By Wut Yee Htun, Shweproperty.com
Updated at 23 September 2019
၂၀၁၉ - ၂၀၂၀ အခွန်ကောက်ဥပဒေကြမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉)ရက်နေ့ ၊ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ငွေတွေကို သက်သာတဲ့ နှုန်းထားဖြင့် အခွန်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။
ဥပဒေကြမ်းပူးပေါင်းကော်မတီက ငွေကျပ်သိန်း (၁၀၀၀) အောက်ကို (၃)ရာခိုင်နှုန်း၊ကျပ်သိန်း (၁၀၀၀) မှ (၃၀၀၀) အထိ (၅)ရာခိုင်နှုန်း၊ ကျပ်သိန်း (၃၀၀၀)မှ (၃၀၀၀၀)ထိကို (၁၅)ရာခိုင်နှုန်း၊ ကျပ်သိန်း (၃၀၀၀၀) အထက်ကို (၃၀)ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ အတည်ပြုလိုက်ပါတယ်။
အခုလိုမျိုး အခွန်ကောက်ခံမှုနှုန်းသိသိသာသာလျော့ချလိုက်ခြင်းဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် များစွာ အကျိုးရှိသလို၊ အခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခွန်ဆောင်ပြည်သူတွေအားလုံးအတွက်လည်း အကောင်းဘက်ကို ဦးတည်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းအသိုက်အဝန်းမှ များစွာဝမ်းမြောက် ကြိုဆိုကြပါတယ်။
အခွန်တွေလျော့ချလိုက်တာကြောင့်ဆာက်လုပ်ရေးလုပ်ငန်းတွေကောင်းစွာ လုပ်ငန်းလည်ပတ်လာနိုင်မယ့် အကြောင်းဆာက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။
“အခွန်က အရင်တုန်းက သိန်း(၃၀၀၀)ဆိုရင် (၉၀၀)ဆောင်ရမယ်၊ အခု ဆိုရင် (၁၅၀)ပဲ ဆောင်ရမှာဖြစ်တဲ့အတွက် လူတွေဟာ အိမ်တွေ အခန်းတွေ ဝယ်ဖို့ တာဆူနေပြီဖြစ်တယ်။အဲ့ဒါကြောင့် အရောင်းအဝယ်ကောင်းလာမယ်၊ အရောင်းအဝယ်တွေကောင်းလာတဲ့အတွက်ကြောင့်ဆာက်လုပ်ရေးသမားတွေဟာ အဆောက်အဦးတွေ ပိုပြီးဆောက်နိုင်မယ်။ဆာက်နိုင်တဲ့အတွက်ကြောင့် အလုပ်လက်မဲ့တွေအားလုံးကိုလည်းအလုပ်တွေ ပိုပေးနိုင်မယ်။” လို့ဆာက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးရှိန်ဝင်းဆိုပါတယ်။
“ငွေတွေအားလုံးဟာ Money Circulation ကျပ်ပိတ်နေတာဖြစ်ပါတယ်။ ဒီလှည့်ပတ်ငွေတွေကို လှည့်ပတ်နိုင်အောင် ဒီလိုမျိုးအခွန်လျော့ချခြင်းအားဖြင့်ငွတွေအားလုံး စီးဆင်းမယ်၊လှည့်ပတ်သွားမယ်ဆိုရင် လူတန်းစားအမျိုးမျိုး လုပ်ငန်းအမျိုးမျိုးအဆင်ပြေပြီးမှ ကနေ့ စီးပွားရေးဟာလည်း တစ်နေ့တစ်ခြား တိုးတက်လာမှာဖြစ်ပါတယ်။”
အဆိုပါ အခွန်ဥပဒေကြမ်းဟာ အောက်တိုဘာလ(၁)ရက်နေ့မှာ စတင်အကံျုးဝင်မှာဖြစ်ပြီးတော့ တစ်နှစ်သက်တမ်းရှိပါတယ်။ ယခုလက်ရှိမှာပဌာန်းထားတဲ့ အခွန်းနှုန်းထားတွေကတော့ ကျပ်သိန်း(၃၀၀)အောက်ကို (၁၅)ရာခိုင်နှုန်း၊ ကျပ်သိန်း (၃၀၀)နှင့် ကျပ်သိန်းတစ်ထောင်အထိကို (၂၀)ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်ကို (၃၀)ရာခိုင်နှုန်း ဆိုပြီး ကောက်ခံနေတာဖြစ်ပါတယ်။ အခွန်ဥပဒေအသစ်မှာပဌာန်းလိုက်တဲ့ အခွန်နှုန်းထားသိသိသာသာလျော့ချလိုက်တဲ့ အပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဝင်ငွေခွန် ဆောင်လေ့ဆောင်ထမရှိတဲ့ပည်သူတွေအတွက် အခွန်ဆောင်အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်ပါတယ်။
အိမ်ခန်းရောင်းဝယ်တဲ့ကိစ္စတွေ ပိုပြီးလှုပ်ရှားလာမယ်လို့ ယုံကြည်သူကတော့မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ရဲ့ ဒုဥက္ကဌ ဦးသန့်စိုးဖြစ်ပါတယ်။ “ရန်ကုန်မြို့မှာ အခန်းတွေဆာက်ခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီ၊ အိမ်ငှားစာချုပ်နဲ့ပဲနနေကြတာဟာ (၃)သိန်းလာက်ရှိတယ်၊ (၉၀)ရာခိုင်နှုန်းလောက်က မှတ်ပုံမတင်ထားဘူး။ (၃)သိန်းဆိုတာကလည်း အစိုးရမှတ်ပုံတင်ခွင့်မပြုတာကြောင့်လည်းရှိသလို၊ တစ်ချို့ကြတော့ ဒီအခွန်ငွေကုန်မှာစိုးလို့ မှတ်ပုံတင်မထားတဲ့လူတွေလည်း ရှိတာပေါ့။ ဒီလူတွေကလည်း ဒီဈေးနှုန်းနဲ့ဆိုရင်တော့ သိန်း(၅၀၀) သိန်း(၁၀၀၀)နဲ့ကိုယ့်နာမည်ပေါက်လေး လိုချင်တော့ အခုအခွန်ဈေးနှုန်းနဲ့ဆိုသက်သာသွားပြီလေ။င်ငံတော်အစိုးရအတွက် ဝယ်သူရောင်းသူအတွက်စ်ဦးနှစ်ဖက်ကောင်းလာဖို့ ရှိပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေဆိုသည်မှာ (၂၀၁၉)ခုနှစ်အောက်တိုဘာလ(၁)ရက်မတိုင်မီက စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေကို ဆိုလိုသည်ဟုလည်းကောင်း၊ အခွန်သက်သာခွင့်နှုန်းထားများသည် (၂၀၁၉)ခုနှစ်အာက်တိုဘာလ(၁)ရက်မှ (၂၀၂၀)ခုနှစ် စက်တင်ဘာလ(၃၀)ရက် အထိသာ အကျိုးသက်ရောက်စေရမည်ဟု ဥပဒေကြမ်းကော်မတီကနေ ပင်ဆင်ဖြည့်စွက်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ ဒါရဖို့အတွက်က အကြိမ်ကြိမ်အခါခါတင်ပြခဲ့တယ်၊ဒီအခွန်ကောက်ဥပဒေထွက်လာတာ ကျွန်တော်တို့အနေနဲ့ ပျော်တယ်လို့ ပြောရပါမယ်။ကျွန်တော်တို့အတွက်သက်သက်မဟုတ်ပါဘူး၊ စီးပွားရေး လုပ်ငန်းရှင်တွေအားလုံးအတွက် ပိုကောင်းတဲ့အပေါင်းလက္ခဏာဆောင်တဲ့ ဥပဒေတစ်ခုလို့ပဲ ပြောရမှာပေါ့။ထိုက်သင့်တဲ့ဟာတွေ အရောင်းအဝယ်တော့ဖြစ်လာမယ်၊ ဒါကြီးလျော့ချလိုက်လို့အရမ်းကြီး ဝုန်းတိုင်းကျဲ အရောင်းအဝယ်တွေဖြစ်၊ အိမ်ခြံမြေဈေးဖောင်းပွ အဲ့လိုမျိုးတော့ဖစ်ဖို့မရှိပါဘူး။
အခုအိမ်ဈေးကကျနေတော့ ကောင်းတဲ့နေရာလေးတွေ လိုချင်တဲ့နေရာလေးတွေမှာတော့ ဈေးနည်းနည်း တက်နိုင်တာပေါ့။ ကျွန်တော်တို့ထက်ပြီး အသစ်ထုတ်တာမရှိဘူးလေ၊ မူလ ရှိပြီးသား အိမ်တွေပဲရှိတယ်။ တကယ်လို့ နေရာကောင်းလေးတွေ ရှိရင်တော့ ဝယ်ယူသူတွေက အပြိုင်ဝယ်လာတာတွေ ရှိနိုင်တေ့ာနည်းနည်းပါးပါးတော့ တက်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဈေးတက်ဖို့ထက်ပုံမှန်လေးအရောင်းအဝယ်ဖစ်ဖို့ကို ပိုပြီး လိုလားတာပေါ့နော်။ ” လို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဆိုပါတယ်။
အခွန်က အိမ်ခြံမြေက (၃၀)ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်က (+၄)ရာခိုင်နှုန်းဆိုတော့ မြင့်တာကြောင့်လည်းဖြစ်သလို၊ စီးပွားရေးအားဖြင့် အိမ်ခြံမြေဟာ(၄)နှစ်ကျော်လောက် ငြိမ်နေရာကနေ အခု လက်ရှိအခွန်အပြောင်းအလဲဖြစ်တယ်ဆိုရင်တော့အကောင်းဘက်ကို ဦးတည်လာမယ်လို့မန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒါ်မို့မို့အောင်က ဆိုပါတယ်။
“ နံပါတ်(၁) အိမ်ခြံမြေပြန်လည် လှုပ်ခတ်လာမယ်၊နာက်တစ်ခုက ကျတော့ နာမည်မပြောင်းရသေးတဲ့သူတွေ အကုန်လုံးက အခွန်နှုန်းထားအရ (၁)ကျပ်ကနေ သိန်း(၁၀၀၀)ထိကို (၃)ရာခိုင်နှုန်းပဲဆိုတော့ တံဆိပ်ခေါင်းခွန်(၄)ရာခိုင်နှုန်းနဲ့ဆိုရင် (၇)ရာခိုင်နှုန်းပဲ ရှိတော့တာ ဆိုတော့ အခွန်ဆောင်တဲ့သူတွေ ပိုများလာနိုင်တယ်ပေါ့။
စီးပွားရေးကျနေတာမျိုးတွေပဲတွ့နေရတော့ အိမ်ခြံမြေ ဆိုလည်း မကောင်းဘူး၊အခွန်နှုန်းထားကမင့်တဲ့အခါကျတော့ ပိုဆိုးတာပေါ့နော်။ဒီအခွန်နှုန်းထားကျသွားမယ်ဆိုရင်ပန်ပြီးတော့မှ စီးပွားရေးလှုပ်ခတ်လာနိုင်တယ်လို့ ယူဆပါတယ်” ဟုမှတ်ချက်ပေးပါတယ်။
အခွန်ဥပဒေကြမ်းကို ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၅၇၀)အနက် ထောက်ခံဆန္ဒမဲ (၄၇၁)မဲ၊ကန့်ကွက်ဆန္ဒမဲ(၅၁)မဲ၊ ကြားနေမဲ (၃)မဲ၊ ဆန္ဒမဲအရေအတွက် (၅၂၅)မဲဖြင့် ထောက်ခံသူများတဲ့အတွက်ပည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
Written By : Wut Yee Htun (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties