By Myanmar Builders Guide, Shweproperty.com
Updated at 7 August 2019
၂၀၁၉ ခုနှစ်၏ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းအထိပိုမိုမြင့်တက်လာကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
ထို့အပြင် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း အချို့မြို့နယ်များတွင် ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်မှုများ ရှိခဲ့ပြီး အနိမ့်ဆုံးကျဆင်းခဲ့သည့် ဈေးကွက်သည် ပုံမှန်အနေအထားကိုပြန်လည်ရောက်ရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အကျိုးဆောင်အချို့ထံမှသိရသည်။
ပြီးခဲ့သည့်ဇွန်လဆန်းကထုတ်ပြန်လိုက်သည့် အိမ်၊ ခြံ၊ မြေ စံနှုန်းထားသတ်မှတ်ချက်သည် မြို့နယ်အများစုတွင် လျော့နည်းခဲ့သော်လည်း လက်ရှိဈေးကွက်အတွင်း အမှန်တကယ်အရောင်းအဝယ်ဖြစ်ပေါ်သည့် ဈေးနှုန်းသည် ယခင်နှစ်ထက် ပိုမိုမြင့်တက်ခဲ့ကြောင်း ဈေးကွက်ဈေးနှုန်းများအရ သိရသည်။
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်သည့် ၂၀၁၄ ခုနှစ်တွင် တရှိန်ထိုးမြင့်တက်ခဲ့ရာမှ တဖြည်းဖြည်းကျဆင်းပြီး ၂၀၁၈ ခုနှစ်တွင် အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့သည်။
ယခင်က သိန်း ၁၀၀၀ မြေများကို သိန်း ၅၀၀၀ အထိ ဈေးမြင့်တက်ခဲ့ရာမှ လက်ရှိတွင် ကျပ်သိန်း၂၅၀၀ လောက်အထိကျဆင်းသည့်ဈေးနှုန်းဖြင့် ပုံမှန်အနေထားသို့ရောက်ရှိလာပြီဖြစ်ကြောင်း အကျိုးဆောင်လုပ်ငန်းတချို့ထံမှသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties