By The Kumudra, Shweproperty.com
Updated at 3 August 2016
အိမ်ခြံမြေကို ရင်းနှီး့မြှုပ်နှံမှု တစ်ခုအနေနဲ့ မလုပ်ကြတော့တာက တင်းကျပ်လာနိုင်တဲ့ ဥပဒေ မူဝါဒတွေ။ လက်ရှိလုပ်ဆောင်နေတဲ့ စိစစ်မှုတွေကြောင့် နောက်ပိုင်းမှာ ဈေးကစားမှုတွေ ပျောက်သွားနိုင်တယ်လို့ သိရပါတယ်။
ကျောက်တံတားမြို့နယ်က အကျိုးဆောင် ဦးအောင်ကျော်က "ဝယ်ရောင်းဈေးကွက်ရှိနိုင်တယ်ဆိုပေမဲ့ ဈေးကစားတာတွေတော့ နည်းသွားနိုင်တယ်၊ ပုံမှန်ဈေးကွက်နဲ့ပဲ ဈေးကွက်က ပြန်ပြီး ခေါင်းပြန်မော့လာနိုင်တယ်၊ ဈေးကစားတဲ့ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးတွေက အခုလိုမတန်တဆ ဖြစ်နေတာ ၊ အခုချိန်တောင် ဈေးကွက်က အေးနေတာ နောက်ပိုင်းဆို ဈေးကွက်က ပုံမှန်ပြန်ဖြစ်လာမှာ" လို့ ပြောပါတယ်။
လက်ရှိမှာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ ပြုလုပ်သူတွေနည်းလာတာကြောင့် အရောင်းအဝယ်က တော်တာ်အေးနေတာပါ။ တကယ်နေမယ့် သူလောက်နဲ့ လိုအပ်တဲ့သူလောက်ပဲ ဝယ်တာမျိုးတွေရှိတယ်လို့ပြောပါတယ်။ စီမံကိန်းရှိလည်း ရင်းနှီးမြှုပ်နှံသူတွေက အရင်လို စိတ်ဝင်တစား ရှိကြပေမဲ့ ဝယ်ယူမှုတော့ မရှိတော့ပါဘူး။ အရင်ကလိုဝယ်ထားရင် မြတ်တယ်ဆိုတဲ့ အတွေးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူ နည်းသွားတယ် လို့ အကျိုးဆောင် တချို့က ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးထက်ကျော်က "တချို့တွေကတော့ ဖွံဖြိုးမှုတွေ ဖြစ်လာနိုင်တဲ့နေရာတွေကိုပဲ ရင်းနှီးမြှုပ်နှံထားကြတယ် ပြန်ရောင်းရင်မြတ် မှာပဲဆိုပြီး ဝယ်တဲ့သူတွေ သိပ်မရှိတော့ဘူး၊ အခုလို အရောင်းအဝယ် မကောင်းတဲ့အခါမှာ အမြတ်ရဖို့မသေချာတော့ ဝယ်ဖို့ကို စဉ်းစားချင့်ချိန်ပြီးမှပဲ ဝယ်ကြတော့တယ်" လို့ ပြောပါတယ်။
ချင့်ချိန်ပြီး ဝယ်ကြတယ်ဆိုတာက ဥပမာ စက်မှုဇုန်ကို အရင်ကဝယ်ကြတယ်။တကယ်လုပ်ငန်းလုပ်ဖို့ထက် ဈေးကစားဖို့ အမြတ်ရဖို့အတွက် ဝယ်ထားကြတယ်။အခုလို အချိန်မှာတော့ လုပ်ငန်းမလုပ်ဘဲ ထားတဲ့သူတွေကို ပြန်သိမ်းမယ်ဆိုတာကြောင့် အရောင်းအဝယ် မကောင်းတဲ့ အတွက် အမြတ်ရဖို့မသေချာတော့ ဝယ်ဖို့ မဝံ့မရဲ ဖြစ်ကြတယ်လို့သိရပါတယ်။
ရန်ကုန်မြို့တွင်းဈေးကွက်ကတော့ အတက်ဈေးနဲ့တန့်နေသလို မြို့စွန်တွေနဲ့ ဆင်ခြေဖုံးတွေ မြို့သစ်တွေရဲ့ ဈေးကလည်း ဈေးဆက်မြင့်လာနိုင်ခြေ မရှိနိုင်ဘူးလို့ သိရပါတယ် ။မြို့တွင်းနဲ့ဆက်စပ်မြို့နယ်တွေဆိုလည်း သွားရလာရလွယ်ကူနေတယ်ဆိုပေမဲ့ ရန်ကုန်မြို့တွင်းဈေးကွက်ကိုတော့ မလိုက်နိုင်ကြဘူလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက "မြို့သစ်လုပ်မယ့်နေရာတွေ မြို့စွန်းတွေ စီမံကိန်းးနေရာတွေကတော့ ဈေးကွက်ပြန်ဖြစ်ရင်တောင် ပုံမှန်ဈေးထက် အနည်းငယ်လောက်ဘဲ တက်နိုင်ခြေရှိတယ်၊ မြို့တွင်းဈေးကွက်ကတော့ အိမ်ခြံမြေဈေးကွက်ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် ဈေးအမြင့်နဲ့ပဲရှိနေဦးမှာ၊ ဈေးကစားတာတွေတာ့ ပျောက်သွားနိုင်တယ်၊ အငှါးထားသူတွေ၊ နေဖို့သူတွေ၊ လုပ်ငန်းလုပ် သူတွေလောက်ပဲ ဈေးကွက်ရှိနိုင်တယ်" လို့ပြောပါတယ်။
Ref : The Kumudra
Photo Credit : visualphotos
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties