By Myanmar Times, Shweproperty.com
Updated at 29 April 2015
ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်မြို့နယ်များ အတွင်း အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ရရှိရန် ဆောက်လုပ်ခွင့်အမှုတွဲ လျှောက် ထားမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က စိစစ်ခွင့်ပြုလျက်ရှိပြီး လျှောက်ထားသူများမှာ လက်ရှိတွင် မြို့တော်စည်ပင်ရုံးစိုက်ရာ မြို့တော်ခန်းမတွင် လာရောက်လျှောက်ထားရသည် သို့သော် မြို့စွန်မြို့နယ်များ၊ ဆင်ခြေဖုံး မြို့နယ်များက လာလျှောက်ထားသူများ အများ အပြား ရှိသည့်အတွက် မြို့တော်ခန်းမသို့လာရောက်လျှောက်ထားခြင်းသည် ခရီးဝေးကွာခြင်းကြောင့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း လျှောက်ထားသူများ က ပြောဆိုလာ သည့်အတွက် ဧပြီလ ၂ ရက်နေ့မှ စတင်ခါ သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၌ တွဲဖက်ဖွင့်လှစ်ထားသည့် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာရုံးများတွင် ဆောက်လုပ်ခွင့် အမှုတွဲများကို စိစစ်လက် ခံဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ "ဧပြီ ၂ ရက်နေ့ကစပြီး ဆောက်လုပ်ခွင့် အမှုတွဲတွေကို သက်ဆိုင်ရာမြို့နယ်တွေက စည်ပင်ရုံးတွေမှာ လက်ခံပေးတော့မှာပါ။ မြို့ထဲနဲ့ဝေးတဲ့မြို့နယ်က လျှောက်ထားမယ့် ကန်ထရိုက်တာတွေက မြို့တော်ခန်းမအထိ လာစရာမလိုတော့ဘဲ ကိုယ်နဲ့နီးစပ်မယ့်မြို့နယ်တွေ မှာလျှောက်လို့ရပါပြီ။ မြို့ထဲပတ်ဝန်းကျင်က သူတွေကတော့ မြို့တော်ခန်းမမှာပုံမှန်အတိုင်းလျှောက် လို့ရပါတယ်" ဟု အင်ဂျင်နီယာဌာန(အဆောက်အအုံ) ၏ ဒုတိယဌာနမှူး ဦးနေဝင်းက ပြောသည်။ အဆိုပါ ဆောက်လုပ်ခွင့်အမှုတွဲများကို သက်ဆိုင်ရာမြို့နယ် စည်ပင်ရုံးများတွင် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များ ၌ နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီ အတွင်း လျှောက် ထားနိုင်မည်ဖြစ်သည်။ အဆိုပါ ဆောက်လုပ်ခွင့်ပါမစ်ရရှိရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက လာရောက်လျှောက်ထားမှုများသည် ရန်ကုန် တစ်မြို့လုံးအတိုင်းအတာဖြင့် နှစ်စဉ်မြင့်တက် လာခဲ့သည့်အတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် One Stop Services ဝန်ဆောင်မှု ပေးနိုင်ရန် မြို့တော်ခန်းမ အတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ပြီး၊ အွန်လိုင်း လျောက်ထားမှုများကို ပြုလုပ်ခဲ့သည်။ ဓဥညန ှအသစ ှနမလငခနဓ ဝန်ဆောင်မှုမှာ အဆင်ပြေခဲ့သော်လည်း အမှုတွဲလက်ခံသည့် နေရာမှာ တစ်နေရာတည်းသာရှိခြင်းနှင့် အွန်လိုင်းဝန်ဆောင်မှုမှာလည်း အင်တာနက် လိုင်းများ နှေးကွေးမှုများကြောင့် လျှောက်ထား သူများက ပိုမိုဖြေလျှော့ပေးရန်တောင်း ဆိုမှုများရှိသည့်အတွက် ယခုကဲ့သို့ သက်ဆိုင် ရာမြို့နယ်စည်ပင်ရုံးများသို့ လွဲပြောင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ သင်္ဃန်း ကျွန်းမြို့နယ် ထွန်းသစ် ဆောက် လုပ်ရေးကုမ္ပဏီ၏ပိုင်ရှင်က သက်ဆိုင်ရာမြို့ နယ်များကို လွှဲပြောင်းပေးပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး ယခင် မြို့တော်ခန်းမတွင် သွားရောက်လျှောက် ထားမှုမှာ နှောင့်နှေးမှုများစွာရှိခဲ့ကြောင်း ပြောသည်။ "ရန်ကုန်တစ်မြို့လုံးက မြို့တော်ခန်းမ မှာပဲ ဆောက်လုပ်ခွင့်တင်ရတော့ အလု အယက်နဲ့ တိုးဝှေ့ပြီးတင်ရပါတယ်။ ဆောက်လုပ် ခွင့်ရဖို့အတွက် တစ်ခါတလေ အမှုတွဲတစ်ခုကို ရှစ်ခါလောက် ပြန်တင်ရတယ်။ခဏခဏ တင်ရတော့ တစ်နှစ်လောက်ကြာမှ ပါမစ်ရတယ်။ အခု ကိုယ်နဲ့နီးစပ်ရာမှာ တင်ရမယ်ဆို အချိန်ကုန် တော်တော်သက်သာသွားမယ်" ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၄ ခုနှစ် တစ်နှစ်တာအတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်ပေါင်း ၇,၀၀၀ ခန့် စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ယင်း ဌာနက သတင်းထုတ်ပြန်သည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties