By 7daydaily, Shweproperty.com
Updated at 26 February 2016
အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာပါက ပြည်တွင်းပုဂ္ဂ လိကဘဏ်များ အခက်အခဲများ စွာ ကြုံတွေ့နိုင်ကြောင်း ပထမ ပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌဒေါက်တာ စိန်မောင်က ပြောကြားသည်။
ပြည်တွင်းပုဂ္ဂလိကလုပ်ငန်း ရှင်များသည် ဘဏ်မှငွေချေးရာ တွင် အိမ်ခြံမြေများကိုသာ အာမ ခံအပေါင်းပစ္စည်းအဖြစ် ပေးထား ရသည်။ ဘဏ်များကို ထိုအပေါင်းပစ္စည်း၏ တန်ဖိုးပေါ်မူတည်ပြီး ချေးငွေပမာဏသတ်မှတ်၍ ထုတ်ချေးခြင်း ဖြစ်သည်။
ပြည်တွင်းပုဂ္ဂလိကဘဏ် များ၏ ဝင်ငွေဖြစ်သည့် ငွေချေး လုပ်ငန်းတွင် ဗဟိုဘဏ်က အာမခံအပေါင်ပစ္စည်းအနေဖြင့် မရွှေ့ပြောင်းနိုင်သော အိမ်ခြံမြေပိုင်ခွင့် တစ်မျိုးကိုသာ လက်ခံရန် ခွင့်ပြုထားသည်။ အိမ်ခြံမြေအပေါင်း ကို လက်ခံရာတွင်လည်း ကာလ တန်ဖိုးဖြင့်သာ တွက်ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှု ကြီးမားပါက ဘဏ်များတွင် အကျပ်အတည်းဖြစ်နိုင်သည်ဟု ၎င်းကရှင်းပြသည်။
‘‘ဘဏ်တွေက ဝမ်းနာ၊ ခေါင်းကိုက်ဈေးဖြတ်ပေမယ့် အ ပြိုင်အဆိုင်များတော့ ချေးငွေ ပမာဏများတယ်’’ဟု ဒေါက်တာ စိန်မောင်က ဆိုသည်။
ဘဏ်များက ပြည်တွင်းလုပ် ငန်းရှင်များအား ချေးငွေများထုတ် ပေးရာတွင် တစ်ဘဏ်နှင့်တစ် ဘဏ် အပြိုင်အဆိုင်များခြင်း ကြောင့် အာမခံထားသော အ ပေါင်ပစ္စည်းတန်ဖိုးမှ ရာဖြတ် ထားသည့် အတင်းအကျပ်ရောင်း ဈေးရာခိုင်နှုန်းကို အပြိုင်တိုးမြှင့် ပေးနေသည်။ အာမခံထားသော အပေါင်ပစ္စည်း၏ တန်ဖိုးတွင် ဘဏ်တစ်ခုက ၃၀ ရာခိုင်နှုန်းသာ ပေးသော်လည်း အခြားဘဏ်တစ် ခုက ၄၀ ရာခိုင်နှုန်းစသဖြင့် အပြိုင်တိုးမြှင့်ပေးလေ့ရှိကြောင်း ဒေါက်တာစိန်မောင်က ရှင်းပြသည်။
‘‘အိမ်ခြံမြေဈေးနှုန်းက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု မဝင်ရင် ဈေး ကထပ်ကျမယ့်အခြေအနေမျိုးပဲ။ အခုအချိန်မှာတော့ အားလုံးတက်ဈေး မိထားသင့်အတွက် တင်းခံနေ ကြတယ်’’ဟု မဏ္ဍိုင်အိမ်ခြံမြေအ ကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဦးသန်းဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ အိမ် ခြံမြေဈေးကွက်သည် တရုတ်နိုင်ငံမှ ပြည်ပသို့ ငွေလွှဲပို့မှုများ ကန့် သတ်လာခြင်း၊ ပြည်တွင်း၌လည်း ငွေကြေးခဝါချမှုများ စောင့်ကြည့် စစ်ဆေးမှုများရှိလာခြင်း၊ ဝင်ငွေ ရလမ်းမဖော်ပြနိုင်ဘဲ ဝယ်ယူမှု များအပေါ် အခွန်ငါးဆတိုးမြှင့် ခြင်းတို့ကြောင့် အေးနေကြောင်း အကျိုးဆောင်အချို့က ပြောကြား သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties