By myanmar property, Shweproperty.com
Updated at 23 July 2013
အိမ်ရာအဆောက်အအုံများ တည်ဆောက်ရာ၌ လျင်မြန်စွာ ပြီးစီးနိုင်ရန် ကြိုတင်အားဖြည့် ကွန်ကရစ် (Pre Casting) ဖြင့် ပြောင်းလဲအသုံးပြုကာ တည်ဆောက်မှုများပြားလာကြောင်း ‘မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း’မှ သိရသည်။
ယခင်က အိမ်ရာများ၊ တိုက်ခန်းများ တည်ဆောက်ရာ၌ အုတ်စီ၍ ဘိလပ်မြေမံကာ အဆင့်လိုက် တည်ဆောက်သည့် စနစ်ကိုသာ ကျင့်သုံးခဲ့သော်လည်း ယခုနှစ်အတွင်း တည်ဆောက်သည့် အိမ်ရာများ၊ ကွန်ဒိုတိုက်ခန်းများ တည်ဆောက်ပါက မြို့တော်စည်ပင်မှ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးရန်အတွက် ယင်းစနစ်ကို ပြောင်းလဲအသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီစနစ်က နံရံတွေ ၊ အခန်းတွေ ဆောက်တဲ့အခါမှာ အုတ်စီ၊ ဘိလပ်မြေမံပြီး တစ်ဆင့်ချင်း လုပ်စရာမလိုဘူး၊ အသင့်ပြုလုပ်ပြီးသား နံရံတွေဆိုတော့ ကပ်လိုက်ရုံပဲ၊ အချိန် မြန်တာပေါ့၊ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြောင်းပြီးအသုံးပြုလာကြတယ်”ဟု ‘မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြို့တော်စည်ပင် မှ တည်ဆောက်လျက်ရှိသော တန်ဖိုး သင့်တင့်မျှတ အိမ်ရာစီမံကိန်း များဖြစ်သည့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ ဗိုလ်ဗထူး အိမ်ရာစီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းများ အပြင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းတွင်လည်း ကြိုတင်အားဖြည့် ကွန်ကရစ်စနစ် (Pre Casting) ဖြင့် တည်ဆောက် နေကြောင်း သိရသည်။
“အိမ်ရာစီမံကိန်းတွေက ပြည်သူတွေ အမြန်ဆုံးအသုံးပြုနိုင်ဖို့ အတွက် မြန်မြန်ပြီးစီးဖို့လိုပါတယ်၊ ဒါကြောင့် ဒီစနစ်အသုံးပြုပြီး တည်ဆောက်နေတာပါ၊ Pre Casting စနစ်ဆိုတာက မြန်မာမှာအခုမှ ခေတ်စားပေမဲ့ နိုင်ငံတကာမှာ အိမ်ရာတွေ ဆောက်ရင် ဒီစနစ်ကိုပဲ အသုံးပြုနေကြတာပါ”ဟု ‘မြို့တော် စည်ပင် အင်ဂျင်နီယာဌာန၊ အဆောက်အအုံ’မှ ဒုတိယဌာနမှူး ဦး နေဝင်းက ပြောသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties