By Myanmar Property Journal, Shweproperty.com
Updated at 13 August 2013
မြန်မာနိုင်ငံ၏ မြင့်တက်လာသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကြောင့် နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ပြည်တွင်းရှိ မြေကွက်ပိုင်ရှင်များထံ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံလာကြောင်း မြေကွက်ပိုင်ရှင်များထံမှ သိရှိရသည်။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားလာသည်နှင့်အညီ ပြည်တွင်း၌ ဟိုတယ်၊ ဆေးရုံ၊ ဈေးဝယ်စင်တာများအပြင် ကွန်ဒို လူနေတိုက်ခန်းများ တည်ဆောက်မှုတွင် ရန်ကုန်၊ မန္တ လေးမြို့ကြီးများရှိ အချက်အချာကျ မြေကွက်အကျယ် ပိုင်ရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် ရင်းနှီးမြှုပ်နှံလာ သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌ပါ စပ်မျိုးစပါးနှင့် စပ်မျိုးသီးနှံများကို အဆင့်မြင့် စိုက်ပျိုးရန် လယ်မြေများကိုပါ ငှားရမ်းလုပ်ကိုင်လာကြောင်းသိရသည်။
“အရင်ကဆို ပြည်ပကုမ္ပဏီတွေက အကျိုးဆောင်က တစ်ဆင့်ဒီ မှာမြေကွက်ဝယ်ကြတယ်၊ ဒါမှမဟုတ် အကျိုးတူပူးပေါင်းစနစ်နဲ့ ငှားရမ်း လုပ်ကိုင်ကြတယ်၊ အခုတော့ မြေဈေးတွေက မြင့်လာပြီ၊ ဒီတော့ ကြားခံ Service ကုမ္ပဏီကို မသုံးတော့ဘဲ မြေကွက်ရှင်ကို တိုက်ရိုက်ဆက်သွယ်လာကြတယ်”ဟု မရမ်းကုန်းမြို့နယ်ရှိ မြေ ကွက်ပိုင်ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းရှိ မြေကွက်ကျယ် ပိုင်ရှင်များထံ တိုက်ရိုက်ဆက်သွယ်ကာ အကျိုးတူပူးပေါင်းစနစ်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ပြည်ပလုပ်ငန်းရှင် အများစုမှာ စင်ကာပူနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး မြေပိုင်ရှင်များအနေဖြင့် မိမိတို့ပိုင်ဆိုင်သော မြေကွက်များကို ရိုးရိုးကန်ထရိုက်ပေးခြင်းနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းကို ချိန်ဆနေကြောင်း သိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties