By The Kumudra, Shweproperty.com
Updated at 8 June 2015
အကျိုးတူစနစ်နဲ့ တည်ဆောက်နေတဲ့ ပုလဲချယ်ရီကွန်ဒိုကို ဈေးနှုန်းနှစ်မျိုးနဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
"Standard Package နဲ့ Furnish Package ဆိုပြီးနှစ်မျိုးခွဲထားတယ်၊ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တယ်၊ စဝယ်တဲ့အချိန်ကနေ အခန်းအပ်မယ့်ရက်ကို ချိန်ပြီးပေးလို့ရတယ်၊ ပုံသေတော့မရှိဘူး"လို့ နန်းထိုက်ရွှေစင်ကုမ္ပဏီရဲ့ ဒါရိုက်တာ မနန်းခိုင်ဇာလင်းက ပြောပါတယ်။
သည်ကွန်ဒိုအထပ်မြင့် ကိုးထပ်တည်ဆောက်မှာဖြစ်ပြီး အခန်းပေါင်း (၂၄) ခန်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပန့်ဟောက်စ်နှစ်ခန်းပါဝင်ပြီး ဘေ့စ်မန့်မှာ ကားပါကင်ထည့်သွင်းထားပါတယ်။
အခန်အကျယ်တွေက အနည်းဆုံး (၁၄၅၅) စတုရန်းပေကနေ အများဆုံး (၁၆၇၅) စတုရန်းပေ ဆိုပြီး အစားစားရှိပါတယ်။ ဈေးနှုန်းတွေကတော့ အိမ်တွင့်ပြင်ဆင်မှုမပါတဲ့ အခန်းဆိုရင် တစ်ပေပတ်လည်ကို ကျပ် (၁၈၀,၀၀၀) ကစပြီး အိမ်တွင်းပြင်ဆင်မှုပါရင် တစ်ပေပတ်လည်ကိုကျပ် (၂၃၀,၀၀၀) ကစတယ်လို့ သိရပါတယ်။
၎င်းကွန်ဒိုကို နန်းထက်ရွှေစင် ကုမ္ပဏီနဲ့ Power Wing Pile ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း တည်ဆောက်တာ ဖြစ်ပါတယ်။ ယခုလက်ရှိ မြေအောက်ကားပါကင် စဆောက်နေပြီဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ အပြီးတည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သည်ကွန်ဒိုကို ဂရန်မြေပေါ်မှာ တည်ဆောက်တာဖြစ်ပါတယ်။ ဓာတ်လှေကားနှစ်စင်း၊ အားကစားခန်းမ၊ ဆိုင်ခန်း၊ လျှောက်လမ်း၊ စီစီတီဗီ စတာတွေ ပါဝင်မှာဖြစ်ပါတယ်။ ၎င်းကွန်ဒိုကို ကျိုက်ဝိုင်းဘုရားလမ်းမပေါ် ရှစ်မိုင်လမ်းဆုံ မရမ်းကုန်းမြို့နယ်မှာ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref : KMDW
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties