By မင်းမင်း, Shweproperty.com
Updated at 22 September 2013
အစိုးရ လက်ရှိဆောက်လုပ်နေသည့် တန်ဖိုးသင့်တင့်အိမ်ရာများ ရောင်းချရာတွင် အဂတိလိုက်စားမှုမှ ကာကွယ်ကာ လက်ထပ် ပြီးစ လူငယ်များနှင့် အမှန်တကယ် လိုအပ် သူများကိုသာ ရောင်းချပေးမည့် ဥပဒေတစ် ရပ်ရေးဆွဲတင်ပြမည်ဟု ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ်မှ တိုင်းအမတ်ဒေါက်တာ ညိုညိုသင်း က ပြောဆိုလိုက်သည်။
''အစိုးရကို အားကိုးလို့ မရဘူး။ မြန်မာ တွေရဲ့ ထုံးစံအရ ပိုက်ဆံရှိတဲ့သူတွေက ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲ တကယ်လိုအပ်တဲ့ သူတွေကိုသာ ရောင်းဖို့ ဒီဥပဒေထဲ ထည့်ဆွဲမှာပါ'' မဇ္ဈိမကို ပြောသည်။
အိမ်ယာများအတွက် ဥပဒေတစ်ရပ်ရေး ဆွဲရန် အစိုးရကိုတိုက်တွန်းသည့် အဆိုကို စက်တင်ဘာ၁၈ရက်ကပြုလုပ်သည့် ရန်ကုန် တိုင်းလွှတ်တော်တွင် ဒေါက်တာညိုညိုသင်း ကတင်ပြထားသော်လည်း ''ကိုယ်တိုင်ရေး ဆွဲပြဋ္ဌာန်းပြီးတော့ လွှတ်တော်ကို တင်သွင်း လို့ရှိရင်တော့ အစိုးရကို ရေးဆွဲခိုင်းပြီး လွှတ် တော်ကို တင်သွင်းခိုင်းတာထက် ပိုပြီးတော့ မြန်ဆန်မယ်''ဟုဆိုကာ အဆိုကို ပြန်ရုပ်သိမ်းခဲ့သည်။
''ကျွန်မတို့ တိုင်းပြည်မှာက ပြဿနာတစ်ခုရှိပါတယ်။ မူကတော့ အမြဲတမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီမူတွေကို အကောင်အထည် ဖေယ်တဲ့လူတွေကတော့ ခေတ်အဆက်ဆက်ဆက် မကောင်းကြတာများပါတယ်ရှင့်။ မ ကောင်းတဲ့သူတွေကို ထိန်းကျောင်းဖို့ ဆိုတာ ကျွန်မတို့က ဥပဒေဆိုတာလိုပါတယ်''ဟု ဒေါ် ညိုညိုသင်းက လွှတ်တော်တွင် ပြောဆိုသည်။
ကိုယ်တိုင်ရေးဆွဲမည့် ဥပဒေတွင် အိမ်မရှိသေးသည့် လက်ထပ်ပြီးစ လူငယ်စုံတွဲ များနှင့် သား၊သမီးများပြီး အိမ် မရှိသေးသည့်အိမ်ထောင်သည်များကို ဦးစားပေးရောင်း ချနိုင်ရန် ဥပဒေတွင် ထည့်သွင်းရေးဆွဲမည် ဟုလည်း သူက ဆိုသည်။
ထိုဥပဒေကို နောက်တစ်ကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး ''အစိုးရက သဘောတူ မတူတော့ မသိဘူးပေါ့။ ဒါပေမဲ့ မတူလောက်ဘူးဆိုပြီး ဒီအတိုင်းနေလို့လည်းမဖြစ်ဘူးလေ'' ဟု ဒေါ် ညိုညိုသင်းက ပြောသည်။
ဥပဒေတွင် ပြည်သူများဘက်မှ စိတ်ချယုံကြည်သည့် အိမ်ရာရောင်းချရေးကော်မ တီတစ်ရပ်ကို ဖွဲ့စည်းထားမည်ဖြစ်ပြီး ထို ကော်တီက ရောင်းချမည့် ထိုအိမ်ရာများကို ပိုင်ဆိုင်ခွင့်မရှိစေရန် ပြဋ္ဌာန်းသွားမည်ဟု လည်း အမတ်များကို သူက ရှင်းပြသည်။
အစိုးရက ယခင်က ''တန်ဖိုးနည်းအိမ်ရာ'' ဟုဆိုရာ အိမ်ရာများ ဆောက်လုပ်ရန် စီမံသော်လည်း သတ်မှတ်ထားသည့် အိမ် ဈေးနှုန်းမှာ ကျပ်သိန်း ၁၅ဝ မှ ၂ဝဝအထိ ဖြစ်နေသဖြင့် အခြေခံလူတန်းစား လက်လှမ်း မီသည့် ဈေးမဟုတ်ဟုဆိုကာ မီဒီယာများ နှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်မှုများ ရှိ နေသည်။
နောက်ပိုင်းတွင် အစိုးရက အိမ်ရာစီမံ ကိန်းများကို ''တန်းဖိုးသင့်တင့် အိမ်ရာများ'' ဟု ပြောင်းလဲသုံးနှုန်းခဲ့သော်လည်း ဈေးနှုန်း မှာမူ မပြောင်းလဲခဲ့ပေ။
တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်ပြီးပါက ပြီးပါက လစာနည်းသည့် ဆရာ/ ဆရာမများ ဝယ်ယူနိုင်အောင် စီမံပေးမည်ဟုလည်း ပြည် ထောင်စုဆောက်လုပ်ရေး ဒု-ဝန်ကြီးဦးစိုး တင့်က ဇူလိုင် ၂၉ ရက်က အောက်လွှတ်တော် တွင် အစည်းအဝေးတွင် ပြောဆိုထားသည်။
ဒုတိယပတ်က ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုံတိုးလာပြီးနောက် မြေ ဈေးများ အဆမတန်တက်လာသဖြင့် နွမ်း ပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာကြကြောင်း စက် တင်ဘာဒုတိယပတ်က အေအက်ဖ်ပီ သတင်း ဌာနတွင် ဖေါ်ပြခဲ့သည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties