By The Kumudra, Shweproperty.com
Updated at 29 December 2015
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်ကို ဖွံဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာမှ အိမ်ခြံမြေဝယ်လိုအား၊ ရင်းနှီးမြှပ်နှံလိုသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလိုပါက အိမ်ခြံမြေဈေးကို ပြောင်းလဲသင့်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) မှာလည်း နီးကပ်လာပြီဖြစ်ကာ အစိုးရအသစ်ဖွဲ့စည်းဖို့လည်း မဝေးလှတော့တာကြောင့် (၂၀၁၆) ခုနှစ်အစမှာ မြင့်တက်နေတဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဈေးနှုန်းကို ထိန်းချုပ်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။
" အစိုးရအသစ် တက်လာတော့မယ်၊ အိမ်ခြံမြေလုပ်ငန်းတွေကိုလည်း အွန်လိုင်းအနေနဲ့ ပိုမိုလုပ်ကိုင်လာတာတွေလည်း ရှိပါတယ်၊ ဈေးကွက်ကတော့ အရင်ထက်စာရင် ပိုပြီးပွင့်လင်းလာတာကို တွေ့ရပါတယ်၊ နောက်နှစ်မှာဆိုရင် အိမ်ခြံမြေကို အွန်လိုင်းကနေ ရှာဖွေမှုနှုန်းဟာ (၃၀၀) ရာခိုင်နှုန်း ပိုများလာလိမ့်မယ်" လို့သိရပါတယ်။
အိမ်ခြံမြေဈေး မြင့်တက်ရတာဟာ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ဆက်တိုက်မြင့်တက်ခဲ့တာကြောင့် ငွေဈေးကျဆင်းမှုတွေကို ထိန်းချုပ်နိုင်ဖို့ အခြားသောရင်းနှီးမြှပ်နှံမှုတွေထက် အိမ်ခြံမြေဘက်မှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဝယ်လိုအားအနည်းငယ် ကျဆင်းသွားပေမယ့် အိမ်ခြံမြေဈေးတွေတော့ မကျဆင်းသေးပါဘူး။ ဒါကြောင့် အိမ်ခြံမြေဈေးကွက်ဟာ ဝယ်လိုအား အပြောင်းအလဲမရှိဘဲ သည်အတိုင်းဆက်သွားနေပါက ဆက်လက်မြင့်တက်ဖို့မရှိပဲ ဈေးငြိမ်သွားနိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူ တချို့က သုံးသပ်ပြောဆိုပါတယ်။
အခုနောက်ပိုင်းမှာတော့ အွန်လိုင်းအိမ်ခြံမြေ ဂဏ္ဍတွေဟာလည်း များပြားလာတာကြောင့် ဈေးကွက်ကို လူအများကလည်း ကြည့်ရှုလာနိုင်ပါတယ်။ ဒါကြောင့် အိမ်ရှာဖွေသူတွေနဲ့ အိမ်ရောင်းလိုသူတွေအတွက် ဈေးနှုန်းတွေကအစ မြင်နိုင်တာကြောင့် ဈေးကွက်ရဲ့ အခြေခံဈေးတွေကို အလွယ်တကူသိရှိနိုင်ပြီး ဈေးကစားတာလဲ သက်သာစေနိုင်ပါတယ်။ ဈေးနှုန်းပြိုင်ဆိုင်တာတွေလဲ ပေါ်ပေါက်လာနိုင်ပြီး သည်အပြိုင်အဆိုင်တွေကြောင့်ပဲ ဈေးနှုန်းတွေကို ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက်ကို ကန့်သတ်ချက်တွေ၊ ဥပဒေတွေနဲ့ ပိုမိုကောင်းမွန်အောင် ပြောင်းလဲလာတာကြောင့် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စိတ်ဝင်စားမှုတွေ များလာတယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Go-Myanmar
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties