By မင်းသီဟန်(အကုန်သိသတင်းဌာန), Shweproperty.com
Updated at 6 February 2019
တိုက်ခန်းအိမ်ရာဥပဒေသစ်တွင် ပိုင်ဆိုင်မှုစာအုပ်များ ထုတ်ပေးမည့်အပြင် ဘဏ်တွင်အပေါင်ပစ္စည်းအဖြစ် ထားရှိလာနိုင်မည်ဖြစ်ကြောင်း MKT ဆောက်လုပ်ရေးပိုင်ရှင် ဦးမျိုးမြင့် ပြောပြချက်အရ သိရသည်။
အိမ်ရာဥပဒေသစ်မှာ ပြည်ထောင်စုအဆင့်တွင် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအဆင့်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ မကြာခင် တင်ပြမည်ဖြစ်ကြောင်း သိရသည်။
“အခုကတော့ သိန်း ၁၀၀၀၊ ၁၅၀၀ အခန်းတွေ အရောင်းအဝယ် ပြန်ဖြစ်နေတယ်။ ပိုင်ဆိုင်မှုကတော့ ခိုင်မာဖို့ လိုချင်ကြတာပေါ့။ လတ်တလောက အရပ်စာချုပ်နဲ့ မှတ်ပုံတင်ထားတာပဲရှိတာလေ။ ဒါပေမဲ့ ကွန်ဒိုမီနီယံဥပဒေထွက်လာတော့ ဈေးကွက်က ပြန်ဖြစ်လာတယ်။ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဝယ်လာတဲ့သူတွေလည်း ရှိတယ်။ အခုဆိုရင် တိုက်ခန်းအိမ်ရာဥပဒေက ပြည်ထောင်စုအဆင့်မှာဆိုရင် ပြည်သူ့လွှတ်တော်ရောက်နေပြီ။ ရန်ကုန်တိုင်းဒေသကြီးအဆင့်ကတော့ အခု ရေးနေပြီ။ သုံးလေးခါ အစည်းအဝေးတွေလည်း လုပ်ပြီးပြီ။ မကြာခင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်မယ်။ ဒီဥပဒေတွေ ထွက်လာရင်တော့ မောင်ဖြူဆို မောင်ဖြူ သူဝယ်ထားတဲ့နာမည်နဲ့ စာအုပ်ထွက်လာမယ်။ သူပိုင်ဆိုင်တယ်။ အရောင်းကြီးကြပ်ရေးအဖွဲ့ ဆိုတာလည်း ပါလာမယ်။ နောက်လိုအပ်ရင် ဘဏ်မှာပေါင်လို့လည်း ရမယ်။ ပိုင်ဆိုင်မှု ခိုင်မာလာမယ့်သဘောပေါ့’’ ဟု MKT ဆောက်လုပ်ရေးပိုင်ရှင် ဦးမျိုးမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိုက်ခန်းပေါင်း သိန်းနှင့်ချီရှိနေပြီး ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း နှစ်လယ်ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် နှစ်ကုန်ပိုင်းတွင် သိန်းရာနှင့်ချီသော အခန်းများ၊ သိန်းတစ်ထောင်၊ နှစ်ထောင်အခန်းများ ပြန်လည်အရောင်းအဝယ်ဖြစ်လာကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။
Ref : မင်းသီဟန်(အကုန်သိသတင်းဌာန)
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties