By မိုးသိင်္ဂီဇော်, Shweproperty.com
Updated at 25 March 2014
အိမ်ခြံမြေဈေးကွက်အတွင်းမှာ အရှုပ်အရှင်းပြဿနာတစ်စုံတစ် ရာ မပေါ်ပေါက်စေဖို့ မြေချပါမစ်နဲ့ ပတ်သက်တာတချို့ကို ဖော်ပြပေးလိုက်ပါ တယ်။
အိမ်ခြံမြေရောင်းဝယ်မှုမှာ မြေချပါမစ် ဝယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ မြေယာ ရုံး ခွဲတွေမှာ စစ်ဆေးသင့်သလို အိုးအိမ်နဲ့ စည်ပင်မှာလည်း စာရွက်စာတမ်းပြည့်စုံမှု ရှိ မရှိကို စစ်ဆေးရပါမယ်။ ပါမစ်တစ်စုံမှာ အိမ်ရာရွှေ့ပြောင်းသူရဲ့ ရာဇာဝင်၊ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်၊ မှီခိုသူမိသားစု စာရင်း စတာတွေကို မဖြစ်မနေစစ်ဆေး သင့်ပါတယ်။ အိုးအိမ်ဦးစီးဌာနရဲ့ ဦးစီး လက်မှတ်၊ ဒုညွှန်မှူး လက်မှတ်တွေ ပါမပါ ကြည့်ရှုရပါမယ်။ မြေပုံနဲ့ မြေရာဇဝင်ပါရှိက ပိုကောင်းတယ်လို့ သိရပါတယ်။
ပါမစ်မူရင်းဆိုတိုင်း စိတ်မချရပါဘူး။ ပါမစ်ပျောက်ဆိုပြီး ပြန်လည်လျှောက်ယူသူတွေ ရှိနေပါတယ်။ ပါမစ်ပျောက်ဆုံးဆို ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ရဲစခန်းထောက်ခံစာတွေနဲ့အတူ တရားသူ ကြီးရှေ့မှာ ကျမ်းကျိန်လွှာတို့နဲ့ မှတ်ပုံတင် ပြနိုင်ရင် စည်ပင်မှာ ပါမစ်ပျောက်၊ ဂရန် သစ် လျှောက်ထားလို့ရပါတယ်။ ဒါကြောင့် စာရွက်စာတမ်း အစုံအလင်ရှိပေမဲ့ မြေကွက်ကိုလည်း အချိန်ပေးပြီးသွားရောက် ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
ဂရန်သစ်လျှောက်တဲ့အခါမှာ ကန့်ကွက်မှု ရှိမရှိကို နိုင်ငံပိုင်သတင်းစာတွေကနေ ကြော်ငြာရပါမယ်။
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး ရုံးကိုလည်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာပေးပို့ရမှာ ဖြစ်ပါတယ်။
မြေတိုင်းဆင်း အဆင့်ဆင့် ဆောင်ရွက်ပြီး ကန့်ကွက်သူ မရှိပါက ဂရန် အသစ်ချပေးမှာ ဖြစ်ပြီး ဂရန်သစ်လျှောက်ထားချိန် အ နည်းဆုံး တစ်နှစ်ကြာမြင့်တယ်လို့ သိရပါတယ်။
Ref : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties