By Myanmar Times, Shweproperty.com
Updated at 23 June 2015
အိမ်ခြံမြေဈေးကွက်မှာ ပိုင်ဆိုင်မှုအတွက် စာရွက်စာတမ်းတွေ အတုလုပ်ကြတာ၊ ပိုင်ဆိုင်မှုမှာ နှစ်ဦးနှစ်ယောက်ဖြစ်နေလို့ အငြင်းပွားကြရတာတွေဟာ အမြဲတမ်းမဟုတ်ပေမယ့်မကြာခဏတွေ့ရ ၊ကြားရတတ်တဲ့ ပြဿနာတွေဖြစ်ကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
ဒီလိုတွေဖြစ်တတ်တယ်ဆိုတာကိုလည်း အိမ်မြေအရောင်းအဝယ်လုပ်ကြသူတွေ အနေနဲ့ ကြားဖူးနားဝရှိနေကြတဲ့အထဲ မှာ ဒီအဖြစ်အပျက်တွေဟာ ဖြစ်ပျက် နေဆဲဖြစ်တာကြောင့် ပိုင်ဆိုင်ခွင့်ကိစ္စရပ်ဟာ အမြဲသတိထားလုပ်ဆောင်သွားရမယ့် ကိစ္စဖြစ်ကြောင်း အတွေ့အကြုံရင့်တဲ့ အိမ်မြေအကျိုးဆောင် အများစုက ပြောပါတယ်။
ဝယ်ပြီးမှ ပိုင်ဆိုင်မှုအထောက်အထား ဟာ နောက်တစ်ယောက်မှာလည်း ရှိနေ တတ်တာကို အိမ်ခြံမြေလောကမှာ အတွေ့ အကြုံရင့်ကျက်တဲ့သူတွေတောင်မှ အခန့်မသင့်တဲ့အခါ ကြုံတွေ့ရတာမျိုးရှိတယ် လို့ သိရပါတယ်။
ဒီလိုအဖြစ်အပျက်မျိုး ကို တတ်နိုင်သမျှရှောင်လွှဲနိုင်ဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ အကျိုးဆောင်တွေရဲ့ ကဏ္ဍဟာ များစွာအရေးပါနေပါတယ်။
အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် မြေအမျိုးအစား၊ အမွေဆိုင်လား၊တစ်ဦးတည်းပိုင်လား၊ အပေါင်အနှံအရှုပ်အရှင်းရှိ ထားလား စတဲ့ကိစ္စရပ်တွေကို စေ့စေ့ငုငုသိရှိဖို့ လိုအပ်သလို ပိုင်ဆိုင်မှုစာရွက် စာတမ်းအဆင့်ဆင့်မှာ ဘာတွေရှိဖို့ လိုအပ်တယ်ဆိုတာမျိုးကို တတ်ကျွမ်းတဲ့ အကျိုးဆောင်တွေက ကူညီဆောင်ရွက်ပေး နိုင်ကြပါတယ်။
ဒီကြားထဲမှာမှကံမကောင်း အကြောင်းမလှစွာနဲ့ ပိုင်ဆိုင်မှု အငြင်း ပွားရတာမျိုးကြုံနိုင်သေးပေမယ့် ကိုယ့်ဘက် ကလည်း ခိုင်လုံမှုကောင်းကောင်း နဲ့ ရင်ဆိုင်နိုင်မှာဖြစ်တယ်လို့ အတွေ့ အကြုံရှိသူတွေကပြောပါတယ်။ လတ်တလောမှာ အရှုပ်အရှင်းများနိုင် တဲ့ မြေအမျိုးအစားတွေက ရွာမြေအမျိုး အစားတွေဖြစ်ကြောင်းလည်း ဈေးကွက် သတင်းတွေအရ သိရပါတယ်။
ရွာမြေနဲ့ တချို့ စိုက်ပျိုးမြေတွေဟာ ငွေအရင်းအနှီးမများတဲ့အတွက် ငွေတတ်နိုင်သူတွေက ကံစမ်းတဲ့ သဘောနဲ့ ဝယ်ကြတာမျိုးရှိသလို တစ်ပိုင်တစ်နိုင်တတ်နိုင်တဲ့သူကလည်းကိုယ်နိုင်တဲ့ ငွေပမာဏဖြစ်တယ် ဆိုပြီး မြေပိုင်ဆိုင်ချင်တဲ့စိတ်ဇောနဲ့ဝယ်ယူတတ်ကြပါတယ်။
ဒီနေရာမှာ ပိုင်ဆိုင်မှု အထောက်အထားမပါဘဲ အရပ်ကတိစာချုပ်တွေနဲ့ ချုပ်ဆိုအလုပ်လုပ်ကြတာတွေလည်း များစွာတွေ့ရကြောင်း သိရပါတယ်။
အကျိုးအမြတ် များများရနိုင်တဲ့ လုပ်ငန်းတွေမှာ အိမ်ခြံမြေလုပ်ငန်းဟာ ထိပ်တန်းစာရင်းထဲမှာ ပါပေမယ့် အမှား အယွင်းဖြစ်ရင် ရှင်းလင်းရမှာ ခက်ခဲတာ ကြောင့် အရောင်းအဝယ်လုပ်တဲ့အခါ တတ်ကျွမ်းသူတွေနဲ့ အလုပ်လုပ်သင့်တယ် လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။ Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties