Bollywood အပြင် Hollywood ကိုပါသိမ်းပိုက်လိုက်တဲ့ မင်းသမီး Priyanka Chopra ဟာ သရုပ်ဆောင်ပိုင်နိုင်ပြီး အသက်နဲ့မလိုက်အောင် နုပျိုငယ်ရွယ်နေတာကြောင့် ပရိသတ်တွေချစ်ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ Priyanka ဟာ Baywatch လို၊ The White Tiger လို ရုပ်ရှင်တွေနဲ့ Hollywood ပရိသတ်ကို သိမ်းပိုက်ခဲ့ပြီး သူမရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ သူမထက်အသက်ဆယ်နှစ်ကျော်ငယ်တဲ့ ခင်ပွန်း Nick Jonas ကို သိမ်းပိုက်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီနေ့တော့ အောင်မြင်သလောက် ပွင့်လင်းရိုးသားတဲ့ Priyanka Chopra ရဲ့ အကြီးကျယ်အခမ်းနားဆုံး ဇိမ်ခံအိမ်ကြီးအကြောင်း ပရိသတ်တွေကို ပြောပြပေးချင်ပါတယ်။ 

အိမ်ရဲ့တည်နေရာ 



Priyanka ရဲ့ တန်ဖိုးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ အလှဆင်ထားတဲ့အိမ်ကြီးဟာ Encino ရပ်ကွက်၊ Los Angeles၊ Calfornia မှာ တည်ရှိပြီး တန်ဖိုးအနေနဲ့ ဒေါ်လာ သန်း(၂၀) တောင်တန်တယ်လို့ သိရပါတယ်။ 

Priyanka ရဲ့ LA ဇိမ်ခံအိမ်ကြီးမှာ အိပ်ခန်း (၇)ခန်း၊ ရေချိုးခန်း (၁၁) ခန်းပါဝင်ပြီး Infinity Pool ကြီးနဲ့ အိမ်ထက်ပိုပြီးကျယ်ဝန်းသလို တစ်မြို့လုံးကို အပေါ်စီးက စီးပြီး မြင်နိုင်တဲ့ ရင်သပ်ရှု့မောဖွယ် ရှု့ခင်းနဲ့ ခြံကျယ်ကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Priyanka မကြာခဏ Instagram မှာ ထုတ်ထုတ်ကြွားတတ်တဲ့ ဓာတ်ပုံတွေအရ Infinity Pool ကြီးဟာဆိုရင် ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးလို ကျယ်ပြောလှတာကိုတွေ့ရမှာဖြစ်ပြီး ကမ်းခြေရောက်နေတယ်လို့ကို ခံစားမိသွားစေမှာပါ။

အိမ်အတွင်းပိုင်းအပြင်အဆင်



Priyanka ရဲ့ ဒေါ်လာ သန်း (၂၀) ကျော်တန် LA အိမ်ကြီးဟာ တန်ဖိုးကြီးပြီး စျေးမြောက်တဲ့ အတွင်းပိုင်း decorations အပြင်အဆင်တွေကြောင့် ကျော်ကြားတဲ့အိမ်ကြီးလည်းဖြစ်ပါတယ်။ အိမ်ကြီးရဲ့ ဧည့်ခန်းကို Ivory အရောင်ကြမ်းခင်းတွေသုံးထားပြီး ဇိမ်ခံဆိုဖာကြီးတွေနဲ့ နေရာချထားသလို အိမ်ထဲကို သဘာဝအလင်းရောင် ကောင်းကောင်းဝင်ရောက်နိုင်စေဖို့ ပြတင်းပေါက်ကျယ်တွေတပ်ဆင်ထားတာကိုလည်းတွေ့ရပါတယ်။အိမ်ကြီးရဲ့ ဧည့်ခန်းမှာ နွေးနွေးထွေးထွေးနေနိုင်အောင် စတိုင်ကျပြီး ခေတ်ဆန်တဲ့ မီးလင်းဖို ပါရှိတာကိုလည်း Priyanka ရဲ့ Instagram မှာတင်လေ့ရှိတဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် မြင်နိုင်ပါတယ်။ 

Priyanka က ခင်ပွန်း Nick Jonas ကိုလည်း အိမ်ထဲမှာ သူဆန္ဒရှိရာ၊ ဝါသနာပါရာတွေကို အကောင်အထည်ဖော်နိုင်ဖို့ အခန်းကျယ်ကြီးတစ်ခုထားပေးထားပြီး အဲဒီအခန်းကျယ်ကြီးကို ကျောက်တုံးနံရံတွေနဲ့အလှဆင်ထားသလို နှစ်ယောက်အတူတူရုပ်ရှင်တွေကြည့်ဖို့ Projector တွေလည်း အခန်းထဲမှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အနုပညာကို မြတ်နိုးတဲ့ Priyanka ရဲ့အိမ်ကြီးထဲမှာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိမြင့်တဲ့ စာအုပ်စင်ကြီးတွေနဲ့အလှဆင်ထားတဲ့ စာဖတ်ခန်းကျယ်ကြီးလည်း တည်ရှိပါသေးတယ်။ အဲဒီစာအုပ်စင်ကြီးတွေမှာရှားပါးစာအုပ်တွေကို စုဆောင်းထားပြီး Nick Jonas ကလည်း တစ်ခါတစ်ခါ မမရဲ့ စာကြည့်ခန်းကိုလာရှုပ်ပြီး အခန်းထဲမှာ Video တွေလာရိုက်လေ့ရှိပါတယ်တဲ့။ 

အိမ်အပြင်ပိုင်း



ဒီအိမ်ကြီးရဲ့ အပြင်ပိုင်း Landscape ပိုင်းဟာလည်း တစ်ဖက်မှာ Infinity Poolကြီးနဲ့ အခြားတစ်ဖက်မှာ တမျှော်တခေါ်ကျယ်ပြောတဲ့ မြက်ခင်းပြင်ကြီးအပြင် ရှားပါးမွှေးမြတဲ့ ပန်းတွေနဲ့ ဝေဆာလှပတဲ့ ပန်းခြံကြီးကို ပိုင်ဆိုင်ထားတာကြောင့် အခြားနတ်ဘုံနတ်နန်းတစ်ခုကိုရောက်နေသလိုပဲလို့ ရောက်ဖူးတဲ့သူတိုင်းက ပြောစမှတ်ပြုရတယ်လို့ ဆိုပါတယ်။ Nick Jonas နဲ့ Priyanka တို့နှစ်ဦးဟာ အခြားနေရာတွေ၊ တကယ့်မြို့ကြီးပြကြီးတွေမှာ ဇိမ်ခံအိမ်ကြီးတွေ၊ Condo တွေပိုင်ဆိုင်ထားပေမယ့် ဒီ LA အိမ်ကိုပဲ ချစ်မြတ်နိုးတာကြောင့် ဒီအိမ်မှာနှစ်ဦးသား အတည်တကျနေထိုင်ကြတယ်လို့ သိရပါတယ်။

ဒီနေ့ပြောပြပေးသွားတာကတော့ Nick Jonas နဲ့ Priyanka ရဲ့ အခြားဘုံကမ္ဘာတစ်ခုကိုရောက်နေသလို ခမ်းနားလှပလွန်းတဲ့ ဒေါ်လာ သန်း (၂၀) တန် LA ဇိမ်ခံအိမ်ကြီးအကြောင်းပါ။  
 
နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေ ဆောင်းပါးများ

အလှနတ်သမီး မာရီလင်မွန်ရိုးရဲ့ လောကကြီးထဲက ထွက်ပြေးပုန်းခိုရာ ရိုးရှင်းလှပတဲ့ LOS ANGELES ဇိမ်ခံအိမ်သို့ အလည်တစ်ခေါက်

မင်းသားကြီး ဂျက်လီရဲ့ ရှန်ဟိုင်းက ဒေါ်လာ သန်း (၄၀) တန် LUXURY အိမ်​ကြီး

အာနိုးကြီးရဲ့ အမေရိကန်ဒေါ်လာ (၁၁) သန်းကျော်တန် LA ဇိမ်ခံအိမ်ကြီး

လူငယ်ခြေတက် ERLING HAALAND နေထိုင်မယ့် MANCHESTER မြို့က ဇိမ်ခံအိမ်ကြီး

Posted By : Ra Wai (ShweProperty.com)