By ထိုက်ထိုက်, Shweproperty.com
Updated at 24 July 2013
လက်ရှိအိမ်ခြံမြေ ဈေးကွက်အ တွင်း စီမံကိန်း ဖော်ဆောင်မည့် နေ ရာများရှိ အိမ်ခြံမြေ အရောင်းအဝယ် များ အမြင့်ဈေးဖြင့် ပြန်လည်ငြိမ် သက်သွားကြောင်း အိမ်ခြံမြေဈေး ကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
ယခုလပိုင်းအတွင်း စီမံကိန်း နေရာများဖြစ်သည့် ဒလမြို့နယ်၊ သံ လျင်မြို့နယ်များသည် ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သော်လည်း အမှန်တကယ် အရောင်းအဝယ် ဖြစ် ထွန်းမှုမှာ အနည်းငယ်သာ ဖြစ်ပြီး ဈေးနှုန်းများ ဆက်လက် မြင့်တက်နေ သောကြောင့် အရောင်းအဝယ် များ ပြန်လည် ငြိမ်သက်သွားခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်အေးက ပြော သည်။
''ဈေးကွက်က ဒလတို့ဘာတို့ ကတော့ ငြိမ်သွားပြီ။ အမြင့်ဈေးခေါ် ပြီးတော့ အရောင်းအဝယ်မဖြစ်ဘဲနဲ့ ငြိမ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာမြေကွက်တစ်ကွက်က သိန်း၃ဝဝ နဲ့ ရောင်းထွက်သွားရင် သူ့ဘေးက မြေကွက်က သိန်း၅ဝဝလောက် ဈေး မြှင့်ပြီး ခေါ်တော့တာပဲ။ အဲလိုဈေး တွေ လိုက်လိုက်တက်ရင်းနဲ့ ဝယ်မယ့် သူက မကပ်နိုင်တော့ဘူး။ ဒါကြောင့် အမြင့်ဈေးနဲ့ ငြိမ်နေတယ်'' ဟု ၎င်း က ပြောသည်။
အဆိုပါ စီမံကိန်းရှိ အိမ်ခြံမြေ များ အရောင်းအဝယ် မြှင့်တက်ခဲ့ချိန် က သံလျင်မြို့ရှိ ပေ၄ဝဥန ပေ၆ဝ မြေကွက်တစ်ကွက်လျှင် သိန်း၃ဝဝ ဖြင့် အရောင်းအဝယ်များ ဖြစ်ခဲ့ပြီး ဒလမြို့ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ လည်း ပေ၄ဝဥန ပေ၆ဝ မြေကွက်တစ် ကွက်လျှင် သိန်း၄ဝဝဝဝန်းကျင်ထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ လက်ရှိတွင် ယင်းဈေးနှုန်းများဖြင့် အရောင်းအဝယ် တန့်နေကြောင်း သံလျင်မြို့ရှိ အိမ်ခြံမြေ ဈေးကွက် အတွင်းမှ သိရှိရသည်။
''လဆန်းလောက်က ဆိုရင် သီ လဝါတို့ ဒလတို့က ဈေးကွက်ရဲ့ ထိပ် ဆုံးနေရာမှာရပ်တည် နေတယ်။ ဒလ ဘက်က အတွင်းပိုင်းဆိုရင် သိန်း၄ဝ ဝန်းကျင်ရှိတယ်။ လမ်းမတန်းက သိန်း ၄ဝဝဝ လောက်တက်သွား တယ်။ တစ်နေ့ကို ဖုန်းနဲ့မေးတာ တွေရော လူကိုယ်တိုင် လိုက်ပြရတာ ရော ခုနစ်ခု၊ ရှစ်ခုလောက် ရှိတယ်။ အရောင်းအဝယ်ကတော့ နှစ်ခု လောက်တော့ ဖြစ်တယ်။ အခုက တော့ မြေကွက်တစ်ခုစ နှစ်ခုစတော့ လိုက်ပြနေရပါတယ်။ အရောင်းအ ဝယ်အေးပြီး ခေါ်ဈေးပဲရှိတဲ့ သဘော ဖြစ်နေတယ်'' ဟု ရွှေကံမြေ အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စီမံကိန်းဖော်ဆောင် မည့် နေရာအချို့အား ဈေးကစား သူများက အမြင့်ဈေးပေးပြီး ဝယ်ယူ ရန် စရန်သာ ပေးချေထားပြီး အမှန် တကယ် ဝယ်ယူမှုမပြုတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
၎င်းက'' စီမံကိန်းနေရာတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ဈေးတွေ မတန်တဆပေးပြီး လိုက်ဝယ်တယ်။ ဈေးဆက်တက်မလား စောင့်တယ်။ မတက်တော့ စရန်ချထားတာကို အရှုံး ခံပြီး မဝယ်တော့ဘူး။ အဓိကတော့ ဝယ်ရောင်းသမားတွေပေါ့။ နောက် တစ်မျိုးက ဈေးသိပ်မရှိတဲ့ နေရာတွေ ကို ဝယ်ထားတယ်။ ပြီးတော့သူ့ အဲဒီ နေရာ ဈေးတက်အောင် အမြင့်ဈေး တွေပေးပြီး လိုက်ဝယ်တယ်။ ဈေးက စားကြတာပေါ့။ အဲဒီလိုတွေကြောင့် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေက အချိုး ညီညီ ဈေးကွက်မဖြစ်ဘူး ဖြစ်နေ တာ'' ဟု သုံးသပ်သည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties