိ တဲ့ ကြက်ဘဲဈေးဖွင့်လှစ်ဖို့ကိစ္စကို မန္တ လေးမြို့တော်စည်ပင်သာယာရေးကော် မတီက ယာယီဆိုင်းငံထားတာကြောင့် လည်း အဆိုပါနေရာပတ်ဝန်းကျင်ဟာ ဝယ်လက်တွေရဲ့စိတ်ဝင်စားမှု ပိုမိုမြင့်မားစေတယ်။ ဒါ့အပြင် အဆိုပါနေရာရှိ မြေကွက်တွေရဲ့ဈေးနှုန်းဟာ မန္တလေးမြို့ရှိ အခြားနေရာတွေက မြေဈေးနဲ့ယှဉ်ရင် လက်ရှိအချိန်မှာ အဆမတန်လျော့ နည်းနေတာဖြစ်တာကြောင့်လည်း ဈေးခေါ်ရောင်းနေတာဖြစ်မယ်လို့ ဆိုပါတယ်။ စိတ်ဝင်တစားမေးကြတာတွေရှိတယ်။လမ်းဘေးမိန်းနေရာတွေက အရင်တုန်းက မျက်နှာစာတစ်ပေ ၁၅ သိန်း သိန်း ၂၀ လောက်ကနေ ခု တစ်ပေ သိန်း ၃၀ လောက်ဖြစ်လာတယ်။ သည်နေရာမှာက အိမ်ရာတွေ ဆောက်နေတာလည်း ရှိတယ်။ နောက်လမ်းတွေပြင်နေတာ မီးတိုင်တွေစိုက်နေတာစသဖြင့် လူနေအကွက်အကွင်းဖြစ်လာနိုင်တဲ့အခြေခံ လိုအပ်ချက်တွေ မြင့်လာလို့ ပိုစိတ်ဝင်စားလာကြတယ်ထင်ပါတယ်လို့ မဲခင်းကုန် နယ်ခံအကျိုးဆောင်က ပြောပါတယ်။
ပေ ၃၀ x ပေ ၄၀ မြေကွက်တစ်ကွက်ကို ယခင်က ကျပ်သိန်း ၈၀ ခန့် ပေါက် ဈေးရှိရာကနေ ယခုရက်ပိုင်းမှာကျပ်သိန်း ၉၀ ၊ ၁ဝဝ ခန့် ဈေးခေါ်ရောင်းတယ်။လမ်းဘေးမေးတင် အကွက်ကျယ်တွေအပေါ် ဝယ်သူကပိုမိုစိတ်ဝင်စားမှုများတာကြောင့် အဆမတန်ဈေးအော်နေတာ တွေ့ရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties