By Myanmar Times, Shweproperty.com
Updated at 26 February 2015
တရားမဝင် တည်ဆောက်နေသည့် အဆောက် အအုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ကိုရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေသည့်အတွက် ဆောက်လုပ်ခွင့် တင်ပြ ဆောက်လုပ်မှုများ နှစ်ဆနီးပါး တိုးတက် လာကြောင်း တာဝန်ရှိသူတစ်ဦးက ယခုလ ၂၃ ရက်နေ့က ပြောသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုမိန့်ချထားပေးခဲ့သော အဆောက်အအုံ ပေါင်းမှာ ၇,၂၇၀ ဖြစ်ပြီး အဆိုပါ အရေ အတွက်သည် ပြီးခဲ့သည့်၂၀၁၃-၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးတက်လာခဲ့သည်။ "ခွင့်ပြုခဲ့တဲ့ အဆောက်အအုံ ၇,၀၀၀ ကျော် မှာ ၃,၀၀၀ ကျော်က ငါးထပ်ကနေ ရှစ်ထပ်ခွဲ ထိရှိတဲ့အထပ်မြင့်အဆောက်အအုံတွေပါ။ ကိုးထပ်ကနေ ၁၂ ထပ်ခွဲအထိ အဆောက် အအုံပေါင်း ၈၉လုံးဖြစ်ပြီး ၁၂ ထပ်ခွဲနဲ့အထက် အဆောက်အအုံပေါင်း ၃၄ လုံးကို ဆောက်လုပ် ခွင့်ပြုခဲ့ပါတယ်။၂၀၁၅၊ ဇန်နဝါရီ တစ်လထဲမှာ ကို ကျွန်တော်တို့ဆီ ပါမစ်တင်ပြီး ခွင့်ပြုခဲ့တဲ့ အဆောက်အအုံက၆၉၉ လုံးရှိတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၊ အဆောက်အအုံဌာနမှတာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ ဌာန၏စာရင်းများအရ ရက်သတ္တတစ်ပတ် လျှင် အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားသည့် အဆောက်အအုံပေါင်း ၁၀၀ ကျော်ခန့်ရှိနေသည်။ ၂၀၁၁ ခုနှစ် အတွင်း မြို့တော်စည်ပင်သို့ခွင့်ပြုမိန့် တင်သည့် အဆောက်အအုံပေါင်း ၂,၁၀၀ ကျော်သာရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ခွင့်ပြုမိန့်တင်ပြသည့် အဆောက်အအုံပေါင်း ၂,၄၆၀ လုံးနျင့် ၂၀၁၃ ခုနှစ်တွင် ၄,၄၆၀ ကျော် အသီးသီးရှိခဲ့သည်။ "အဆောက်အအုံတွေ ခွင့်ပြုမိန့်ပေးရာမှာ ဆောက်လုပ်တဲ့ ကန်ထရိုက်ဘက်က လိုအပ် တဲ့စာရွက်စာတမ်းတွေကို အပြည့်အစုံ တစ်ခါတည်း ပြင်ဆင်လာမယ်ဆိုရင် ခွင့်ပြုမိန့် ရဖို့က မကြာပါဘူး။ သူတို့လာတင်တဲ့ အဆို ပြုချက် အောင်၊ ျွအောင်ဆိုတာကို ၁၄ ရက်နဲ့ ရအောင်လုပ်ပေးပါတယ်။ ဥပမာ - အမှုတွဲ အပြည့်အစုံ၊ မြေကွက် ကိုက်ညီမှု ရှိ မရှိစသဖြင့် ပြည့်ပြည့်စုံစုံတင်ရင်ကျွန်တော်တို့က စစ်ဆေးတယ်။ ပြည့်စုံတာတွေ့ရင် ၁၄ ရက် နဲ့ရတယ်။ ပြီးတော့မှ ပုံစံလက်ခံစစ်ဆေး ရေးမှာ ငါးရက်ကြာတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအထိ ခွင့်ပြုမိန့်မရရှိပဲ တည် ဆောက်သဖြင့်အရေးယူခဲ့ရသည့် အဆောက် အအုံပေါင်း ၄၅ လုံးရှိပြီး လိုင်စင်မဲ့ အဆောက် အအုံများကို အရေးယူခဲ့သည်။ ၎င်းအ ဆောက်အအုံများအနက် အချို့ကို ပြန်လည် ဖျက်သိမ်းသည်အထိ အရေးယူခဲ့သည်ဟု ၎င်းကပြောသည်။ လိုင်စင်မဲ့ ဆောက်လုပ်မှုများသည် မရမ်း ကုန်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များ တွင် အများဆုံးဖြစ်ပြီး ခရိုင်အနေဖြင့် ကြည့်မည်ဆိုလျှင် အရှေကပိုင်းခရိုင်မှာ ဖွံ့ဖြိုးမှု အမြန်ဆုံးနျင့် ဆောက်လုပ်ရေး အများဆုံး ခရိုင်ဖြစ်ပြီး လိုင်စင်မဲ့ ဆောက်လုပ်ရေး လုပ်ငန်းများ အများဆုံးသော ခရိုင်လည်းဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းတွင် အဆောက် အအုံများဆောက်လုပ်မည်ဆိုပါက မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖြစ်စေ၊ ဗဆာက်လုပ်ရေးဝန်ကြီးဌာနမှလွဲ၍ သက် ဆိုင်ရာ ဝန်ကြီးဌာနများမှ တည်ဆောက်မည့် အဆောက်အအုံများ အားလုံးမြို့တော် စည်ပင်၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ခွင့်ပြုမိန့်ဖြင့်သာ ဆောင်ရွက်ရသည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties