ကြိုတင် ခန့်မှန်းထားလို့ မရတဲ့ သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်တဲ့ ငလျင် လှုပ်ခတ်တဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်တယ် ဆိုပေမယ့် ကိုယ်တိုင်နဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ ဘေးအန္တရာယ် ကင်းစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတာကို ဒီဆောင်းပါးလေး ကနေ တဆင့် ဖော်ပြပေး လိုက်ပါတယ်။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတော့

ငလျင် မလှုပ်ခင်

ငလျင် မလှုပ်ခင်မှာ ဒီ အချက်လေးတွေကို ပြင်ဆင် ထားဖို့ လိုပါမယ်။

နေအိမ်ရဲ့ အနေအထားကို သေချာ လေ့လာ ထားပါ။

ဝင်ပေါက် ထွက်ပေါက် နေရာတွေကို သေချာလေး ရှင်းလင်းထားပါ။ ချော်လဲနိုင်မယ့် အရာတွေကို ဖယ်ထားပါ။

မိသားစုဝင်တွေကို ငလျင် လှုပ်တဲ့ အခါ ဘယ်လို ဘေးကင်းအောင် နေရမလဲ ဆိုတာကို သင်ပေးထားပါ။

အိမ်ထဲမှာ လုံခြုံတဲ့ အခန်း တစ်ခန်း ထားရှိပေးပါ။

ကွဲနိုင်တဲ့ အရာတွေကို သိမ်းထားပါ။

နံရံမှာ ချိတ်ဆွဲထားတဲ့ အရာတွေကို ဖြုတ်သိမ်းထားပါ။

မီးဖိုနဲ့ အနီးနားမှာ မီးလောင် လွယ်မယ့် အရာတွေကို မထားပါနဲ့။

အရေးကြီး စာရွက်စာတမ်းတွေကို သေချာ သိမ်းဆည်းထားပါ။

လက်နှိပ် ဓါတ်မီး ဆောင်ထားပါ။ ဘက်ထရီ အပိုဆောင် ထားပေးပါ။

သောက်သုံးရေကို အသင့် ဆောင်ထားပေးပါ။

စားစရာ အခြောက်တွေကို အရန်သင့် ဆောင်ထားပေးပါ။

ငလျင်လှုပ်နေစဉ်အတွင်းမှာ



ငလျင်လှုပ်နေစဉ်မှာ

နေအိမ်ထဲမှာ ရှိနေမယ် ဆိုရင် အိမ်ထဲမှာပဲ နေပါ။ ခိုင်ခိုင်ခန့်ခန့် စားပွဲခုံ အောက်မှာ နေပါ။

ပြတင်းပေါက်နားမှာ မနေပါနဲ့။

မှန်ချပ်တွေနဲ့ ခပ်ကင်းကင်း နေပါ။

လေးလံတဲ့ ပရိဘောဂတွေနဲ့ ဝေးဝေးမှာ နေပါ။

မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။

တကယ်လို့ ငလျင် လှုပ်စဉ်မှာ အပြင် ရောက်နေမယ် ဆိုရင် ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးမှာ နေပါ။

အဆောက်အဦတွေ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးမှာ နေပါ။

ကားမောင်း နေစဉ်ဆိုရင် ကားကို လမ်းဘေး တစ်နေရာမှာ ရပ်လိုက်ပါ။ တံတားအောက်၊ သစ်ပင်၊ မီးကြိုး၊ ဆိုင်းဘုတ်တွေ အောက်မှာ မရပ်ပါနဲ့။
ငလျင်လှုပ်ပြီးတဲ့အခါ

ထိခိုက် မိထားလား ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ လိုအပ်တဲ့ ကုသမှု ခံယူပါ။ မိသားစုဝင်တွေကိုလည်း ထိခိုက်မိထားလား စစ်ဆေးပေးပါ။

နေအိမ်တွင်းမှာ အက်နေတာ ပြိုနေတာမျိုး ရှိနေလား သေချာစစ်ဆေးပါ။

ဂတ်စ် ယိုစိမ့်နေတာမျိုးရှိလား စစ်ဆေးပါ။

လျှပ်စစ်ပစ္စည်းတွေ ကျိုးပျက်နေတာမျိုး ရှိလား စစ်ဆေးပါ။

ဖန်ကွဲစတွေ ရှိနေလား၊ အပျက်အစီး အပိုင်းအစတွေ ရှိနေလား စစ်ဆေးကြည့်ပါ။

ကြိုတင် ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှု ကင်းစေဖို့ ဒီအချက်တွေကို လိုက်နာစေချင်ပါတယ်။

Credit By : hellosayarwon