By eleven, Shweproperty.com
Updated at 8 September 2014
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ် Chatrium ဟိုတယ်အနီး ၃၁ ထပ်အမြင့် ရှိ THE LLUSTRA အဆင့်မြင့်ကွန်ဒိုကို ပြည့်စုံဝင်းနိုင် ကုမ္ပဏီလီမိတက်က ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်တွင် Sule ShangriLa Hotel ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ကွန်ဒိုကို နိုင်ငံတကာအဆင့်မီ ကွန်ဒိုတိုက်ခန်းအဖြစ် ဖိုးစိန်လမ်းရှိ အမှတ် ၃၆ မြေ ဝ ဒသမ ၉ ဧကပေါ်တွင် ၂ဝ၁၇ နှစ်ကုန်ပိုင်း၌ အပြီးဆောက်လုပ်ရန် လျာထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
ယင်းကွန်ဒိုတွင် ကားပါကင်အပါအဝင် လူနေအခန်း စုစုပေါင်း ၂၅၂ ခန်း ပါဝင်မည်ဖြစ်ပြီး မြေအောက်ထပ်မှ ငါးထပ်အထိ ကားပါကင်၊ ခြောက်ထပ်မှ ၁၉ ထပ်အထိ Unit အသေးစားအခန်းများ တစ်ထပ်လျှင် ၁ဝ ခန်းစီ ပါဝင်မည်ဖြစ်ကြောင်း၊ အထပ် ၂ဝ တွင် ရေကူးကန်၊ ကလေးကစားကွင်း၊ ကော်ဖီဆိုင်များနှင့် Class House များလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ ၂၁ ထပ်မှ ၃၁ ထပ်အထိ Unit အကြီးစားအခန်းများ တစ်ထပ်လျှင်ရှစ်ခန်းစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းကွန်ဒိုတွင် အခန်းပေါင်း ၂၅၂ ခန်းရှိသည့်အနက် ၉၂ ခန်းကိုသာ ဦးစွာဝယ်ယူခွင့်ရရှိမည်ဖြစ်ကာ အခန်းတစ်ခန်းလျှင် ပျမ်းမျှအနည်းဆုံး သိန်း ၄၇ဝဝ မှ အများဆုံး သိန်း ၈ဝဝဝ အထိ သတ်မှတ်ထားကြောင်း၊ ထပ်မံဆောက်လုပ်မည့် အထပ်များမှာ ယခုထက် ဈေးပိုမြင့်မည်ဖြစ်ကြောင်း သိရသည်။
“အခုကတော့ ကွန်ဒိုဥပဒေကို လွှတ်တော်ကို တင်သွင်းထားပါတယ်။ ဒီတော့ ခုလောလောဆယ်မှာ မိသားစုပိုင်ကုမ္ပဏီဆိုပေမဲ့ နောက်ပိုင်းကွန်ဒိုမီနီယမ်ဥပဒေ ထွက်လာရင် မြေပိုင်ဆိုင်မှုကို အများပိုင်အဖြစ် လွှဲပြောင်းပေးသွားမယ်။ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုကိုလည်း ခွင့်ပြုသွားမယ်” ဟု ပြည့်စုံဝင်းနိုင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆိုသည်။
ယင်းကွန်ဒိုအခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဦးစွာအမေရိကန်ဒေါ်လာ ငါးထောင်ပေးသွင်းထားရမည်ဖြစ်ကာ ပထမလ၏ နှစ်ပတ်အတွင်း တိုက်ခန်းတန်ဖိုး၏ ခြောက်ရာခိုင်နှုန်းကို ပေးသွင်းပြီးပါက ဒေါ်လာငါးထောင်ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နှစ်လအတွင်း ၁ဝ ရာခိုင်နှုန်း၊ တတိယအဆင့်အနေဖြင့် သုံးလအတွင်း ၁ဝ ရာခိုင်နှုန်းနှင့် lnstallmance နည်းဖြင့် ငွေပေးချေပါက ကျန်ငွေများကို တစ်လလျှင် နှစ်ရာခိုင်နှုန်းစီဖြင့် အရစ်ကျပေးသွင်းရမည်ဖြစ်ပြီး Progessive နည်းဖြင့် ငွေပေးချေပါက အထပ်တစ်ထပ်ပြီးတိုင်း နှစ်ရာခိုင်နှုန်းခန့် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ဒိုဆောက်လုပ်ခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties