By Aye Sandar, Shweproperty.com
Updated at 20 January 2021
ပြင်ဉီးလွင်မြို့တွင် အကွက်ချမြေများကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရ၍ သက်ဆိုင်ရာမှ ဇန်နဝါရီလက စတင်ကာ မကျူးကျော်ရမြေများအဖြစ် သတိပေးဆိုင်းဘုတ်များချိတ်ကာ ကန့်သတ်ထားကြောင်းသိရှိရပါသည်။ မြေရာဇဝင်သေချာ စုံစမ်းခြင်းမရှိဘဲ အေးချမ်းတဲ့တောင်ပေါ်မြေလည်းဖြစ်၊ စီးပွားရေးအရလည်း ကောင်းမွန်လာပြီဖြစ်သောကြောင့် ပြင်ဦးလွင်၊ မေမြို့ဝန်းကျင်ရှိမြေများကို အပြိုင်အဆိုင်ဝယ်ယူလာရာမှ ယခုကဲ့သို့ ကြုံတွေ့လာရကြောင်း အငြိမ်းစားညွှန်ကြားရေး ဦးစီးမှ ပြောကြားသွားသည်။ ထို့ကြောင့် မိမိဝယ်ယူမည့် မြေအမျိုးအစား၊ မြေရာဇဝင်အကြောင်း သေချာစုံစမ်းစိစစ်ပြီးမှ ဝယ်ယူသင့်ကြောင်းကိုလည်း ပြင်ဦးလွင် လွှတ်တော်အမတ် ဦးအောင်မင်းမှ ဆိုထားသည်။ ပြင်ဦးလွင်မြို့နယ်ရှိ မြေလွတ်မြေရိုင်းများတွင် အကွက်ရိုက်ပြီး အုတ်တံတိုင်းခတ်ခြင်း၊ သွပ်ဆူးကြိုးများကာရံခြင်းများ၊ အဆောက်အအုံအခိုင်အမာဆောက်လုပ်ထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာမှ ပြီးခဲ့သည့်ဇန်နဝါရီလမှ စတင်ကာ သတိပေးဆိုင်းဘုတ်များ ပြုလုပ်ကာ တားဆီးထားကြောင်းတွေ့ရပါသည်။ ပြင်ဦးလွင်မြို့တွင် သစ်တောကြိုးဝိုင်းမြေအများအပြားရှိရာ အရင်တပ်မတော်အစိုးရလက်ထက်ထဲက ကော်ဖီစိုက်ခင်းများအဖြစ်ငှားရမ်းလျက်ရှိသလို၊ ကိုယ်ပိုင်မြေအဖြစ်လည်း ထိုငှားရမ်းသူများမှကပင် တစ်ဆင့်ရောင်းချခြင်းဖြစ်သည်ဟု ယူဆပါကြောင်း ဒေသခံတစ်ဦးမှလည်း ပြောကြားသွားပါသည်။ နောက်ဆုံးရ သတင်းများ စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ တည်ဆောက်မည် လယ်မြေများအပါအဝင် တရားမဝင် မြေကွက်ရိုက်ရောင်းဝယ်မှုများကို ဖော်ထုတ်အရေးယူမည် အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ် မြန်မာလူဦးရေ သိန်းနှင့်ချီ အလုပ်အကိုင်ရရှိမည့် စက်မှုဇုန်စီမံကိန်း(၃)ခု ရန်ကုန်မြို့မှာ စတင် Written By: Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties