By The Voice, Shweproperty.com
Updated at 23 October 2017
ဆယ်စုနှစ်တစ်ခုနီးပါးရပ်ဆိုင်းထားသည့် ရတနာပုံမြို့သစ်စီမံကိန်းကို ယခုလကုန်ပိုင်းတွင် ပြန်လည်ဖော်ဆောင်နိုင်ရန်ပြင်ဆင်နေကြောင်း မန ္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းစီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆက်လက်အကောင်အထည်ဖော်ဆောင်မည်ဖြစ်ရာ အကောင်အထည်ဖော်မည့်လုပ်ငန်းစဉ်များကိုအောက်တိုဘာလကုန်တွင် ပြုလုပ်မည့်ပြည်ထောင်စုအဆင့်ဝန်ကြီးများနှင့် မန ္တလေးတိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း မန ္တလေးတိုင်းအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားသည်။
ဒီလကုန်တွင် အစည်းအဝေးတခုလုပ်ရန်စီစဉ်ထားကြောင်းထိုအစည်းအဝေးတွင် မည်သို့ဆက်လုပ်မည်ကို သိနိုင်မည်ဖြစ်ကြောင်းစီမံကိန်းကတော့သေချာပေါက်လုပ်မည်ဖြစ်သည်။ရှိနေသောကျူးကျော်များနှင့် ပတ်သက်သော ကိစ္စများအား ဆက်လုပ်ရန် ဆုံးဖြတ်ဖို့ရှိကြောင်း သိရသည်။
စီမံကိန်းရပ်ဆိုင်းထားသဖြင့် လက်ရှိတွင်ကျူးကျော်ဝင်ရောက်နေထိုင်မှုများရှိနေရာ ပထမဦးဆုံးအနေနှင့် ကျူးကျော်နေထိုင်သူများကိုဥပဒေအရဖယ်ရှားရမည်ဖြစ်ကြောင်း၊အိမ်ရာစီမံကိန်းများ၊စက်ရုံအလုပ်ရုံများ၊သီးနှံ စိုက်ပျိုးသည့် ဧရိယာများကို မူလရှိထားပြီးသားပရောဂျက်အကြမ်းအတိုင်း
အကောင်အထည်ဖော်နိုင်သည့် အပိုင်းများကို ပြည်ထောင်စုအစိုးရမှ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ပြင်ဦးလွင်မြို့အနီးတွင် ရှိပြီး အကျယ်အဝန်း ဧက တစ်သောင်းကျပ်ရှိမည့် ယင်းစီမံကိန်းအရ လူနေအိမ်များအတွက်
သတ်မှတ်အကွက်များ၊စက်ရုံအလုပ်ရုံများအတွက် သတ်မှတ်ထားသည့် နေရာများဖယ်လိုက်ပါက မြေလွတ်ဧက ၆ဝဝဝမှ ၄ဝဝဝကြားကျန်ရှိနေကြောင်း၊လတ်တလောတွင် မှန်ဘီလူးစက်ရုံ၊တယ်လီဖုန်းသင်တန်းကျောင်းတို့သာလုပ်ငန်းလည်ပတ်နေကြောင်း မန ္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
Ref & Photo Credit : The Voice & MOI
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties