By Myanmar Times, Shweproperty.com
Updated at 3 February 2015
ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင် ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ ယခင်အမျိုးသားစာကြည့်တိုက် အဆောက်အအုံ တည်ရှိရာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(ဦးပိုင်)အပိုင်ဖြစ်သော ကိုးဧကခန့် ကျယ်ဝန်းသည့် မြေနေရာ တွင် HSL GROUP ကုမ္ပဏီက Polo Club Asia Residents ကို ဆောက်လုပ်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူများကပြောသည်။
အဆိုပါ စီမံကိန်းကို တည်ဆောက်၊ လည်ပတ်၊ ရွှေ့ပြောင်း (BOT) စနစ်ဖြင့် နှစ် ၇၀ ငှားရမ်းကာလူနေအဆောက်အအုံများ၊ ရုံးခန်း အဆောက်အအုံများ၊ Service Apartment နှင့် ကြယ်ငါးပွင့်ဟိုတယ်တို့ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
"ံHSL GROUP ကုမ္ပဏီက Developer လုပ်ငန်းရှင်အနေနဲ့ ဒီစီမံကိန်းကို စတင် သွားမှာပါ။ စီမံကိန်းကို အကောင်အထည် ဖော်တဲ့နေရာမှာလည်း စင်ကာပူနိုင်ငံက Golden Glory Development ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းပြီး ဆောင်ရွက်သွား မှာပါ။ ဒီစီမံကိန်းကို အဆင့်သုံးဆင့်ခွဲပြီး လုပ်ဆောင်သွားမှာပါ။ ပထမအဆင့် မှာတော့ လူနေအခန်းတွေပါတဲ့ ၃၄ ထပ်မြင့်တဲ့ အဆောက်အအုံ နှစ်လုံး၊ ဒုတိယအဆင့် မှာ Grade A အဆင့် ရုံးခန်းတွေ၊ ServiceApartment တွေပါတဲ့ အဆောက်အအုံနဲ့ နောက်ဆုံးအဆင့်ကိုတော့ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး တည်ဆောက်သွားမှာပါ" ဟု ကုမ္ပဏီ အရောင်းမန်နေဂျာ မဝါဝါလှိုင် က မြန်မာတိုင်း(မ်)ကိုပြောသည်။
အဆိုပါ စီမံကိန်းကြီး တစ်ခုလုံးကို ခြောက်နှစ်ခန့် အချိန်ယူတည်ဆောက်သွား မည်ဖြစ်ပြီး လူနေအဆောက်အအုံမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လခန့်တွင် ပြီးစီးမည် ဖြစ်သည်။ လူနေအဆောက်အအုံတွင်လူနေအခန်းပေါင်း ၃၇၃ ခန်းပါရှိမည်ဖြစ်ပြီး အခြားဝန်ဆောင်မှုများလည်း ထည့်သွင်း တည်ဆောက်ထားကာ မြေညီထပ်တွင် ဈေးဝယ်စင်တာများ ပါရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အထပ်မြင့် အဆောက်အအုံ လေးလုံးကို လည်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပြီး ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ် တစ်လုံးကို အမျိုးသား စာကြည့်တိုက် အဆောက်အအုံနေရာတွင် တည်ဆောက် သွားမည်ဖြစ်သည်။
"လောလောဆယ်မှာ ဟိုတယ်အတွက် ကုမ္ပဏီက စီမံနေတုန်းပါပဲ။ အရင်အဆောက် အအုံအဟောင်းကိုပဲ ပြန်လည်ပြင်ဆင်ပြီး တည်ဆောက်မလား၊ ဒါမှမဟုတ် အသစ်ပြန် ဆောက်မလားဆိုတာကို စဉ်းစားနေပါ တယ်။ ဟိုတယ်ကတော့ နောက်ဆုံးအဆင့်ဆိုတော့ သူ့အပိုင်းကို အချိန်ယူပြီး စီစဉ်သွားမှာပါ" ဟု မဝါဝါလှိုင်က ပြောသည်။
လက်ရှိတွင် ယခင်အမျိုးသားစာကြည့် တိုက်အဆောက်အအုံတွင် မြေညီထပ်အရောင်းပြခန်းနှင့်Polo Club Asia Residents ၏ အလုပ်ရုံးခန်းများရှိပြီး အဆောက်အအုံ၏ ငါးထပ်မှ ခုနစ်ထပ်အထိ Western Park စားသောက်ဆိုင်ကို ငှားရမ်း သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
လူနေအဆောက်အအုံတွင် ပါရှိသည့် အခန်းများအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လအတွင်းကအရောင်းပြခန်းဖွင့်လှစ်ကာ အခန်းများကို စတင်ရောင်းချခဲ့ပြီး တစ်လ အတွင်း ကြိုတင်မှာယူသူများနှင့် အခန်း ဝယ်ယူသူများထံ အခန်း ၉၀ ခန့် ရောင်းချ ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အခန်းဈေးနှုန်းများမှာ တစ်စတုရန်းပေ လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ဖြစ်ပြီး အခန်းအကျယ်များမှာ စတုရန်းပေ ၇၀၀ ကျော်မှ ၂,၆၀၀ ကျော်ထိ အမျိုးအစားစုံ ရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။ ထို့ပြင် အခန်းများရောင်းချရာတွင် ကုမ္ပဏီမှမြေနေရာကို ငှားရမ်းကာ တည်ဆောက်သည့်အတွက် နိုင်ငံခြား သားများသာမက ဒေသခံနေထိုင်သူ များကိုပါ အငှားစာချုပ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း မဝါ ဝါလှိုင်ကပြောသည်။ လက်ရှိတွင် လူနေအဆောက်အအုံ နှစ်လုံးအတွက် ဆောက်လုပ်ရေး လုပ်ငန်းစတင် ဆောင်ရွက်နေပြီဖြစ် သည်။
စီမံကိန်းတစ်ခုလုံး၏ တည် ဆောက်ရေးပိုင်းကို တရုတ်နိုင်ငံမှ China State Constructionကုမ္ပဏီက ဆောက်လုပ်သွားမည်ဖြစ်ပြီး ဗိသုကာ၊ အဆောက်အအုံအတွင်း ဒီဇိုင်း၊ စီမံကိန်းစီမံခန့်ခွဲမှုနှင့် အင်ဂျင်နီယာလုပ်ငန်းများ ကို စင်ကာပူကုမ္ပဏီအဖွဲ့အစည်းများ လုပ်ဆောင်သွားမည် ဖြစ်သည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties