By Yangon Media Group, Shweproperty.com
Updated at 18 July 2017
ကျောက်စရစ် စုပ်ထုတ်မှုများ ပိတ်ထားသည့်အတွက်ကြောင့် ရန်ကုန်အိမ်ဆောက် ပစ္စည်းဈေးကွက်အတွင်း ကျောက်စရစ်အဝင်နည်းပြီး ကျောက်စရစ် တစ်ကျင်းလျှင် ကျပ် ၈ဝဝဝဝ အထိ မြင့်တက်သွားခဲ့ပြီး ကျပ်တစ်သိန်း ကျော်အထိ ဆက်လက်မြင့်တက်လာ နိုင်ဖွယ်ရှိကြောင်း ရန်ကုန်အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေး အသိုင်းအဝိုင်းမှသိရသည်။ ရန်ကုန်အိမ်ဆောက်ပစ္စည်း ဈေးကွက်သို့ မြန်အောင်နှင့် အဖျောက်မြို့များမှ ကျောက်စရစ်များအဓိက ဝင်ရောက်လျက်ရှိပြီး လက်ရှိအချိန်တွင် ယင်းဒေသများ၌ ကျောက်စရစ် စုပ်ထုတ်မှုများကိုပိတ်ထားသည်အထိ စည်းကမ်းတင်းကျပ်မှုများ ရှိလာခဲ့ကာ ယခုဇူလိုင်လကုန်အထိ ဆက်လက်ပိတ်ပင်ထားဖွယ်ရှိ ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံး အပတ်အထိ ရန်ကုန်ဈေးကွက်အတွင်း ကျောက်စရစ်တစ်ကျင်းလျှင် ကျပ် ၇ဝဝဝဝ သာရှိခဲ့ရာမှ ယခုအခါ တစ်ကျင်းလျှင် ကျပ် ၈ဝဝဝဝ အထိမြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း ကျောက်စရစ်ဝင်ရောက်မှုမှာ ဇူလိုင်လကုန်အထိ နည်းပါးနိုင်ခြေရှိသည့်အတွက်ကြောင့် ကျောက်စရစ်တစ်ကျင်းလျှင် ကျပ်တစ်သိန်းကျော်အထိ ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိသည်။ မိဘမေတ္တာအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမှ မသီတာက ''ကျောက်စရစ်ကတော့ အဝင်နည်းတာကြောင့် ဈေးကတော့ သိသိသာသာတက်လာတယ်။ ကျောက်စရစ် စုပ်တဲ့ဒေသတွေမှာ ကျောက်စရစ် စုပ်ထုတ်တာကို အခုလကုန်အထိ ပိတ်ထားမယ်လို့သိရတယ်။ အဲဒါ ကြောင့် ဈေးကတော့အခုထက်ဆက် တက်လာနိုင်တယ်။ တစ်သိန်းကျော် လောက်အထိကို ရောက်လာနိုင်တယ်''ဟု ဇူလိုင် ၁၆ ရက်ကပြောသည်။ အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း ကျောက်စရစ်တစ်မျိုးတည်းသာ ဈေးနှုန်းအပြောင်းအလဲရှိပြီး ကျန်ပစ္စည်းများမှာ ဈေးနှုန်းပြောင်း လဲမှုမရှိဘဲတည်ငြိမ်နေကာ လက်ရှိ ဈေးကွက်အတွင်း လက်အုတ် တစ်လုံးလျှင် ကျပ် ၉ဝ ရှိပြီး စက်အုတ် (ရှစ်ပေါက်)တစ်လုံးလျှင် ကျပ် ၁၁ဝ ရှိကာ သဲဈေးနှုန်းများမှာလည်း တစ် ကျင်းလျှင် ကျပ် ၈ဝဝဝ ဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်းသိရသည်။ ဘိလပ်မြေဈေးနှုန်းများမှာ ဆင်တံဆိပ်(ယိုးဒယား)တစ်အိတ်လျှင် ကျပ် ၆၃ဝဝ၊ ဆင်တံဆိပ်(မြန်မာ)တစ်အိတ်လျှင် ကျပ် ၅၅ဝဝ၊ ကြံ့နှစ်ကောင်တံဆိပ်(အနီ) တစ်အိတ်လျှင် ကျပ် ၅၅ဝဝ၊ ကြံ့နှစ် ကောင်(အစိမ်း)တစ်အိတ်လျှင် ကျပ် ၅၂ဝဝ နှင့် Alpha တံဆိပ်ဘိ လပ်မြေတစ်အိတ်လျှင် ကျပ် ၅၇ဝဝ အထိ ဈေးနှုန်းအသီးသီးရှိကြောင်း သိရသည်။ ဒေါ်ငွေဝင်းနှင့်သားများ အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ကိုသန်းအောင်က ''ကျောက်စရစ် အဝင်နည်းတာကလည်း ကျောက်စရစ်စုပ်တဲ့ဘက်မှာ တင်းကျပ်လာလို့ ကျောက်စရစ်ဈေးက တက်လာတာပါ။ ကျောက်စရစ်ဈေးတက်ပေမယ့်ဝယ်တဲ့သူတွေကတော့ ဈေးတက်လည်း ဒီပစ္စည်းတွေက အိမ်ဆောက်တဲ့အခါ သုံးကိုသုံးရမယ့်အတွက် မဝယ်လို့မဖြစ်တာကြောင့် ဝယ်လိုအားကတော့ သူ့ဟာနဲ့သူရှိနေပါတယ်''ဟု ဇူလိုင် ၁၆ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယခုအခါ မိုးတွင်းကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း အရောင်းအဝယ်များ အေး နေကြောင်း သိရသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties