By 7daydaily, Shweproperty.com
Updated at 26 May 2015
ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အေးနေ၍ ဝယ်ယူရင်း နှီးမြှုပ်နှံထားသူများလာကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိ သည်။
‘‘ပိုင်ရှင်တွေက ဈေးကွက် အေးတာကြာလာတော့ ပေါက် ဈေးထက်ဈေးကိုလျှော့ရောင်း လာကြတယ်။ ဈေးကွက်တစ်ခု လုံး အခြေအနေကတော့ အေးနေ ဆဲပဲ’’ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ဦးသန်းဦးကပြောသည်။
လက်ရှိပြည်တွင်းအိမ်ခြံမြေ ဈေးကွက်သည် အစိုးရကဝင်ငွေ ခွန်နှုန်းထား ပြောင်းလဲပေးမှု ကြောင့် တန်ဖိုးနည်းကျပ်သိန်းရာဂဏန်းရှိသော မြေကွက်နှင့်ခြံမြေ များ အနည်းငယ်အရောင်းအဝယ် ရှိနေသည်။ ယင်းမြေကွက်များ သည် မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံရှိ မြေကွက်များဖြစ်ပြီး ပါမစ်မြေကွက်များဖြစ်ကြောင်း သိရသည်။
‘‘အများစုကတော့ ချမ ရောင်းကြပါဘူး။ တောင့်မခံနိုင် တဲ့သူတွေပဲ ဈေးကိုလျှော့ရောင်း နေတာ။ လျှော့ရောင်းတာမှာ လည်း မြေကွက်တွေထက်တိုက် ခန်းတွေက ပိုများတယ်’’ဟု စိုင်း ခွန်နောင် အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင်ဦးစိုင်းခွန်နောင်က ပြော ကြားသည်။
ဈေးချရောင်းသူများသည် အေးစက်နေသော ဈေးကွက်အခြေအနေကို ထပ်မံမစောင့်နိုင်တော့သဖြင့် ရောင်းချကြခြင်းဟု အကျိုးဆောင်များက သုံးသပ်နေကြသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်၌ရွေးကောက်ပွဲရှိသဖြင့် လာမည့်နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအဝယ်ပြန်ကောင်းလာနိုင်မည်ဟု အကျိုးဆောင်များက မျှော်လင့်နေကြသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွင်း အိမ်ခြံမြေရောင်းဝယ်မှုအ ပေါ် ကောက်ခံသောဝင်ငွေခွန် အ ခွန်နှုန်းထားများတွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိ အ ရောင်းအဝယ်ပြုလုပ်လျှင် ဝင်ငွေ ခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ် ထောင့်တစ်ကျပ်မှ ကျပ်သိန်းငါး ထောင်အထိ ဝင်ငွေခွန် ၅ ရာခိုင် နှုန်း၊ ကျပ်သိန်းငါးထောင့်တစ်ကျပ် မှ ကျပ်သိန်းတစ်သောင်းလျှင် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်း တစ်ကျပ်မှ ကျပ်သိန်းတစ်သောင်း ခွဲလျှင် ၂၀ ရာခိုင်နှုန်းနှင့်ကျပ်သိန်း တစ်သောင်းခွဲတစ်ကျပ်မှအထက် လျှင် ၃၀ ရာခိုင်နှုန်း ကောက်ခံ မည်ဖြစ်သည်။
ယခင်ဘဏ္ဍာနှစ် ၂၀၁၄-၁၅ တွင် အိမ်ခြံမြေပေါ်ကောက်ခံ သော အခွန်နှုန်းထားမှာတစ်ကျပ် မှ ကျပ်သိန်းငါးရာအထိ အခွန် ၃ ရာခိုင်နှုန်း၊ သိန်းငါးရာ့တစ်ကျပ် မှ ကျပ်သိန်းတစ်ထောင်လျှင် ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင့် တစ်ကျပ်မှတစ်ထောင့်ငါးရာလျှင် ၁၀ ခိုင်နှုန်း၊ကျပ်သိန်းတစ်ထောင့်ငါးရာ့တစ်ကျပ်မှ ကျပ်သိန်းသုံး ထောင်လျှင် ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်းသုံးထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။
ထိုသို့အခွန်နှုန်းထားလျှော့ ချပေးမှုကြောင့် အိမ်ခြံမြေအကျိုး ဆောင်များက ဈေးကွက်ကောင်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း ယနေ့အချိန်အထိ အိမ်ခြံမြေဈေးကွက်မှာ အေးစက်နေဆဲ ဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties