By Sint Sint, Shweproperty.com
Updated at 20 March 2020
မြန်မာနိုင်ငံ၏ ထင်ရှားသည့် အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် ShweProperty.com က အိမ်ခြံမြေဝယ်ယူသူများ ယုံကြည်စိတ်ချရပြီး အရှုပ်အရှင်းကင်းစေရန် Buyer Registry Service ကို မတ် ၁၇ ရက်တွင် တရားဝင် မိတ်ဆက်လိုက်သည်။
ShweProperty.com တွင် အိမ်ရာဝယ်ယူသူများက မိမိတို့ဝယ်ယူသည့် အိမ်ခန်းသည် စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူနိုင်သည့် အိမ်ခန်းမျိုးဖြစ်သည်ကို ကိုယ်တိုင်စစ်ဆေးအတည်ပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ShweProperty.com ၏ တည်ထောင်သူနှင့် ဒါရိုက်တာ ဦးကောင်းသူဝင်းက ပြောသည်။
''ဝယ်ယူတဲ့သူတွေကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ကိုယ်တကယ်ဝယ်ဖို့ ဆုံးဖြတ်ထားတဲ့ အိမ်ခြံမြေဟုတ်မဟုတ်၊ ကိုယ်ပေးချေလိုက်တဲ့ ငွေကလည်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ShweProperty.com ရဲ့ ငွေလက်ခံဌာနကို ရောက်မရောက် စတာတွေကို စစ်ဆေးဖို့ ဖြစ်ပါတယ်''ဟု ဦးကောင်းသူဝင်းက ဆိုသည်။
အိမ်ခန်းဝယ်ယူသူများက မိမိဝယ်ယူမည့်အခန်းကို ShweProperty တွင် စရန်ငွေပေးသွင်းပြီးနောက် Booking ID နှင့် Buyer ID တို့ကို ShweProperty က သတ်မှတ်ပေးမည်ဖြစ်သည်။ ယင်းနောက် ဝယ်ယူသူက ShweProperty.com website ရှိ Booking ကဏ္ဍတွင် မိမိဝယ်ယူလိုက်သည့် အိမ်ခန်းနှင့်ပတ်သက်ပြီး အချက်အလက် အစုံအလင်ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
''ကျွန်တော်တို့ဆီမှာ အိမ်ရာဝယ်တဲ့သူတွေက သူတို့ဝယ်ယူလိုက်တဲ့ အိမ်ခန်းဟာ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်တဲ့ အိမ်ခန်းမျိုးဖြစ်ကြောင်းကို Buyer Registry ကနေ သိနိုင်မှာဖြစ်ပါတယ်။ Buyer Registry မှာဆိုရင် အိမ်ရာချေးငွေအတွက် ပြင်ဆင်ရမယ့် စာရွက်စာတမ်းပုံစံတွေ၊ ဘဏ်ကို ပေးသွင်းရမယ့် အချက်အလက် အစုံအလင်နဲ့ Payment Plan ပေးသွင်းရမယ့် အချိန်ဇယားတွေကိုပါ အသေးစိတ် ဖော်ပြပေးထားပါတယ်''ဟု ဦးကောင်းသူဝင်းက ပြောသည်။
ယင်းအပြင် စျေးကွက်ထဲတွင် အိမ်ခြံမြေနှင့် ပတ်သက်ပြီး အရှုပ်အရှင်းကိစ္စများ၊ အရောင်းအဝယ်ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းများ မကြုံတွေ့စေရန်နှင့် အဆိုပါပြဿနာများကို ကာကွယ်နိုင်စေရန် ရည်ရွယ်ကြောင်းလည်း ၄င်းက ဆိုသည်။
အဆိုပါ ဝန်ဆောင်မှုကဏ္ဍအသစ်ကို လွန်ခဲ့သည့် တစ်လခန့်က ShweProperty.com website တွင်စမ်းသပ်ခဲ့ပြီး ဝယ်ယူသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသည့်အပြင် ယုံကြည်စိတ်ချမှုလည်း ပိုမိုခိုင်မာလာခဲ့ကြောင်း ဦးကောင်းသူဝင်းက ဆိုသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties