By Myanmar Times, Shweproperty.com
Updated at 21 October 2015
မြန်မာအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် နည်းလမ်းပေါင်းစုံနှင့် ပါဝင်ပတ် သက်မှုရှိနေသည့် တရုတ်နိုင်ငံ၏ စီးပွားရေး လေးလံထိုင်းမှိုင်းနေခြင်း၊ ပြည်တွင်း၌ ငွေကြေး ဖောင်းပွမှုနှုန်းများ မြင့်တက်လာနေသည့် အတွက် အများပြည်သူ ဝယ်ယူနိုင် သည့် စွမ်းအားများ ကျဆင်းလာနေခြင်းတို့ကြောင့် အိမ်ခြံမြေဆိုင်ရာ မူဝါဒများကို အပြောင်း အလဲ ပြုလုပ်ရန် လိုအပ်လာနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။
"ပြောနိုင်တာကတော့ ဝယ်နိုင်စွမ်းအားနဲ့ စီးပွားရေးက ကျနေတော့ ပြည်သူတွေ အတွက်ဘယ်လိုအိမ်ရာတွေ ဖော်ဖော် ဒီအတိုင်းသာ ရွေးကောက်ပွဲအပြီးထိ ဆက်သွားနေရင် ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ဖို့ ခက်လိမ့်မယ်။ ပြည်သူတွေရဲ့ အိမ်မြေပိုင်ဆိုင်ခွင့်အိပ်မက် တွေအတွက် အပြောင်းအလဲတစ်ခု လိုနေပြီ"ဟု ၎င်းကပြောသည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် Global Financical intergrity အဖွဲ့ကြီးက စင်တင်ဘာ ၁ ရက်တွင် Flight capital and illict flows to and From Myanmar (၁၉၆၀-၂၀၁၃) ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင်းသို့ နှစ်ပေါင်း ၅၀ အတွင်း တရားမဝင်ငွေကြေး အမေရိကန်ဒေါ်လာ ဘီလျံ ၉၀ နီးပါး စီးဝင် ခဲ့ပြီး ဒေါ်လာ ၁၉ ဘီလျံသာ ပြန်လည် စီးထွတ်ခဲ့သည့်အတွက် ပြည်တွင်း၌ ဒေါ်လာ ဘီလျံပေါင်းများစွာ လည်ပတ်လျက်ရှိပြီး အများစုမှာ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများသို့ စီးဝင်ခဲ့ခြင်းဖြစ်နိုင်သည့်အပြင် တရုတ်နိုင်ငံက ယင်းငွေကြေးများ ပမာဏကြီးမားစွာဖြင့် စီးဝင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကခန့်မှန်း ထားသည်။
ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်သည့် အိမ်နီးချင်း တရုတ်နိုင်ငံ၏ စီးပွား ရေးတိုးတက်မှုနှုန်းမှာ ယခုနှစ် ၅ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည့် အချိန်တွင် မြန်မာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေခဲ့ပြီး နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စီးပွားရေးတိုးတက်မှုနှုန်း နှစ်ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း လက်ရှိ မြန်မာ စီးပွားရေး တိုးတက်မှုနှုန်းထားမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်သည်။
ထို့ပြင် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းထားချက်အရ ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိသဖြင့် အများပြည်သူ ဝယ် နိုင်စွမ်းအား လျော့ကျပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အရောင်းအဝယ်ကျဆင်းကာ စီးပွားရေးထိုင်းမှိုင်းလေး လံမှုများ ဖြစ်ပေါ်လာသည့်အတွက် အများပြည်သူ အိမ်ရာ ပိုင်ဆိုင်နိုင်ရန် အခက်အခဲများ ရှိလာခဲ့ သည်။ ပြည်တွင်းအိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွင်း၌ တရုတ်နိုင် ငံသားများ ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားစွာ ရှိနေဆဲ ဖြစ်သည့်အတွက် တရုတ်စီးပွားရေးလေးလံ ထိုင်းမှိုင်းမှုသည် မြန်မာ့အိမ်ခြံမြေဈေးကွက်ကိုပါ ကြီးမားသည့် ထိခိုက်မှုများရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်း ရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
"မြန်မာ့အိမ်ခြံမြေလောကမှာ သူတို့ရဲ့ ငွေတွေလည်းပါနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တွေလည်း ရှိပါတယ်။ တရုတ်စီးပွားရေး ကျဆင်းမှုက မြန်မာကိုလည်းထိခိုက်ပါတယ်။ ဘယ်လောက်ပမာဏကြီးကြီးနဲ့ ထိခိုက်နေ သလဲဆိုတာကတော့ တော်တော်လေးပြောဖို့ ခက်ပါတယ်။ အခုလောလောဆယ် ဆောက်လုပ်ရေးလောကမှာတော့ အရောင်းအဝယ်က သုည ရာခိုင်နှုန်းလောက်အထိကို ကျနေပြီလို့ တောင် ပြောရမလိုဖြစ်နေပြီ။ အများပြည်သူ အိမ်ရာပိုင်ဆိုင်ခွင့် အိပ်မက်အတွက်ကတော့ အရင်းအနှီးနဲ့ မြေတွေလည်း ရှိဖို့လိုတယ်။ ဘဏ်စနစ်ကလည်း အရေးကြီးပါတယ်" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွင်း အချက်အချာကျ သည့် နေရာများ၊ စီမံကိန်းလုပ်ငန်းများ အနီးရှိ မြေကွက်များကို ကြိုတင်ဝယ်ယူဈေးကစား သူများမှာ တရုတ်နိုင်ငံသားများပါဝင်သည်ဟု အတိအကျ ပြောဆိုရန်ခက်ခဲသော်လည်း မြန်မာနိုင်ငံသားများ အမည်ခံကာ မြေကွက် ဈေးကစားဝယ်ယူမှုများ၊ ကွန်ဒိုတိုက်ခန်းများ ဝယ်ယူစေခြင်းများ ရှိနေသည့်အတွက် ယင်းတို့ကို တရားဝင်လမ်းကြောင်းပေါ်က ဝယ်ယူခြင်းဖြစ်လာစေရန် အသစ်ထွက်ရှိ လာနိုင်သည့် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းရန် လိုအပ် သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မျှော် လင့်နေသည့် စုပေါင်းပိုင် အဆောက်အအုံ မူကြမ်း ကွန်ဒိုဥပဒေတွင်ပါရှိသည့် အချိုးကျမြေပိုင်ဆိုင်ခွင့်ကြောင့် ၁၉၈၇ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ အက်ဥပဒေ နှင့် ငြိစွန်းနေသည့်အတွက် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကြမ်းမှာ လွှတ်တော် တွင် အတည်ပြုနိုင်ရန် ကြန့်ကြာလျက် ရှိသည်။
"၁၉၈၇ ဥပဒေနဲ့ ငြိစွန်းနေတာလို့ ပြောတာထက် ရှေးရိုးစွဲ လူတချို့ကမြေကို နိုင်ငံခြားသားလက်ထဲ အရောက်မခံနိုင်တဲ့ အမြင်လေး တွေရှိလို့ ခက်နေသေးတယ်။ လွှတ်တော်ထဲ မှာရှိတဲ့လူအားလုံး လက်ခံနိုင်အောင်လို့ အချိန်တစ်ခုတော့ ပေးရလိမ့်မယ်"ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများလွှဲပြောင်းခြင်း ဥပဒေအရ နိုင်ငံခြားသားများ၏ မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားသည့်အပြင် တရားမဝင် လွှဲပြောင်း ရောင်းဝယ်မှုများ ပြုလုပ်ပါက ရဲအရေးပိုင် သည့် ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်အရေးယူ နိုင်ပြီး ထောင်ဒဏ်၊ ငွေဒဏ်များပါ ချမှတ်နိုင် ရန် ပြဋ္ဌာန်းထားပြီးလည်း ဖြစ်သည်။
Ref : Myanmar Times
Photo Credit : Myanmar TImes
Posted By : Hted Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties