By The Trade Times, Shweproperty.com
Updated at 5 August 2015
မြို့သစ်များ၌ နိုင်ငံတော် အစီ အစဉ်ဖြင့် မြေကွက်များကို ချထား ပေးရာတွင် ထုတ်ပေးထားသည့် မြေချပါမစ်များမှာ လူနေအိမ်များ ဆောက်လုပ်ရန်အတွက်သာ ဖြစ်ပြီး တရားဝင် လွှဲပြောင်းခြင်း၊ အမွေ ဆက်ခံခြင်းကို ပြုလုပ်ရန် ဥပဒေ လုပ်ထုံးလုပ်နည်းများအရ ခွင့်ပြု ထားခြင်း မရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
မြေချပါမစ်များကို အများပြည်သူ သို့ ထုတ်ပေးထားခြင်းမှာ မြေကွက် များပေါ်တွင် လူနေအိမ်ဆောက်လုပ် ရန်အတွက် အထောက်အထား တစ်ခုအဖြစ်သာ သုံးရန်ဖြစ်ကြောင်း၊ ထိုပါမစ်၌ ပါမစ်ရပြီး သုံးလအတွင်း ခြံစည်းရိုး ကာရန်ကာ ပါမစ်ရရှိပြီး ခြောက်လအတွင်း အဆောက်အအုံ ကို ဆောက်လုပ်ရမည်ဟု မြေချပါမစ် စည်းကမ်းများတွင် ဖော်ပြထား ကြောင်း၊ သတ်မှတ်အချိန်ကာလ အတွင်း လုပ်ငန်းများကို လုပ်ဆောင် ခြင်း မရှိပါက မြေချပါမစ်များအား ချထားပေးသည့် ဌာနမှ ပြန်လည် ပယ်ဖျက်နိုင်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သိရသည်။
”ပါမစ်ရဲ့ စည်းကမ်းချက်အရ ဆိုရင် သားသမီးတွေကိုတောင် လွှွဲလို့ မရသလို အမွေဆက်ခံခွင့် လည်း မရဘူး။ ပါမစ်က လွှဲပြောင်း နိုင်တဲ့ ပိုင်ဆိုင်မှု မဟုတ်ပါဘူး။ လွှဲပြောင်းနိုင်တဲ့ အခြေအနေ ရောက် ဖို့ဆိုရင် မြေငှားစာချုပ် (ဂရန်) ရအောင် လုပ်ရမယ်။ ပါမစ်ဟာ တရားဝင်လွှဲပြောင်းလို့ မရပါဘူး။ မြေငှားစာချုပ်ကလည်း ပိုင်ဆိုင်မှု လွှဲပြောင်းတာ မဟုတ်ဘဲ စည်းကမ်း ချက်တွေကိုသာ လွှဲပြောင်းရတာ ဖြစ်တယ်။ မြေကို ဘယ်သူမှ မပိုင်ပါ ဘူး။ မြေငှားစာချုပ်ပါ စည်းကမ်းတွေ၊ အခွင့်အရေးတွေကိုသာ လွှဲပြောင်း ရောင်းချခြင်းဖြစ်ပါတယ်”ဟု မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဌာနခွဲမှ ဒုတိယညွှန်ကြားရေး မှူးဦးထွန်းမြင့်အောင်က ပြောသည်။
မြေချပါမစ်များကို မြေငှားစာချုပ် (ဂရန်) အဖြစ် ပြန်လည် လျှောက်ထား ပြီးမှသာ မြို့မြေစာရင်းတွင် ပါဝင်လာ နိုင်မည်ဖြစ်ပြီး မြေငှားစာချုပ် (ဂရန်) များကို အခြားသူတစ်ဦးသို့ လွှဲပြောင်း ရောင်းချခြင်းမှာလည်း မြေပိုင်ဆိုင်မှု ကို လွှဲပြောင်းရောင်းချခြင်းမဟုတ်ဘဲ မြေငှားစာချုပ်ပါ မြေကွက် အကျယ် အဝန်းအတွင်း လုပ်ငန်းမျာကို စီမံခန့်ခွဲနိုင်ရန် အတွက်သာ နိုင်ငံ တော်က ဂရန် နှစ်အပိုင်းအခြား အလိုက် ငှားရမ်းပေးထားခြင်း ဖြစ် သည်။
”ကျွန်တော်တို့ အိုးအိမ်က ထုတ် ပေးထားတဲ့ ပါမစ်ဆိုရင်လည်း YCDC မှာ မြေငှားစာချုပ် (ဂရန်) သွားလျှောက်လို့ ရပါပြီ။ သူတို့ ဘက်မှာ အခက်အခဲရှိတယ်ဆိုရင် လည်း ကျွန်တော်တို့ ထုတ်ပေးတာ မှန်ခဲ့ရင် ဒီမြေချပါမစ် အမှန်ဖြစ် ကြောင်း အတည်ပြုပေးပါမယ်”ဟု ၎င်းက ပြောသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများတွင်လည်း ပုဒ်မခွဲ ၃၇ (က) ၌ ပြဋ္ဌာန်းထားချက်အရ နိုင်ငံ တော်သည် နိုင်ငံတော် နယ်နိမိတ် အတွင်းရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ အားလုံး ၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု အတိ အလင်းဖော်ပြထားသဖြင့် နိုင်ငံ တစ်ဝန်းရှိ မြေများ၏မူလပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူလူထုကို ပြန်လည်ကာ အငှားချထားပေးခြင်း သာ ဖြစ်သည်။
သို့သော် မြို့သစ်များရှိ မြေကွက် အများစုကို မြေငှားစာချုပ် (ဂရန်) များဖြင့် အရောင်းအဝယ် ပြုလုပ်ရာ တွင် လုပ်ထုံးလုပ်နည်းများ များပြား ခြင်း၊ နာမည်လွှဲပြောင်းရန်အတွက် စာရွက်စာတမ်း အဆင့်ဆင့် လိုအပ် ခြင်းတို့ရှိသည့်အတွက် ပွဲစားများ၊ ဝယ်ရောင်းများက မြေငှားစာချုပ် (ဂရန်) ထက် မိသားစုဓာတ်ပုံပါ မြေချ ပါမစ်များကိုသာ အများဆုံးအရောင်း အဝယ်ပြုလုပ်ကြပြီး ဈေးကွက်တွင် လည်း မြေကွက်တန်ဖိုးအလိုက် ဂရန် နှင့် မြေချပါမစ်ကြားတွင် ဈေးနှုန်း ကွာဟမှုများ ရှိနေကြောင်း အိမ်ခြံ မြေဈေးကွက်အတွင်းမှ သိရသည်။
”ဂရန်ကတော့ လုပ်ထုံးလုပ် နည်းတွေများတော့ အလုပ်ရှုပ်တယ်။ ပွဲစားတွေ၊ ဝယ်ရောင်းတွေက သိပ် မကြိုက်ကြဘူး။ မြေချပါမစ်ကတော့ အရောင်းအဝယ် စာချုပ်ချုပ်ပြီး အလွှဲ အပြောင်း လုပ်ကြတာများတယ်။ ဂရန်နဲ့ ပါမစ်ကတော့ ၁ဝ သိန်း လောက် အနည်းဆုံး ဈေးကွာတယ်။ ပါမစ်ကို လူကြိုက်များပြီး ဈေးလည်း ပိုရတယ်”ဟု အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန် က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties