By The Kumudra, Shweproperty.com
Updated at 30 December 2015
ဈေးကွက်အတွင်းမှာ ပါမစ်မြေ အမျိုးအစားတွေကို လက်ဆင့်ပွား ရောင်းချတာမျိုးရှိကာ မြေကွက်ကို လက်ရှိပိုင်ဆိုင်ထားတဲ့ သူက မသိဘဲ တခြားသူကအမည်ပေါက်လျှောက်ပြီး ဂရန်ရသွားတာမျိုးရှိတာကြောင့် ဌာနဆိုင်ရာတွေမှာ သေချာ စစ်ဆေးသင့်တယ်လို. သိရပါတယ်။ တချို.သူတွေက ရောင်းပြီးသား မြေကွက်တွေကို နောက်ထပ်ရောင်းချတာမျိုးရှိတယ်။ ပါမစ်ကို ပါမစ်ပျောက်လျှောက်ကာ ရောင်းချတယ်။ ဝယ်ထားသူက မသိဘဲ အမည်ပေါက်လျှောက်မှ သိတာမျိုး တချို.ဆို ဂရန်အမည်ပေါက်ပြီး လက်ဆင့်ကမ်းထပ်ရောင်းတာမျိုးကျမှ သိရှိရတာမျိုး ရှိပါတယ်။ အကျိုးဆောင် ရှေ.နေ ဦးမောင်မောင်က ‘ မြေဝယ်မှုက ထင်သလောက် မလွယ်ကူပါဘူး၊ ပါမစ်ဝယ်မယ်ဆို ပါမစ်နဲ. ဝယ်ထားတဲ့ စာချုပ်ပါမစ်က မူရင်းဟုတ်မဟုတ်၊ စစ်မစစ်သက်ဆိုင်ရာ ဌာနမှာ စစ်ရမယ်၊ အကုန်မှန်တယ်ဆိုမှ စရန်ငွေပေးပြီး အရောင်းအဝယ်လုပ်တာ အကောင်းဆုံးပဲ’လို. ပြောပါတယ်။ ပိုင်ရှင်တွေကိုယ်တိုင်ကပဲ အသစ်လျှောက်ပြီး ရောင်းချတာမျိုးတွေလည်း ရှိတယ်။ ပါမစ်ဝယ်ထားတဲ့ သူတွေအနေနဲ. စိတ်ချထားလို. မရဘူးလို. ပြောပါတယ်။ ပါမစ်အပြည့်အစုံမှာ ပိုင်ရှင်ရဲ. ဓာတ်ပုံတစ်ပုံ၊ ဝန်ခံကတိပြုစာရွက်သုံးရွက် ပါရှိတယ်။ အဲသည်လို မျိုးစုံမှ အရောင်းအဝယ် ပြုလုပ်လို. ရတာပါ။ ဂရန်လျှောက်တဲ့အခါမှာ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကို ဌာနမှာ ပြန်အပ်ပြီး မှ ဂရန်လျှောက်ထားလို. ရတာဖြစ်ပါတယ်။ ဒါပေမဲ့ တချို.က ပါမစ်ကို ပျောက်ဆုံးလျှောက်ပြီး ဂရန်လျှောက်ကြတာရှိတာကြောင့်ပါ။ တချို.က ပြန်အပ်ရမယ့်ပါမစ်ကို မအပ်ဘဲ ရောင်းကြတာပါ။ သည်လို တွေ မဖြစ်အောင် မြေစာရင်းရုံးမှာ စစ်ဆေးလို. ရတယ်လို. သိရပါတယ်။
Ref : The Kumudra
Photo Credit : wikipedia
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties