အိမ်တွင်းမှာအိုးလေးတွေနဲ့ သစ်ပင်လေးတွေ စိုက်ပျိုးထားခြင်းဖြင့် အိမ်တွင်းလေထုကို သန့်စင်ပေးနိုင်တဲ့အပြင် အိမ်တွင်းရဲ့အလှအပနဲ့ စွဲဆောင်မှု အိမ်တွင်းအလှပြင်ဆင် ဖန်တီးခြင်းကိုပါ ပြုလုပ်လို့ ရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်အခန်းထဲမှာ ဘယ်လိုအပင်လေးတွေထားလို့ရသလဲဆိုတာ အိမ်ရှင်မတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
 
၁။ ရေချိုးခန်း
 
Lady palm trees သည် ဆပ်ပြာတွေနဲ့ သင့်ရေချိုးခန်းကို သန်ရှင်းပြီးနောက် အလွန်အသုံးဝင်သော အမိုးနီးယား၏ လေထုကို ရှင်းလင်းပေးပါတယ်။
 
Chinese evergreens သည် လေထုထဲရှိ Formaldehyde ကို ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီအပင်အတွက် အကောင်းဆုံးနေရာက ခန်းချိုးခန်း ဖြစ်ပါတယ်။
 
European ivy( ဥရောပတိုက်ကပ်နွယ်ပင်) သည် တခြားအပင်တွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူမှု ပိုကောင်းပါတယ်။ ဒါက လေထုညစ်ညမ်းမှုတွေ လေထုထဲရှိ formaldehyde တွေကို ရှင်းလင်းပေးပါတယ်။
 
၂။ အိပ်ခန်း
 
Sansevieria trifasciata ကို Snake plant(မြွေပင်)လို့လည်းခေါ်ပြီး ထိုအပင်သည် ညအချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကိုထုတ်လွှတ်ပေးပါတယ်။ သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး လေထုထဲက အဆိပ်တွေ၊ ဖော်မယ်ဒီဟိုက်, benzene ,trichlorethyleneတွေကို ရှင်းလင်းပေးပါတယ်။
 
peace lilies လို့သိကြတဲ့ Spathiphyllum သည် နေအိမ်ထဲက အဆိပ်အတောက်များ(ACETONE, BENZOLနှင့် အမိုးနီးယား)တွေကို အလွယ်တကူ စုပ်ယူပေးပါတယ်။ ဒီအပင်က အထူးသဖြင့် လေထုဟာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ပြည့်နေတဲ့အခါ စုပ်ယူပေးပါတယ်။
 
Phalaenopsis (Moth Orchid) သည် သစ်ခွမျိုးနွယ်ဝင် အပင်တစ်ပင်ဖြစ်ပါတယ်။ သူက ညအချိန်မှာ အောက်ဆီဂျင်တွေ အများကြီး ထုတ်လွတ်ပေးပြီး လေထုထဲကToluene တွေကို ရှင်းလင်းပေးပါတယ်။
 
၃။ ဧည့်ခန်း
 
Dracaena reflexa သည်( နံရံကပ်စက္ကူများ၊ ပန်းချီကားများ၊ လိုက်ကာများနှင့် ကောဇောများမှာ တွေ့ရတဲ့ လေထုထဲက ဖော်မယ်ဒီဟိုက် နှင့် benzol တွေကိုရှင်းလင်းပေးပါတယ်။
 
Chlorophytum (စပိုက်ဒါပင်)သည် လေထဲက Xylene,benzene,ဖော်မယ်ဒီဟိုက်နှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ထို့အပြင် ဒီအပင်က ကလေးတွေ၊ တိရိစ္ဆာန်တွေအတွက် လုံးဝအန္တရာယ်ကင်းပါတယ်။ လေထုကိုလည်း အစိုဓါတ်ကောင်းကောင်း ထိန်းသိမ်းပေးပါတယ်။
 
Benjamin fig(ဗင်္ယာမိန်မျိုး သဖန်း) သည် လေထုထဲက benzol, (ကော်ဇောချေးချွတ်ဆေး၊ ကော်နှင့် တခြားအရာတွေမှာ တွေ့ရှိရတဲ့) trichloroethylene နှင့် phenol တို့ကိုရှင်းလင်းပေးပါတယ်။
 


၄။ မီးဖိုခန်း
 
Aloe ရှားစောင်းလပ်ပတ်ပင်သည် လေထုထဲက (ဆပ်ပြာတွေမှာ တွေ့ရတဲ့) benzol နှင့် ဖော်မယ်ဒီဟိုက်တွေကို ရှင်းလင်းပေးပါတယ်။ ညဘက်မှာ အောက်ဆီဂျင်တစ်တန် ထုတ်လွှင့်ပေးပါတယ်။
 
Stephanotis floribunda သည် မီးဖိုထဲက လေထုကို ပိုပြီးကျန်းမာစေအောင် ပြုလုပ်ပေးပါတယ်။ ဒီအပင်သည် အလွန်လှပသော အပွင့်များနှင့် သန့်စင်တဲ့လေထုစောင့်ရှောက်မှုကို ပေးပါတယ်။
 
Saintpaulia ကို အာဖရိကခရမ်းရောင်ပန်းလို့သိကြပြီး သူ့ရဲ့အားသာချက်က သင့်အိမ်ထဲမှ ပုရွက်ဆိတ်တွေကို အဝေးသို့ခြောက်လှန့်ပေးသောကြောင့်ဖြစ်ပါတယ်။
 
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ
 
အိမ်တွင်းစိုက်အပင်လေးတွေက ရရှိမယ့်အကျိုးကျေးဇူးများ
 
အိမ်မှာ နေ့စဉ်အသုံးပြုနေတဲ့ ဆားရဲ့အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး
 
အမွှေးတိုင်ကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးများ ။အိမ်တွေ ဆိုင်တွေမှာ အမွှေးတိုင်သုံးနေတယ်ဆိုရင် ဖတ်ကြည့်ပါ
 
Credit By: LifeStyle Myanmar
Posted By: Sint Sint, ShweProperty.com