By 7daydaily, Shweproperty.com
Updated at 28 May 2015
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကိန်းများ လုပ်ဆောင်ရာ တင်ဒါခေါ်ယူမှုများတွင် အကျင့်ပျက်ခြစားသည့် ဝန်ထမ်းများကို အရေးယူခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ဦးကျော်လင်းက ပြောသည်။
" ရာထူးကိုအဆင့်ချတယ်၊ ပြောင်းရွှေ့တယ်။ ခေါ်ပြီး သတိပေးမျိုးတွေ ပြင်းပြင်းထန်ထန်လုပ်ပါတယ်"ဟု ဦးကျော်လင်းက ဆိုပါယတ်။
အထူးသဖြင့် လမ်းတံတားစီမံကိန်းများ တင်ဒါခေါ်ယူမှုများတွင် မမှန်မကန်လုပ်ဆောင်သည့် ဝန်ထမ်းများကို တိတိကျကျအရေးယူထားကြောင်း ဦးကျော်လင်းက ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ခေါ်ယူသည့်တင်ဒါများတွင် မမှန်မကန်လုပ်ဆောင်သည့် ဝန်ထမ်းများကို တိတိကျကျအရေးယူထားကြောင်း ဦးကျော်လင်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ခေါ်ယူသည့် တင်ဒါများတွင် မမှန်မကန်လုပ်ဆောင်သဖြင့် တိုင်ကြားမှုများ ရှိလာသောကြောင့် စစ်ဆေးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားပြီး အရေးယူထားသည့် ဝန်ထမ်းပမာဏကိုမူ ပြောကြားခြင်းမရှိပေ။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အခြားဝန်ကြီးဌာနများထက် စီမံကိန်းလုပ်ဆောင်ရန် တင်ဒါခေါ်ယူမှု လွန်စွာများပြားသည့် ဌာနတစ်ခုဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အများဆုံးတင်ဒါ အောင်မြင်လိုသည့် ဌာနတစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က တောင်ပေါ်မြို့လမ်းပိုင်းတစ်ခုတွင် တင်ဒါမကြေငြာမီကပင် ကုမ္ပဏီတစ်ခုက ၎င်းတို့ရရှိသဖြင့် လုပ်ကိုင်ခွင့်ရပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာသဖြင့် ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းပေးရသည့် ဖြစ်စဉ်တခု ပေါ်ပေါက်ခဲ့ဖူးသည်။
ထို့ပြင်မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ လမ်းပိုင်းများတင်ဒါခေါ်ယူရာတွင် မမှန်မကန်လုပ်ဆောင်သောကြောင့် မကျေနပ်သည့်လုပ်ငန်းရှင်ဘက်က တိုင်ကြားသဖြင့် ပြန်လည်စစ်ဆေး အရေးယူရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ဖူးကြောင်း တင်ဒါများတွင် ဝင်ရောက်ပြိုင်ဆိုင်လေ့ရှိသူ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"မြန်မာနိုင်ငံမှာက တင်ဒါနဲ့ပတ်သက်လာရင် ဆောက်လုပ်ရေးမှ မဟုတ်ပါဘူး၊ တခြားဌာနတွေလည်း မရိုးမဖြောင့်လုပ်တာတွေ အများကြီးပါ။ ဒါပေမယ့် တချို့ဌာနတွေက ဘယ်လိုတိုင်တိုင် ဘာအသံမှ ထွက်မလာဘူး"ဟု ၎င်းလုပ်ငန်းရှင်က ပြောပါသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties