By Sint Sint, Shweproperty.com
Updated at 22 September 2020
Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာ ဝတီ စင်တာ Positive လူနာများကိုစတင်လက် ခံ ကုသပေးပြီ ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့သည့် ဧရာဝတီစင်တာသည် ကုတင် (၄၀၀)ကျော်ပါရှိပြီး စက်တင်ဘာ(၁၉)ရက်နေ့ ညနေပိုင်းတွင် Positive လူနာများကို စတင်လက်ခံ ကုသပေးနေခြင်း ဖြစ်သည်။
ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အ ဆောက်အဦ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire Alarm System နှင့် မီးသတ်ဆေးဘူးများ၊ PA System များ၊ QR Code ဖြင့် Registration လုပ်နိုင်မည့်စနစ်များ၊ ဆရာဝန်များနှင့် လူနာများ အကြား Video ဖြင့် ဆက်သွယ်ရန် နေရာများ၊ လျှပ်စစ်မီးအလုံအလောက် ထောက်ပံ့ပေးနိုင်မည့် မီးစက်ကြီးများ၊ အမှိုက်များ စနစ် တကျ စွန့်ပစ်နိုင်မည့် စနစ်များ၊ နေ့စဉ်လိုအပ်သော အ စားအ သောက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် နေရာများ ပါရှိကြောင်း သိရသည်။
ထို့အတူ လူနာများ အသင့်နေထိုင်နိုင်ရန်အတွက် ကုတင်နေရာ၊ ဆေးရုံသုံး Lockerများ၊ ထိုင်ခုံ၊ စားပွဲ၊ အီလက်ထရောနစ် ပစ္စည်းများ အသုံးပြုရာတွင် အဆင်ပြေစေရန် မီးပလပ်ပေါက်များနှင့် အမှိုက်ပုံးတစ်ခုစီပါဝင်သည့် သီး သန့်ခန်းများ စီစဉ်ထားရှိပြီး တစ်ဦးချင်းစီအတွက် အ သုံးအဆောင် ပစ္စည်း (၂၁)မျိုး ပါဝင်သော Plastic Box များ၊ သောက်သုံးရေများ၊ ရေပူရေအေး ရယူနိုင်မည့် နေ ရာများ၊ နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်းများကို လိုအပ်သလို ထပ်မံ ပံ့ပိုးပေးနိုင်ရန် အတွက် အဆောင် တစ်ခုချင်းစီအလိုက် ပစ္စည်းအစုံအလင်ပါ ကိုယ်တိုင်ယူစနစ် စတိုခန်းငယ်များ ပါရှိကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီစင်တာ၏ စီမံခန့်ခွဲမှုရုံးကိုလည်း မြန် မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အဆောက်အဦတွင် ဖွင့်လှစ်ထားရှိပြီး စင်တာကြီး၏ ကုသရေး လှုပ်ငန်းများ အ ဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေး၊ လိုအပ်ချက်များ အ ချိန်မီ ဖြည့်ဆည်းနိုင်ရေး၊ အလှူပစ္စည်းများ လက်ခံခြင်းနှင့် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီစင်တာအတွက် AYA Bank၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း (၁၀၀၀၀) မတည်လှူဒါန်းထားပြီး လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပံ့ပိုးပေးပြီး ထပ်မံလိုအပ်သော ဆေးရုံသုံး ပစ္စည်းနှင့် ဆေးဝါးများ၊ အခြား လိုအပ်သည်များကို ဧရာဝတီ ဖောင်ဒေးရှင်း၏ ဦးဆောင်မှုနှင့်အတူ စေတနာထက်သန်စွာ လှူဒါန်းကြသူများ၏ ပံ့ပိုးကူညီမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties