By Myanmar Builders Guide, Shweproperty.com
Updated at 9 December 2019
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(MRPDA)ကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်၊ခြံ၊မြေပညာပေးသင်တန်းကို ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းအမှတ်စဉ်(၇/၂၀၁၉) အဖြစ်ဖွင့်လှစ်သင်ကြားမည့် ယင်းသင်တန်းကို သင်တန်းမတက်ရောက် ရသေးသည့် အသင်းဝင်များအားလုံးမပျက်မကွက် တက်ရောက်ရန်နှင့် စိတ်ပါဝင်စား သည့် အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့်လည်း အချိန်မီ အသင်းသားအဖြစ်ဝင်ရောက်ကာတက်ရောက်နိုင် ကြောင်း နှိုးဆော်ထားသည်။
သင်တန်းကို သုံးရက်ကြာသင်ကြားပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ဗဟန်းမြို့နယ်ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီစားသောက်ဆိုင်သီရိရတနာခန်းမ၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။သင်တန်းအချိန်မှာ မွန်းလွဲ ၁၂နာရီမှ ညနေ၅နာရီအထိ သင်ကြားပေးမည်ဖြစ်ရာ ဘာသာရပ်များအဖြစ် (၁)မြို့ပြမြေယာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊(၂)မြို့ပြကျေးရွာမြေယာဥပဒေ၊(၃) အခွန်အကြောင်းသိ ကောင်းစရာ၊(၄)လယ်မြေဥပဒေများ၊(၅)စာချုပ်စာတမ်းဥပဒေများ၊(၆)ဥပဒေဆိုင်ရာသိကောင်းစရာများ၊(၇)အကျိုးဆောင်ဥပဒေကြမ်း၊(၈)လူမှုဆက်ဆံရေး ပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဒေါ်လွင်လွင်မေ(ခ)ဘုတ်ဘုတ်ဖုန်း(095037488)၊ဒေါ်မြင့်မြင့်ဦး ဖုန်း(095064633)၊ဒေါ်သိန်းသိန်းဖုန်း(09450009690၊မင်္ဂလာဦးကျော်ဖုန်း(09448025742)၊ဦးညီညီဇော်ဖုန်း (0943171734)၊ဒေါ်ဝင်းသစ်နွယ်ဖုန်း(095073377)၊ဒေါ်မေသင်းခိုင်ဖုန်း(09250161271)၊ဒေါ်ခင်ခင်ညို(0943108291)၊ဒေါ်မိုးမိုးအောင် ဖုန်း(095074325)၊ဒေါ်သဇင်နီဖုန်း(09760081158)တို့ကို ဆက်သွယ်နိုင် ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties