By The Trade Times, Shweproperty.com
Updated at 30 June 2014
အိမ်ခြံမြေတိုက်ခန်းများအား အရောင်းအဝယ်ပြုလုပ်ရာ၌ ကာလတန်ဖိုး သတ်မှတ်ပေးမည့် မြို့နယ်အလိုက် မြေကွက်စံနှုန်းများကို အောက်တိုဘာလအတွင်း ပြန်လည်သတ်မှတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြမည်ဟု ပြည်တွင်းအခွန် ဦးစီးဌာနမှ သိရသည်။
အဆိုပါ စံနှုန်းများကို ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)က ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ သတ်မှတ်ပေးခဲ့ပြီး ၎င်းစံနှုန်းများကို ယခုလက်ရှိ အပြင်ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် ပြန်လည်ချိန်ညှိ ပြင်ဆင်သတ်မှတ်ထားကြောင်း၊ ယခု အသစ် ပြန်လည်ပြင်ဆင်ထားသည့် စံနှုန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြပြီး ဆုံးဖြတ်ချတ် ရယူရမည်ဖြစ်သောကြောင့် ယခင်စံနှုန်းနှင့် ယခုစံနှုန်းမည်မျှ ကွာဟမည်ကို ကြိုတင်ပြောနိုင်မည်မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေမှုး ဦးကျော်ကျော်က ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ထားသော ဈေးနှုန်းကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံး၌ တန်ဖိုးဖြတ်၍ ယခုသတ်မှတ်ထားသည့်စံနှုန်းဖြင့် တွက်ချက်ရရှိသော ငွေပမာဏအပေါ် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်သကဲ့သို့ အခွန်ပေးဆောင်ရာတွင်လည်း တန်ဖိုးဖြတ်ထားသည့် ဈေးနှုန်းဧ။် ငွေတစ်ဝက်ကို ဝင်ငွေရလမ်း ဖော်ပြနိုင်ပြီး ကျန်တစ်ဝက်ကို မဖော်ပြနိုင်ပါက ထိုမဖော်ပြနိုင်သည့် ငွေအပေါ်တွင်သာ အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties