By Ra Wai, Shweproperty.com
Updated at 19 April 2022
နေထိုင်စရိတ်ကတော့ မဖြစ်မနေ ကုန်ကျနေရတဲ့ စရိတ် တွေထဲက တစ်ခုပါ။နေရေးက စားရေးထက် တောင် ပိုခက် ခဲ နေတဲ့ ခေတ်ကြီးပါ။တစ်မြို့တစ်နယ်ကနေ ရွှေ့ ပြောင်းပြီး အလုပ်လုပ်ကိုင်နေရသူတွေ၊ကိုယ်ပိုင် အိမ်၊တိုက်ခန်း မ ပိုင်ဆိုင်ပဲ ရုန်းကန်နေကြရ တဲ့ သူတွေ အတွက် အိမ်ငှား တဲ့ အခါ မှာ ငွေကုန်ကြေးကျ အရမ်းမများရအောင် အိမ်ငှား တော့မယ်ဆိုရင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေး တွေ ကို ဖော်ပြ ပေးချင်ပါတယ်။ (၁)ကိုယ်လိုချင်တဲ့ အချက်တွေကို အရင် ချရေးပါ အိမ်မငှားခင်မှာ အရင်ဆုံး လုပ်ရမယ့် အရာက ကိုယ်ဘာလို ချင်လဲ ဆိုတာကို သိအောင် လုပ်ပါ။ကိုယ်အသစ် နေရမယ့် နေရာမှာ ဘယ်လို အချက်လေးတွေ လိုချင်တာလဲ ဆိုတာကို ချ ရေးပါ။ဈေးနဲ့ နီးတာ၊ကားမှတ်တိုင်နဲ့ နီးတာ.. အစရှိတဲ့ အချက် တွေ အပြင် တခြားကိုယ်လိုချင်တဲ့ အချက်လေးတွေကို သေချာ တန်းစီပြီး ချ ရေးထားပါ။ အိမ်ရှင် ဒါမှမဟုတ် ပွဲစားနဲ့ ညှိနှိုင်းရမယ့် အချိန် ကျရင် အခုချ ရေးထားတဲ့ စာရွက်လေးကို ယူသွားပြီး ကိုယ်လိုချင်တဲ့ အချက်တွေကို သေချာ ပြောပါ။ဆွေးနွေးပြောဆိုတဲ့ အခါ ကျရင် မေ့ကျန် သွားတာမျိုး တွေရှိနိုင်တာမို့ သေချာပြင်ဆင်သွားပြီး ပြောပြပါ။ (၂)အိမ်ခန်း ဈေးကွက်ကို အကြမ်းဖျင်းသိအောင် လုပ်ပါ လက်ရှိ အိမ်ခန်းငှားခ တွေက ပေါက် ဈေးဘယ်လောက် လောက်ရှိနေပြီလဲ ဆိုတာကို သေချာ မသိရင်တောင် အကြမ်းဖျဉ်းလောက်တော့ သိအောင် မဖြစ် မနေကို လုပ် ထားရပါမယ်။ဒါမှသာ သူတို့ ဘက် ခေါ်တဲ့ ဈေးက များလား၊ဘယ်လောက်ထိ ညှိနှိုင်းလို့ ရလဲ ဆိုတာကို သေချာ သိမှာပါ။ကိုယ်နေချင်တဲ့ နေရာ မျိုးမှာရှိတဲ့ အိမ်တွေ၊ တိုက် ခန်းတွေဆိုရင် အကြမ်းဖျဉ်း ဘယ်လောက်ရှိနိုင်လဲ ဆိုတာကိုတော့ ကြိုသိအောင် လုပ်ပါ။ (၃)အိမ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်လို့ ရတာမျိုးကို ရှာပါ အိမ်ရှင်နဲ့ တိုက်ရိုက်မဟုတ်ပဲ ပွဲစားနဲ့ ချိတ် ဆက်ရတဲ့ အခါ မျိုးမှာ ပွဲစားခ အနေနဲ့ အိမ်ငှားခ တစ်လစာ ပေးရတာ က ရန်ကုန်မှာဆိုရင်တော့ ထုံးစံ တစ်ခု လို ဖြစ်နေပါပြီ။ဒါကြောင့် သင့်အနေနဲ့ အိမ်ငှားတော့မယ်ဆိုရင် အိမ်ရှင်နဲ့ တိုက်ရိုက် ဆွေးနွေးပြီး ငှားလို့ရတာမျိုးကို ရှာပါ။ နောက်ဆုံး လုံး၀ မရတော့ဘူးဆိုမှ ပွဲစားက တစ်ဆင့် ဆက်သွယ်ပြီး ရှာကြည့်ဖို့ အကြံပြုချင်ပါတယ်။ပွဲစားနဲ့ စကားပြောပြီးရင်လည်း အိမ်ရှင်နဲ့ တိုက်ရိုက်စကားပြောခွင့် တောင်းပါ။ပွဲစားတစ်ချို့က နောက်ထပ် စာချုပ်ချုပ်ရင် ထပ်ပြီး ပွဲခ တောင်းတာမျိုး တွေ ရှိတတ်မို့ အိမ်ရှင်နဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရတာ အကောင်းဆုံးပါ။ (၄)အလျင်စလို မဆုံးဖြတ်ပါနဲ့ အိမ်ကြည့်တဲ့ အခါမျိုးမှာ ဈေးကလည်း အရမ်းအ ဆင်ပြေ နေပြီ၊ခေါ်တဲ့ ငှားခ ကလည်း အရမ်းသက် သာနေပြီဆိုပြီး ငှားမယ်ဆိုပြီး အလျင်စလို ဆုံးဖြတ်တာမျိုး လုံး၀ လုံး၀ မလုပ်လိုက်ပါနဲ့။ကိုယ်ကလည်း အိမ်ကို သဘော ကျနေပြီဆိုရင်တော့ ကိုယ်နေမယ့်နေရာက ဘယ်လို ရပ်ကွက် မျိုးလဲ၊ဘယ်လို လူတွေနဲ့ အိမ်နီးချင်း အဖြစ် နေရာမှာလဲ၊ ရှေ့မှာ ဘယ်သူတွေ နေသွားလဲ ၊အခန်းရဲ့ ရာဇဝင်တို့ကိုပါ သေချာ စုံစမ်းပါ။ရန်ကုန်လို နေရာမှာဆိုရင်တော့ မိုးရွာရင် ရေကြီး တတ်တဲ့ နေရာမျိုးလား၊မီးပုံမှန်လာရဲ့လား၊ရေက ဂျိုးဖြူရေလား (သို့) အဝီစိ တွင်းလား ၊ဂျိုးဖြူ ရေဆိုရင် နွေ ရာသီတွေမှာရော ရေ ပုံမှန်လာရဲ့ လား(တစ်ချို့နေရာတွေ ဆိုရင် နွေ ရာသီမှာ ရေပုံမှန် မရတာမျိုးတွေရှိပါတယ်)အကုန်လုံးကို သေချာ သိအောင် လုပ်ပါ။ဒါမှလည်း ပိုက်ဆံ ပေးပြီး နောင်တရ မယ့် အဖြစ်မျိုးနဲ့ မကြုံရမှာပါ။ (၅)ပညာသားပါပါ ညှိနှိုင်းပါ ကိုယ်က အိမ်ရဲ့ အကြောင်း အကုန်စုံစမ်းပြီးပြီ၊ကြိုက်ပြီ ဆိုရင်တော့ ဈေးနှုန်း ကို ညှိနှိုင်းရမယ့် အချိန်ကျလာပါပြီ။ဈေးနှုန်းက အိမ်ကို စ ပြတဲ့ အချိန်တည်းက လည်း ပြောပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တကယ်ငှားတော့မယ်လို့ ဆုံးဖြတ်တဲ့ အချိန်မှာလည်း ထပ်ပြီး ဈေးအလျှော့ အတင်းလုပ်ဖို့ ညှိနှိုင်းကြည့်ပါ။ဒီနေရာမှာတော့ တစ်ဖက်က ကိုယ့်ကို လျှော့ ပေးချင်လာအောင် ပရိယာယ်လေးတွေ သုံးပေးပါ။ကိုယ့်ဘက်က မုန့်ကျွေးပြီး ဆိုင်တစ်ဆိုင်မှာ ခေါ် ဆွေးနွေးတာမျိုး၊ ဒီအတိုင်း ဈေးလျှော့ ပေးဖို့ေ တာင်းဆိုတာမျိုး မဟုတ်ပဲ တစ်ဖက်လူကိုလည်း တခုခု ကမ်းလှမ်းတာမျိုး .- ဘယ်နှလစာကို တစ်ခါတည်း ငွေ အကြေ ချေ ပေးပါ့မယ်ဆိုတာမျိုး၊ရေရှည် ငှားမယ်ဆိုတာမျိုး.. သူဘက်က လက်ခံ သဘောကျလောက်တဲ့ အရာတစ်ခုခုကို ကိုယ့်ဘက်က ကမ်းလှမ်းကြည့်ပါ။ဆွေးနွေးတဲ့ နေရာမှာ စကားကို ချိုချိုသာသာယဉ်ယဉ် ကျေးကျေးပြောပါ။ (၆)အိမ်စာချုပ်ချုပ်မယ်ဆိုရင် ပြင်ဆင်သင့်တဲ့အရာ ညှိနှိုင်းမှု အောင်မြင်ပြီး နောက်ဆုံး စာချုပ်ချုပ်မယ်ဆိုရင်တော့ ပြင်ဆင်ထားသင့်တဲ့ အရာတွေရှိပါတယ်။စာချုပ်စာတမ်းတွေကို အတု အစစ် သေချာ စစ်ဆေးပါ။တစ်ခုခု လွဲချော်မှုရှိရင် ရင်ဆိုင်ဖြေရှင်း ပေးနိုင်တဲ့ ဥပဒေဘက်က လူတစ်ယောက်ပါရင်တော့ ပို ကောင်းပါတယ်။ဒ့ါအပြင် သူ့ဘက်က သက်သေ၊ကိုယ့်ဘက်က သက် သေ အစုံအလင်၊ငှားနေမယ့် အိမ်က ရပ်ကွက်လူကြီး တစ်ယောက်ယောက်ရှေ့မှာ စာချုပ် ချုပ်ဆိုရင်တော့ ပို ကောင်းပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ကုန်ကျစရိတ်နည်း အိမ်အလှဆင်နည်းများ ကိုယ့်အခန်းကို နေချင်စဖွယ်ဖြစ်အောင် ဘယ်လို DECORATION လုပ်ကြမလဲ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: ShweMon Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties