By News Week Journal, Shweproperty.com
Updated at 13 May 2015
ရန်ကုန်မြို့မှ ကန်ထရိုက်တိုက်အချို့ရှိ အဝီစိရေတွင်းများမှ ရေမထွက်တော့သဖြင့် ပြန်လည်တူးဖော်နေရကြောင်း သိရသည်။
အဝီစိရေတွင်းများမှ ရေများထွက်ရှိမလာတော့ခြင်းကို အထူးသဖြင့် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ နှင့် လသာမြို့နယ်တို့တွင် အဖြစ်များပြီး အဝီစိရေတွင်းအချို့မှာ ရေငန်များပါရှလာခြင်းကြောင့် အသုံးပြု၍မရတော့ဘဲ ရေတွင်းသစ်များထပ်မံတူးဖော်နေရကြောင်း သိရသည်။
ရပ်ကွက်များတွင် ကန်ထရိုက်တိုက်များ အပြိုင်အဆိုင်ဆောက်လုပ်ကြခြင်း၊ မူလအဝီစိရေတွင်း တူးစဉ်က ရေတိမ်မှာ ရေထွက်သည်နှင့် ဆက်လက်မတူးဖော်တော့ပဲ ရေတွင်းရေ အသုံးပြုကြခြင်း၊ ပေနက်နက်မတူးခြင်း တို့ကြောင့် ကန်ထရိုက်တိုက်များမှ အဝီစိတွင်းများ ရေမထွက်ခြင်းဖြစ်ကြောင်း သိရသည်။ အလွန်ပူပြင်းသည့် နွေရာသီဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားရကြောင်း နှင့် မိုးတွင်းကာလကိုရောက်ရှိပါက ပုံမှန်အတိုင်းရေကြော ပြန်လည်ရှာဖွေတွေ့ရှိကာ ရေပြန်ထွက်နိုင်ကြောင်း သိရသည်။
နွေရာသီမှာ အလွန်ပူသောကြောင့် အခန်းတိုင်းရေသုံးစွဲမှု ပိုမိုလာသဖြင့် အဝီစိတွင်းရေ လျော့နည်းမှုလည်း ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့မှ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပြီး အဝီစိတွင်းရေ တူးဖော်ရာတွင် ယခင်က ပေ(၁၀၀)မှ ပေ (၃၀၀) အတွင်း နေရာပေါ်မူတည်၍ တူးဖော်ခဲ့ရပြီး နောက်ပိုင်းဆောက်လုပ်သော တိုက်သစ်များတွင် ပေ (၃၀၀) မှ ပေ (၄၀၀) အထိတူးဖော်ရကြောင်း သိရသည်။
Ref : News Week Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties