By Kumudra, Shweproperty.com
Updated at 24 September 2018
အစိုးရအနေနဲ့ နောက်ထပ်နှစ်နှစ်ခွဲတာ ကာလအတွင်းမှာ ပြည်သူ့အိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၀,ဝဝဝ ကျော် ပြီးစီးအောင်ဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပါတယ်။
အစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာ ပြည်သူ့အိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၀,၉၂၄ ခန်း ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့် ပြီးစီးတဲ့အခန်းပေါင်းက ၅၇၄၈ ခန်း၊ ၇၀ ရာခိုင်နှုန်း ပြီးစီးတဲ့ အခန်းပေါင်းက ၅၁၇၆ ခန်း ရှိနေပြီဖြစ်ပါတယ်။ကျန်ရှိနေတဲ့အခန်းတွေ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်သလို ဆက်ပြီးတော့လည်း နှစ်နှစ်ခွဲတာ ကာလအတွင်းမှာ PPP စနစ်နဲ့ အခန်းပေါင်း ၄ဝဝဝ ကျော်၊ ကုမ္ဗဏီတွေအနေနဲ့ အခန်းပေါင်း ၆ဝဝဝ ကျော် ၊ စုစုပေါင်း ၁၀,ဝဝဝ ကျော် ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဦးကျော်တင့်ဆွေက “ မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဟာ လူဦးရေ ကြီးမားထူထပ်လာတဲ့ မြို့ပြတွေအတွက် စိန်ခေါ်မှုဖြစ်လာပါတယ်၊ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ရေရှည်ကိုမျှော်မှန်းပြီး နောင်မှာ တိုးတက်လာမယ့် အလားအလာတွေကိုပါ ထည့်သွင်းတွက်ချက် ဆောင်ရွက်ဖို့လိုပါတယ်”လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ပေါင်း ၃၃ မြို့ရဲ့ မြို့ပြစီမံကိန်းတွေကိုလည်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေနဲ့ ပူးပေါင်းပြီး မြို့ပြစီမံကိန်းတွေ ပြန်လည်ရေးဆွဲနေပါတယ်။ ဂျပန်နိုင်ငံ JICA ၊ ကိုရီးယားနိုင်ငံ KOICA တို့နဲ့ ပူးပေါင်းပြီး ရန်ကုန်-ဟံသာဝတီ-ပဲခူး စင်္ကြံလမ်းနဲ့ ရန်ကုန်အနောက်တောင်ပိုင်း ဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်း၊ ရန်ကုန်တိုင်းဒေသကြီး Master Plan ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Wordpress
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties